အိန္ဒိယနှင့် တရုတ် ဆိုလာစွမ်းအင်ပြိုင်ဆိုင်မှုတွင် အာဆီယံနိုင်ငံများ ပါဝင်လာ

 882

NP News - ဇန်န၀ါရီ ၂ဝ

အာရှတိုက်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ပြိုင်ဆိုင်မှုအတွင်း အာဆီယံနိုင်ငံများကိုပါ ပါဝင်လာ‌ ကြောင်း နိုင်ငံပိုင်ကြေးမှုံသတင်းစာ၏ ဖေါ်ြပချက်များအရ သိရသည်။
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားရောက်သောသတင်းမီဒီယာအဖွဲ့သည့် နိုင်ငံတကာနေစွမ်းအင်မဟာမိတ်သို့ သွားရောက်လေ့လာခဲ့ပြီး နိုင်ငံပေါင်း ၂၁၀ ကျော်ပါဝင်သည့် နေစွမ်းအင်အသုံးပြုမှုဆိုင်ရာ ပညာရပ်များကို လေ့လာ ခဲ့‌‌ကြောင်း သိရသည်။
“မြန်မာပြည်မှာ သုံးတဲ့ ဆိုလာနည်းပညာတွေအကုန်လုံးက တရုတ်နဲ့ အိန္ဒိယကနေ တင်သွင်းရောင်းချတာပါ။ ကမ္ဘာမှာလဲ နေစွမ်းအင်ကို အသုံးအများဆုံးက အာရှတိုက်ကဖြစ်လာဖို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်” ဟု အစိမ်းရောင်စွမ်းအင်ကုမ္ပဏီမှ ကိုဇေယျာက ပြောသည်။
အာဆီယံ‌ဒေသအတွင်း အသုံးပြုသော ဆိုလာနည်းပညာနှင့်ဆက်စပ်ပစ္စည်းများသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ထုတ်လုပ်သော ဘတ္ထရီ၊ အင်ဗာတာ နှင့် ဆိုလာအပြားများ အများဆုံးဖြစ်သည်။
နိုင်ငံတကာနေစွမ်းအင်မဟာမိတ် (International Solar Alliance- ISA) အဖွဲ့သည် ပြင်သစ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ ၂၀၁၅ခုနှစ်တွင်ပူးတွဲတည်ထောင်ပြီး နေ‌ရောင်ခြည်စွမ်းအင်သုံးစွဲမှုမြင့်တင်ရေးအတွက် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အိႏၵိယႏွင့္ တ႐ုတ္ ဆိုလာစြမ္းအင္ၿပိဳင္ဆိုင္မႈတြင္ အာဆီယံႏိုင္ငံမ်ား ပါဝင္လာ
NP News - ဇန္န၀ါရီ ၂ဝ

အာရွတိုက္အတြင္း ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာစနစ္ ၿပိဳင္ဆိုင္မႈအတြင္း အာဆီယံႏိုင္ငံမ်ားကိုပါ ပါဝင္လာ‌ ေၾကာင္း ႏိုင္ငံပိုင္ေၾကးမႈံသတင္းစာ၏ ေဖၚျပခ်က္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံမွ အိႏၵိယႏိုင္ငံသို႔ သြားေရာက္ေသာသတင္းမီဒီယာအဖြဲ႕သည့္ ႏိုင္ငံတကာေနစြမ္းအင္မဟာမိတ္သို႔ သြားေရာက္ေလ့လာခဲ့ၿပီး ႏိုင္ငံေပါင္း ၂၁၀ ေက်ာ္ပါဝင္သည့္ ေနစြမ္းအင္အသုံးျပဳမႈဆိုင္ရာ ပညာရပ္မ်ားကို ေလ့လာ ခဲ့‌‌ေၾကာင္း သိရသည္။
“ျမန္မာျပည္မွာ သုံးတဲ့ ဆိုလာနည္းပညာေတြအကုန္လုံးက တ႐ုတ္နဲ႔ အိႏၵိယကေန တင္သြင္းေရာင္းခ်တာပါ။ ကမာၻမွာလဲ ေနစြမ္းအင္ကို အသုံးအမ်ားဆုံးက အာရွတိုက္ကျဖစ္လာဖို႔ ပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္” ဟု အစိမ္းေရာင္စြမ္းအင္ကုမၸဏီမွ ကိုေဇယ်ာက ေျပာသည္။
အာဆီယံ‌ေဒသအတြင္း အသုံးျပဳေသာ ဆိုလာနည္းပညာႏွင့္ဆက္စပ္ပစၥည္းမ်ားသည္ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔မွ ထုတ္လုပ္ေသာ ဘတၳရီ၊ အင္ဗာတာ ႏွင့္ ဆိုလာအျပားမ်ား အမ်ားဆုံးျဖစ္သည္။
ႏိုင္ငံတကာေနစြမ္းအင္မဟာမိတ္ (International Solar Alliance- ISA) အဖြဲ႕သည္ ျပင္သစ္ႏိုင္ငံ ႏွင့္ အိႏၵိယႏိုင္ငံတို႔ ၂၀၁၅ခုႏွစ္တြင္ပူးတြဲတည္ေထာင္ၿပီး ေန‌ေရာင္ျခည္စြမ္းအင္သုံးစြဲမႈျမင့္တင္ေရးအတြက္ စတင္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.