တရားမဝင် မှောင်ခို စက်သုံးဆီဈေးကွက် ကြီးထွားလာပြီး အမြတ်များစွာ ရရှိနေ

 2924

NP News - ဇန်နဝါရီ ၁၉

ပြည်တွင်းရှိ လက်နက်ကိုင်တိုက်ပွဲများရှိရာဒေသများ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်ရာ နေရာများသို့ စက်သုံးဆီ သယ်ဆောင်ခွင့်ကန့်သတ်ထားရာ တရားမဝင်လိုင်း‌ကြေးပေးပြီး သယ်ယူရောင်းချနေရ‌ ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သတ်မှတ်ပေါက်ဈေးများ ထုတ်ပြန်ရောင်းချပေးနေသော်လည်း မြို့ကြီးများ တွင်သာ သက်သာသောဈေးဖြင့်ရရှိနိုင်ပြီး ကျန်နယ်မြို့နယ်များတွင် တဆင့်ခံရောင်းချရခြင်းကြောင့် ဈေးမတည် ငြိမ်‌ကြောင်း နှင့် လက်နက်ကိုင်အဖွဲ့များက ကောက်ခံသောငွေများ‌ကြောင့် ဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်ပေါ် နေရကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကိုင်းအထက်ပိုင်းမှာ စက်သုံးဆီ အဝင်ကို ပြည်မဘက်က သယ်ဆောင်‌ရောင်းချခွင့် ကန့်သတ်ထားတာ။ နယ်စပ်ကနေ ဝင်လာတဲ့ကားတွေရော တရာမဝင်ရှောင်ကွင်းလမ်းတွေက သယ်လာတဲ့ဆီတွေရော အကုန်လုံး ဈေးတက်နေတာ ဆီရောင်းတဲ့သူတွေကတော့ အမြတ်အရကြမ်းတာပေါ့။ ရန်ကုန်ဈေးနဲ့ယှဉ်ရင် ဆယ်ဆတစ်ဆ လောက်ကွာတယ်လေ။ တရားဝင်ပြည်တွင်းမှာ အထိုင်ဈေးနဲ့ရောင်းမယ့်အစား တိုင်းရင်းသားနယ်မြေတွေကို သွားရောင်းရင် ပိုမြတ်တာပေါ့” ဟု ရန်ကုန်အတွင်း အဓိကရောင်းချသူ ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စက်သုံးဆီတင်သွင်းရောင်းချမှုသည် လက်ရှိအချိန်တွင် တရားဝင် ဆီဆိုင်များနှင့် တားမြစ်နယ်မြေများသို့ တဆင့်ခံ တင်ပို့ရောင်းချသူများဟု၍ ဈေးကွက်နှစ်မျိုးဖြစ်ထွန်းလာပြီး တားမြစ်နယ်မြေများသို့ သွားရောက်ရောင်းချသူများ မှာ တရားဝင်နယ်မြေများတွင်ရောင်းချမှုများထက် နှစ်ဆကျော်ခန့်အမြတ် ပိုမိုရရှိနေကြောင်း သိရသည်။
MNDAA၊ TNLA နှင့် KIA ထိန်းချုပ်ရာဒေများသို့ စက်သုံးဆီများ သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ကား(၂၂)စီး အပါအဝင် ဆီဂါလံပေါင်း(၆၀၀၀၀)ကျော်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ထို့အတူ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ တင်ပို့ရောင်းချသူများ ရှိနေဆဲဖြစ်ပြီး ကုန်းလမ်းကသာမက ရေကြောင်းလမ်းများဖြင့်ပါ အသုံးပြု‌သယ်ဆောင်နေ‌ကြောင်း စက်သုံးဆီဈေးကွက်အတွင်းရှိ သတင်းအရင်းအမြစ်များအရ သိရသည်။

Zawgyi Version;
‌တရားမဝင္ ေမွာင္ခို စက္သုံးဆီေဈးကြက္ ႀကီးထြားလာၿပီး အျမတ္မ်ားစြာ ရရွိေန
NP News - ဇန္နဝါရီ ၁၉

