Home Alone အိမ်ကို ဒေါ်လာ ၅ ဒသမ ၅ သန်းနဲ့ ရောင်းချ

 845

ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ

ခရစ်စမတ်ဇာတ်ကား "Home Alone" နဲ့ ဇာတ်ကားနဲ့ ကျော်ကြားခဲ့တဲ့၊ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ သူဌေး ရပ်ကွက်က အိမ်ကြီးကို ဒေါ်လာ ၅.၅ သန်း (စင်ကာပူဒေါ်လာ ၇.၅ သန်း) နဲ့ ရောင်းချလိုက်ပြီလို့ သိရပါတယ်။
ဒီအိမ်ကြီးကို ယခင်ပိုင်ရှင် ထရီရှာနဲ့ တင်ဂျွန်ဆန် တို့က အမေရိကန်ဒေါ်လာ ၅.၂ သန်းနဲ့ စဈေးခေါ်ခဲ့တာ ဖြစ်ပေမယ့် အဲဒီထက်ပိုပေးတဲ့ကမ်းလှမ်းသူများစွာ ရှိခဲ့တယ်လို့ သိရပါတယ်။ အိမ်ကြီးဟာ အကျယ်အဝန်း ၉,၁၂၆ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်းငါးခန်းပါရှိပါတယ်။
"ရောင်းသူအတွက် ခေတ်တစ်ခု အဆုံးသတ်ဖြစ်ပေမယ့်၊ ဝယ်သူအတွက်တော့ အံ့ဩစရာအမှတ်တရတွေ ရရှိစေ မှာပါ" " ဒီအိမ်ကို ဝယ်လိုက်ခြင်းက ရုပ်ရှင်ရဲ့သမိုင်းကြောင်း တစ်ခုလုံးကို ပိုင်ဆိုင်ဖို့ အခွင့်အရေးပဲ" လို့ အိမ်ခြံမြေ အကျိုးဆောင် မစ္စနိုရီနစ်မန်က ပြောပါတယ်။

"Home Alone" ရုပ်ရှင် ကမ္ဘာကျော်ခဲ့ပြီးနောက် အဲဒီဇာတ်ကားရိုက်ကူးရာ အိမ်ကြီးဟာ ရုပ်ရှင်ပရိသတ်တွေ အတွက် အားလပ်ရက် သွားရောက်ကြည့်ရှုလေ့လာနိုင်တဲ့ ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

Zawgyi Version;
Home Alone အိမ္ကို ေဒၚလာ ၅ ဒသမ ၅ သန္းနဲ႔ ေရာင္းခ်
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ

ခရစ္စမတ္ဇာတ္ကား "Home Alone" နဲ႔ ဇာတ္ကားနဲ႔ ေက်ာ္ၾကားခဲ့တဲ့၊ အေမရိကန္ႏိုင္ငံ၊ ခ်ီကာဂိုၿမိဳ႕ သူေဌး ရပ္ကြက္က အိမ္ႀကီးကို ေဒၚလာ ၅.၅ သန္း (စင္ကာပူေဒၚလာ ၇.၅ သန္း) နဲ႔ ေရာင္းခ်လိုက္ၿပီလို႔ သိရပါတယ္။
ဒီအိမ္ႀကီးကို ယခင္ပိုင္ရွင္ ထရီရွာနဲ႔ တင္ဂြၽန္ဆန္ တို႔က အေမရိကန္ေဒၚလာ ၅.၂ သန္းနဲ႔ စေဈးေခၚခဲ့တာ ျဖစ္ေပမယ့္ အဲဒီထက္ပိုေပးတဲ့ကမ္းလွမ္းသူမ်ားစြာ ရွိခဲ့တယ္လို႔ သိရပါတယ္။ အိမ္ႀကီးဟာ အက်ယ္အဝန္း ၉,၁၂၆ စတုရန္းေပက်ယ္ဝန္းၿပီး အိပ္ခန္းငါးခန္းပါရွိပါတယ္။
"ေရာင္းသူအတြက္ ေခတ္တစ္ခု အဆုံးသတ္ျဖစ္ေပမယ့္၊ ဝယ္သူအတြက္ေတာ့ အံ့ဩစရာအမွတ္တရေတြ ရရွိေစ မွာပါ" " ဒီအိမ္ကို ဝယ္လိုက္ျခင္းက ႐ုပ္ရွင္ရဲ႕သမိုင္းေၾကာင္း တစ္ခုလုံးကို ပိုင္ဆိုင္ဖို႔ အခြင့္အေရးပဲ" လို႔ အိမ္ၿခံေျမ အက်ိဳးေဆာင္ မစၥႏိုရီနစ္မန္က ေျပာပါတယ္။

"Home Alone" ႐ုပ္ရွင္ ကမာၻေက်ာ္ခဲ့ၿပီးေနာက္ အဲဒီဇာတ္ကား႐ိုက္ကူးရာ အိမ္ႀကီးဟာ ႐ုပ္ရွင္ပရိသတ္ေတြ အတြက္ အားလပ္ရက္ သြားေရာက္ၾကည့္ရႈေလ့လာႏိုင္တဲ့ ခရီးသြားဆြဲေဆာင္မႈတစ္ခုျဖစ္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.