လမုန့်ကြော်ငြာမှာ လမုန့်ထုတ်လုပ်တဲ့နိုင်ငံကို မှားယွင်းပြောဆိုခြင်းကြောင့် တရုတ် online shop (Multichannel Network) တစ်ခု ဒဏ်ရိုက်ခံရ
384
ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ
တရုတ် Tiktok - Douyin မှာ Crazy Brother Yang လို့ လူသိများတဲ့ influencer မစ္စတာ ကျောင်ချင်ကျန်းဟာ ၂၀၂၄ ခုနှစ်အတွင်း အသားတင်ဝင်ငွေ ယွမ် ၁.၉ ဘီလီယံ ရရှိခဲ့ပြီး တရုတ်နိုင်ငံရဲ့စတုတ္ထအဆင့် ဝင်ငွေများတဲ့ influencer ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက ၄င်းပူးတွဲတည်ထောင်ထားတဲ့ Multichannel Network ကုမ္ပဏီဖြစ်တဲ့ "Three Sheep" ဟာ Meicheng အမှတ်တံဆိပ်နဲ့ လမုန့်တွေကို ဟောင်ကောင်မှာ ထုတ်လုပ်တယ်လို့ ကုမ္ပဏီရဲ့ Live sales အစီအစဉ်မှာ ပြောခဲ့ခြင်းကြောင့် ပြဿနာအကြီးအကျယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီလမုန့်ဟာ ဟောင်ကောင်မှာ ထုတ်လုပ်တဲ့ အထောက်အထားမရှိပဲ တရုတ်ပြည်မကြီးမှာပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှာတော့ "Three Sheep" ဟာ မှားယွင်းကြော်ငြာမှုနဲ့ ယွမ်ငွေ ၆၈.၉ သန်း ဒဏ်ရိုက် ခံရပြီး လုပ်ငန်းကို ရပ်ဆိုင်းဖို့ပါ အမိန့်ထုတ်ခံခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ကုမ္ပဏီက တောင်းပန်ခဲ့သလို "ပြန်လည်ပြုပြင်ပေးပါမယ်" လို့ ပြောဆိုခဲ့ပြီး မစ္စတာကျောင် ဟာ ယခုအချိန်ထိ အွန်လိုင်းမှာ ပြန်ပေါ်ထွက်လာခြင်း မရှိတော့ပါဘူး။ အခုအာဏာပိုင်တွေဟာ Multichannel Network (MCNs) လို့ လူသိများတဲ့ "Three Sheep" လို ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းအကြောင်းအရာ ဖန်တီးသူတွေကို ရှာဖွေဖော်ထုတ်နေပါတယ်။ MCN တွေဟာ သူတို့ကို follow ထားတဲ့ အွန်လိုင်းအကောင့်တွေကို ကောလာဟလတွေ ဖြန့်ဝေခြင်း၊ လူအများ အထင်မှားအောင် လှုံ့ဆော်တဲ့ခေါင်းစဉ်တွေလို content တွေ ဖန်တီး ခြင်း မပြုဖို့ တားမြစ်တဲ့စည်းမျည်းမူကြမ်းကိုလည်း ဇန်န၀ါရီလ ၁ဝ ရက်က ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ MCN ကုမ္ပဏီတွေ ၂၀၁၅ ခုနှစ်က ၁၆၀ သာ ရှိခဲ့ပေမယ့် အခု ၂၀၂၁ ခုနှစ်မှာတော့ ကုမ္ပဏီ ၂၈,၀၀၀ ခန့်ရှိနေပြီဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ အအောင်မြင်ဆုံးကတော့ ၂၀၂၁ ခုနှစ်ကစ တည်ထောင်ခဲ့တဲ့ "Three Sheep" ဖြစ်ပါတယ်။