ျပည္တြင္းရွိ လက္နက္ကိုင္တိုက္ပြဲမ်ားရွိရာေဒသမ်ား ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားထိန္းခ်ဳပ္ရာ ေနရာမ်ားသို႔ စက္သုံးဆီ သယ္ေဆာင္ခြင့္ကန႔္သတ္ထားရာ တရားမဝင္လိုင္း‌ေၾကးေပးၿပီး သယ္ယူေရာင္းခ်ေနရ‌ ေၾကာင္း သိရသည္။
တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ သတ္မွတ္ေပါက္ေဈးမ်ား ထုတ္ျပန္ေရာင္းခ်ေပးေနေသာ္လည္း ၿမိဳ႕ႀကီးမ်ား တြင္သာ သက္သာေသာေဈးျဖင့္ရရွိႏိုင္ၿပီး က်န္နယ္ၿမိဳ႕နယ္မ်ားတြင္ တဆင့္ခံေရာင္းခ်ရျခင္းေၾကာင့္ ေဈးမတည္ ၿငိမ္‌ေၾကာင္း ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားက ေကာက္ခံေသာေငြမ်ား‌ေၾကာင့္ ေဈးႏႈန္း ပိုမိုျမင့္တက္လာျခင္းျဖစ္ေပၚ ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“စစ္ကိုင္းအထက္ပိုင္းမွာ စက္သုံးဆီ အဝင္ကို ျပည္မဘက္က သယ္ေဆာင္‌ေရာင္းခ်ခြင့္ ကန႔္သတ္ထားတာ။ နယ္စပ္ကေန ဝင္လာတဲ့ကားေတြေရာ တရာမဝင္ေရွာင္ကြင္းလမ္းေတြက သယ္လာတဲ့ဆီေတြေရာ အကုန္လုံး ေဈးတက္ေနတာ ဆီေရာင္းတဲ့သူေတြကေတာ့ အျမတ္အရၾကမ္းတာေပါ့။ ရန္ကုန္ေဈးနဲ႔ယွဥ္ရင္ ဆယ္ဆတစ္ဆ ေလာက္ကြာတယ္ေလ။ တရားဝင္ျပည္တြင္းမွာ အထိုင္ေဈးနဲ႔ေရာင္းမယ့္အစား တိုင္းရင္းသားနယ္ေျမေတြကို သြားေရာင္းရင္ ပိုျမတ္တာေပါ့” ဟု ရန္ကုန္အတြင္း အဓိကေရာင္းခ်သူ ဆီဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
စက္သုံးဆီတင္သြင္းေရာင္းခ်မႈသည္ လက္ရွိအခ်ိန္တြင္ တရားဝင္ ဆီဆိုင္မ်ားႏွင့္ တားျမစ္နယ္ေျမမ်ားသို႔ တဆင့္ခံ တင္ပို႔ေရာင္းခ်သူမ်ားဟု၍ ေဈးကြက္ႏွစ္မ်ိဳးျဖစ္ထြန္းလာၿပီး တားျမစ္နယ္ေျမမ်ားသို႔ သြားေရာက္ေရာင္းခ်သူမ်ား မွာ တရားဝင္နယ္ေျမမ်ားတြင္ေရာင္းခ်မႈမ်ားထက္ ႏွစ္ဆေက်ာ္ခန႔္အျမတ္ ပိုမိုရရွိေနေၾကာင္း သိရသည္။
MNDAA၊ TNLA ႏွင့္ KIA ထိန္းခ်ဳပ္ရာေဒမ်ားသို႔ စက္သုံးဆီမ်ား သယ္ေဆာင္ေရာင္းဝယ္မႈျပဳလုပ္ေနသူမ်ားကို ကား(၂၂)စီး အပါအဝင္ ဆီဂါလံေပါင္း(၆၀၀၀၀)ေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ထို႔အတူ ရခိုင္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းအထက္ပိုင္းသို႔ တင္ပို႔ေရာင္းခ်သူမ်ား ရွိေနဆဲျဖစ္ၿပီး ကုန္းလမ္းကသာမက ေရေၾကာင္းလမ္းမ်ားျဖင့္ပါ အသုံးျပဳ‌သယ္ေဆာင္ေန‌ေၾကာင္း စက္သုံးဆီေဈးကြက္အတြင္းရွိ သတင္းအရင္းအျမစ္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.