နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အငှားဝယ်ချေးငွေရယူ၍ မော်တော်ယာဉ်ဝယ်ယူထားပြီး အကြေပြန်လည်ပေးဆပ်ခြင်းမရှိသူများကို လာရောက်ညှိနှိုင်းရန် အသိပေး

 401

NP News - ဇန်နဝါရီ ၁၅

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ အငှားဝယ်ချေးငွေရယူ၍ မော်တော်ယာဉ်ဝယ်ယူထားပြီး အကြေပြန်လည်ပေးဆပ်ခြင်းမရှိသူများကို လာရောက်ညှိနှိုင်းရန် အဆိုပါဘဏ်က အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်အနေဖြင့် မော်တော်ယာဉ်များကို လစဉ်အရစ်ကျ ငွေပေးချေသောစနစ်ဖြင့် ဝယ်ယူပေးခြင်းဖြစ်သော အငှားဝယ်ချေးငွေစနစ်လုပ်ငန်းအား ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဆန္ဒဘုန်းပြည့်မိသားစုကုမ္ပဏီလီမိတက်(ခ)ဆန္ဒဘုန်းပြည့်မြန်မာ ဂရုအော့ဖ်ကုမ္ပဏီလီမိတက်မှ ချိတ်ဆက်ဆောင်ရွက်ခဲ့သည့် အငှားဝယ်ယူသူများသည် ချေးငွေများကို အကြေပြန်လည်ပေးဆပ်ခြင်းမရှိကြောင်း အဆိုပါဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် သက်ဆိုင်ရာတရားရုံးအသီးသီးတွင် အငှားဝယ်ယူသူများနှင့် အခွင့်ရဆက်သွယ်သူကုမ္ပဏီအား ဥပဒေနှင့်အညီ တရားစွဲဆိုထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများနှင့် ယာဉ်မှတ်ပုံတင်စာအုပ်မူရင်းများသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်တွင် အာမခံအဖြစ် ထားရှိသောကြောင့် အငှားဝယ်ချေးငွေများဘဏ်သို့ ပြေကြေစွာပေးဆပ်ခြင်းမရှိမီအထိ မော်တော်ယာဉ်များသည် ဘဏ်၏ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိကြောင်း (၅)ကြိမ် အသိပေးကြော်ငြာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါမော်တော်ယာဉ်များနှင့် ပတ်သက်၍ ရောင်းမှား/ဝယ်မှား မဖြစ်စေရေးနှင့် နစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက် အငှားဝယ်ချေးငွေရယူပြီး မော်တော်ယာဉ် ဝယ်ယူထားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မော်တော်ယာဉ်လက်ဝယ်ရှိသူများသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်(ရုံးချုပ်နှင့် ဘဏ်ခွဲ) အသီးသီးသို့ ရုံးချိန်အတွင်း လာရောက်ညှိနှိုင်းရန် အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္မွ အငွားဝယ္ေခ်းေငြရယူ၍ ေမာ္ေတာ္ယာဥ္ဝယ္ယူထားၿပီး အေၾကျပန္လည္ေပးဆပ္ျခင္းမရွိသူမ်ားကို လာေရာက္ညႇိႏႈိင္းရန္ အသိေပး

NP News - ဇန္နဝါရီ ၁၅

ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္မွ အငွားဝယ္ေခ်းေငြရယူ၍ ေမာ္ေတာ္ယာဥ္ဝယ္ယူထားၿပီး အေၾကျပန္လည္ေပးဆပ္ျခင္းမရွိသူမ်ားကို လာေရာက္ညႇိႏႈိင္းရန္ အဆိုပါဘဏ္က အသိေပးထုတ္ျပန္ထားသည္။

ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္အေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ားကို လစဥ္အရစ္က် ေငြေပးေခ်ေသာစနစ္ျဖင့္ ဝယ္ယူေပးျခင္းျဖစ္ေသာ အငွားဝယ္ေခ်းေငြစနစ္လုပ္ငန္းအား ေဆာင္ ႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ဆႏၵဘုန္းျပည့္မိသားစုကုမၸဏီလီမိတက္(ခ)ဆႏၵဘုန္းျပည့္ျမန္မာ ဂ႐ုေအာ့ဖ္ကုမၸဏီလီမိတက္မွ ခ်ိတ္ဆက္ေဆာင္႐ြက္ခဲ့သည့္ အငွားဝယ္ယူသူမ်ားသည္ ေခ်းေငြမ်ားကို အေၾကျပန္လည္ေပးဆပ္ျခင္းမရွိေၾကာင္း အဆိုပါဘဏ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔ေၾကာင့္ သက္ဆိုင္ရာတရား႐ုံးအသီးသီးတြင္ အငွားဝယ္ယူသူမ်ားႏွင့္ အခြင့္ရဆက္သြယ္သူကုမၸဏီအား ဥပေဒႏွင့္အညီ တရားစြဲဆိုထားၿပီးျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္မ်ားႏွင့္ သက္ဆိုင္သည့္ စာခ်ဳပ္စာတမ္းမ်ားႏွင့္ ယာဥ္မွတ္ပုံတင္စာအုပ္မူရင္းမ်ားသည္ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္တြင္ အာမခံအျဖစ္ ထားရွိေသာေၾကာင့္ အငွားဝယ္ေခ်းေငြမ်ားဘဏ္သို႔ ေျပေၾကစြာေပးဆပ္ျခင္းမရွိမီအထိ ေမာ္ေတာ္ယာဥ္မ်ားသည္ ဘဏ္၏ပိုင္ဆိုင္မႈအျဖစ္ ဆက္လက္တည္ရွိေၾကာင္း (၅)ႀကိမ္ အသိေပးေၾကာ္ျငာခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါေမာ္ေတာ္ယာဥ္မ်ားႏွင့္ ပတ္သက္၍ ေရာင္းမွား/ဝယ္မွား မျဖစ္ေစေရးႏွင့္ နစ္နာဆုံးရႈံးမႈမရွိေစေရးတို႔အတြက္ အငွားဝယ္ေခ်းေငြရယူၿပီး ေမာ္ေတာ္ယာဥ္ ဝယ္ယူထားသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေမာ္ေတာ္ယာဥ္လက္ဝယ္ရွိသူမ်ားသည္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ရွိ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္(႐ုံးခ်ဳပ္ႏွင့္ ဘဏ္ခြဲ) အသီးသီးသို႔ ႐ုံးခ်ိန္အတြင္း လာေရာက္ညႇိႏႈိင္းရန္ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.