Zawgyi Version;
လမုန႔္ေၾကာ္ျငာမွာ လမုန႔္ထုတ္လုပ္တဲ့ႏိုင္ငံကို မွားယြင္းေျပာဆိုျခင္းေၾကာင့္ တ႐ုတ္ online shop (Multichannel Network) တစ္ခု ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ
တ႐ုတ္ Tiktok - Douyin မွာ Crazy Brother Yang လို႔ လူသိမ်ားတဲ့ influencer မစၥတာ ေက်ာင္ခ်င္က်န္းဟာ ၂၀၂၄ ခုႏွစ္အတြင္း အသားတင္ဝင္ေငြ ယြမ္ ၁.၉ ဘီလီယံ ရရွိခဲ့ၿပီး တ႐ုတ္ႏိုင္ငံရဲ႕စတုတၳအဆင့္ ဝင္ေငြမ်ားတဲ့ influencer ျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလက ၄င္းပူးတြဲတည္ေထာင္ထားတဲ့ Multichannel Network ကုမၸဏီျဖစ္တဲ့ "Three Sheep" ဟာ Meicheng အမွတ္တံဆိပ္နဲ႔ လမုန႔္ေတြကို ေဟာင္ေကာင္မွာ ထုတ္လုပ္တယ္လို႔ ကုမၸဏီရဲ႕ Live sales အစီအစဥ္မွာ ေျပာခဲ့ျခင္းေၾကာင့္ ျပႆနာအႀကီးအက်ယ္နဲ႔ ရင္ဆိုင္ေနရပါတယ္။ အဲဒီလမုန႔္ဟာ ေဟာင္ေကာင္မွာ ထုတ္လုပ္တဲ့ အေထာက္အထားမရွိပဲ တ႐ုတ္ျပည္မႀကီးမွာပဲ ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္မွာေတာ့ "Three Sheep" ဟာ မွားယြင္းေၾကာ္ျငာမႈနဲ႔ ယြမ္ေငြ ၆၈.၉ သန္း ဒဏ္႐ိုက္ ခံရၿပီး လုပ္ငန္းကို ရပ္ဆိုင္းဖို႔ပါ အမိန႔္ထုတ္ခံခဲ့ရပါတယ္။
ဒီကိစၥနဲ႔ပတ္သတ္ၿပီး ကုမၸဏီက ေတာင္းပန္ခဲ့သလို "ျပန္လည္ျပဳျပင္ေပးပါမယ္" လို႔ ေျပာဆိုခဲ့ၿပီး မစၥတာေက်ာင္ ဟာ ယခုအခ်ိန္ထိ အြန္လိုင္းမွာ ျပန္ေပၚထြက္လာျခင္း မရွိေတာ့ပါဘူး။ အခုအာဏာပိုင္ေတြဟာ Multichannel Network (MCNs) လို႔ လူသိမ်ားတဲ့ "Three Sheep" လို ကုမၸဏီေတြကို ပစ္မွတ္ထားၿပီး အြန္လိုင္းအေၾကာင္းအရာ ဖန္တီးသူေတြကို ရွာေဖြေဖာ္ထုတ္ေနပါတယ္။ MCN ေတြဟာ သူတို႔ကို follow ထားတဲ့ အြန္လိုင္းအေကာင့္ေတြကို ေကာလာဟလေတြ ျဖန႔္ေဝျခင္း၊ လူအမ်ား အထင္မွားေအာင္ လႈံ႕ေဆာ္တဲ့ေခါင္းစဥ္ေတြလို content ေတြ ဖန္တီး ျခင္း မျပဳဖို႔ တားျမစ္တဲ့စည္းမ်ည္းမူၾကမ္းကိုလည္း ဇန္န၀ါရီလ ၁ဝ ရက္က ေဖာ္ျပခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွာ MCN ကုမၸဏီေတြ ၂၀၁၅ ခုႏွစ္က ၁၆၀ သာ ရွိခဲ့ေပမယ့္ အခု ၂၀၂၁ ခုႏွစ္မွာေတာ့ ကုမၸဏီ ၂၈,၀၀၀ ခန႔္ရွိေနၿပီျဖစ္ပါတယ္။ အဲဒီကုမၸဏီေတြထဲမွာ အေအာင္ျမင္ဆုံးကေတာ့ ၂၀၂၁ ခုႏွစ္ကစ တည္ေထာင္ခဲ့တဲ့ "Three Sheep" ျဖစ္ပါတယ္။