အလုပ်ရှင်ဟောင်းကို ကလဲ့စားချေရန် ရည်ရွယ်ချက်ဖြင့် ငါးနှစ်အရွယ်ကလေးကို သတ်ဖြတ်ရန်ကြိုးပမ်းမှု တောင်တွင်းကြီးတွင် ဖြစ်ပွား

 1273

စော (NP News)- ဇန်နဝါရီ ၂ဝ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယခင်အလုပ်ပိုင်ရှင်၏ ငါးနှစ်အရွယ်ကလေးငယ်ကို သတ်ဖြတ်ရန်ကြိုးစားခဲ့သည့် အမျိုးသားကို ဖမ်းမိထားကြောင်း မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့၊ ညနေ (၃)နာရီခန့်တွင် KG တန်းတက်နေသော မောင်စွမ်းပြည့်အောင်ကို အဆိုပါအမျိုးသားက အိမ်အထိလိုက်ပို့မည်ဆိုကာ ဆိုင်ကယ်ဖြင့် လိမ်လည်ခေါ်ဆောင်သွားခဲ့ပြီး တောနက်သို့ ရောက်သည့်အခါ ကလေးငယ်အား ၎င်း၏ အင်္ကျီဖြင့် လည်ပင်းကို စည်းညှစ်ခဲ့သဖြင့် ကလေးငယ် သတိမေ့ချိန်တွင် အသက်ရှိ/မရှိ ဆေးလိပ်မီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်က တောထဲတွင် အော်ငိုသည့် ကလေးငယ်ကို ထင်းခုတ်သမားက တွေ့ရှိခဲ့ပြီး ကလေးငယ်က မိဘဖြစ်သူ ဦးမြင့်ဇော်ဌေးအိမ်ကို လိုက်ပို့ပေးရန်ပြောဆိုခဲ့သဖြင့် ၎င်း၏ ရင်ခွင်ထဲမှာထည့်ကာ မိဘအိမ်ကို လိုက်ပို့ပေးခဲ့ကြောင်း သိရသည်။

“လူသူကင်းမဲ့တဲ့တောကြီးထဲလည်းရောက်ကော သားငယ်ကို အဲဒီအင်္ကျီချွတ်ပြီးတော့ သူ့အင်္ကျီနဲ့လည်ပင်းကို သေအောင်စည်းပြစ်တာတဲ့ သားငယ်ကလည်း သေယောင်ဆောင်ရတာ။ ဒီကောင် သေလောက်ပြီဆိုတော့ သားငယ်ကို ပစ်ထားခဲ့တာ။ သားငယ်ကလည်း အဲဒါကိုဖြည်ရင်းနဲ့ မေ့သွားခဲ့တာ။ သားကတော့ မဖြည်နိုင်ဘူးတဲ့။ မဖြည်နိုင်လို့ အိပ်ပျော်သွားတာတဲ့ မေ့တယ်လို့မပြောတတ်ဘူး။ အဲဒါကိုမှ သူက ကလေး သေ/မသေဆိုပြီးတော့ ဆေးလိပ်မီးနဲ့ထိုးထားတဲ့ဒဏ်ရာတွေ တွေ့တယ်။ ရှိတယ်” ဟု ကလေးငယ်၏ မိခင်က NP News ကို ပြောသည်။
လက်ရှိတွင် အသက် ငါးနှစ်အရွယ် မောင်စွမ်းပြည့်အောင်ကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် (စိုးရိမ်ရ ဒဏ်ရာဖြင့်) ဆေးကုသမှုခံယူနေရပြီး ကလေးငယ်အခြေအနေမှာ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေကြောင်း သိရသည်။
“ကျွန်မတို့က အကြောင်းသိတယ်။ သူကို့ပြန်မလွှတ်မှ ရမှာ။ သူက ကလဲ့စားချေဖို့။ သူက ကျွန်မအိမ်မှာ ဝန်ထမ်းလုပ်ဖူးတယ်။ သူလွှတ်မှာကို ကျွန်မတို့က ကြောက်တယ်။ ဒီလိုလုပ်ထားရင် လွှတ်လာရင် သတ်တော့ မှာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ကလေးငယ်အား သတ်ပြစ်ရန်ကြိုးစားခဲ့သူမှာ ရဲမင်းထက် ဆိုသူဖြစ်ကာ ၎င်းသည် ကလေးငယ်၏ မိဘလုပ်ငန်း ပွဲရုံ တွင် နှစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ဆတ်သွားနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

Zawgyi Version;
အလုပ္ရွင္ေဟာင္းကို ကလဲ့စားေခ်ရန္ ရည္႐ြယ္ခ်က္ျဖင့္ ငါးႏွစ္အ႐ြယ္ကေလးကို သတ္ျဖတ္ရန္ႀကိဳးပမ္းမႈ ေတာင္တြင္းႀကီးတြင္ ျဖစ္ပြား
ေစာ (NP News)- ဇန္နဝါရီ ၂ဝ

မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ ယခင္အလုပ္ပိုင္ရွင္၏ ငါးႏွစ္အ႐ြယ္ကေလးငယ္ကို သတ္ျဖတ္ရန္ႀကိဳးစားခဲ့သည့္ အမ်ိဳးသားကို ဖမ္းမိထားေၾကာင္း မိသားစုဝင္ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၇ ရက္ေန႔၊ ညေန (၃)နာရီခန႔္တြင္ KG တန္းတက္ေနေသာ ေမာင္စြမ္းျပည့္ေအာင္ကို အဆိုပါအမ်ိဳးသားက အိမ္အထိလိုက္ပို႔မည္ဆိုကာ ဆိုင္ကယ္ျဖင့္ လိမ္လည္ေခၚေဆာင္သြားခဲ့ၿပီး ေတာနက္သို႔ ေရာက္သည့္အခါ ကေလးငယ္အား ၎၏ အက်ႌျဖင့္ လည္ပင္းကို စည္းညႇစ္ခဲ့သျဖင့္ ကေလးငယ္ သတိေမ့ခ်ိန္တြင္ အသက္ရွိ/မရွိ ေဆးလိပ္မီးျဖင့္ ထိုးခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ ဇန္နဝါရီလ ၁၈ ရက္က ေတာထဲတြင္ ေအာ္ငိုသည့္ ကေလးငယ္ကို ထင္းခုတ္သမားက ေတြ႕ရွိခဲ့ၿပီး ကေလးငယ္က မိဘျဖစ္သူ ဦးျမင့္ေဇာ္ေဌးအိမ္ကို လိုက္ပို႔ေပးရန္ေျပာဆိုခဲ့သျဖင့္ ၎၏ ရင္ခြင္ထဲမွာထည့္ကာ မိဘအိမ္ကို လိုက္ပို႔ေပးခဲ့ေၾကာင္း သိရသည္။

“လူသူကင္းမဲ့တဲ့ေတာႀကီးထဲလည္းေရာက္ေကာ သားငယ္ကို အဲဒီအက်ႌခြၽတ္ၿပီးေတာ့ သူ႔အက်ႌနဲ႔လည္ပင္းကို ေသေအာင္စည္းျပစ္တာတဲ့ သားငယ္ကလည္း ေသေယာင္ေဆာင္ရတာ။ ဒီေကာင္ ေသေလာက္ၿပီဆိုေတာ့ သားငယ္ကို ပစ္ထားခဲ့တာ။ သားငယ္ကလည္း အဲဒါကိုျဖည္ရင္းနဲ႔ ေမ့သြားခဲ့တာ။ သားကေတာ့ မျဖည္ႏိုင္ဘူးတဲ့။ မျဖည္ႏိုင္လို႔ အိပ္ေပ်ာ္သြားတာတဲ့ ေမ့တယ္လို႔မေျပာတတ္ဘူး။ အဲဒါကိုမွ သူက ကေလး ေသ/မေသဆိုၿပီးေတာ့ ေဆးလိပ္မီးနဲ႔ထိုးထားတဲ့ဒဏ္ရာေတြ ေတြ႕တယ္။ ရွိတယ္” ဟု ကေလးငယ္၏ မိခင္က NP News ကို ေျပာသည္။
လက္ရွိတြင္ အသက္ ငါးႏွစ္အ႐ြယ္ ေမာင္စြမ္းျပည့္ေအာင္ကို ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံတြင္ (စိုးရိမ္ရ ဒဏ္ရာျဖင့္) ေဆးကုသမႈခံယူေနရၿပီး ကေလးငယ္အေျခအေနမွာ သတိရတစ္ခ်က္၊ မရတစ္ခ်က္ျဖစ္ေနေၾကာင္း သိရသည္။
“ကြၽန္မတို႔က အေၾကာင္းသိတယ္။ သူကို႔ျပန္မလႊတ္မွ ရမွာ။ သူက ကလဲ့စားေခ်ဖို႔။ သူက ကြၽန္မအိမ္မွာ ဝန္ထမ္းလုပ္ဖူးတယ္။ သူလႊတ္မွာကို ကြၽန္မတို႔က ေၾကာက္တယ္။ ဒီလိုလုပ္ထားရင္ လႊတ္လာရင္ သတ္ေတာ့ မွာ”ဟု ၎က ဆက္လက္ေျပာသည္။
ကေလးငယ္အား သတ္ျပစ္ရန္ႀကိဳးစားခဲ့သူမွာ ရဲမင္းထက္ ဆိုသူျဖစ္ကာ ၎သည္ ကေလးငယ္၏ မိဘလုပ္ငန္း ပြဲ႐ုံ တြင္ ႏွစ္ႏွစ္ခန႔္ အလုပ္လုပ္ကိုင္ခဲ့သူျဖစ္ၿပီး လက္ရွိတြင္ ဆတ္သြားနယ္ေျမရဲစခန္းတြင္ ဖမ္းဆီးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.