နယ်ကျော်သယ်ခွင့်မပြုသော စပါးမူဝါဒက မှန်-မမှန် ပြန်လည်ဆန်းစစ်သင့်ပြီဟုဆို

 1093

ယွန်း (NP News) - ဇန်နဝါရီ ၂၁

ဝိသမလောဘသားများကြောင့် စပါးကို တိုင်းကျော်၍သယ်ယူခွင့် ပိတ်ထားခြင်းမှာ အပြည့် အဝမှန်ကန်မှုမရှိဘဲ လယ်သမားများအတွက် တာဝန် ပျက်ကွက်မှုများရှိနေကြောင်း စိုက်ပျိုးရေးပညာရှင် အသိုင်းအဝိုင်းထံမှ ထောက်ပြပြောကြားမှုများရှိနေသည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားနပ် ရိက္ခာပြတ်လပ်မှုနှင့် ဝိသမလောဘသားများကြောင့် ဆန်ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက် စပါးကို တိုင်းကျော်၍ သယ်ယူခွင့်ကို ကန့်သတ်ထား ကြောင်း သိရသည်။

“အဓိကအကြောင်းတရားကတော့ ပြည်တွင်းမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ဆန်ဈေးကြီးမြင့်မှု တွေမဖြစ်ဖို့အတွက် ကိုယ့်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ဆန်စပါးကို ထိန်းသိမ်းနေကြတာ။ ဆန်အနေနဲ့ သယ်ရင်ပြဿနာမရှိဘူးဆိုတာ ဆန်ကတော့ အကြာကြီးလှောင်လို့မရဘူး။ စပါးကျတော့ အကြာကြီး လှောင်လို့ရတယ်။ အဲဒီလိုဆိုတော့ ဝိသမလော ဘသား တွေက စပါးကို ဘယ်မှာဘယ်လောက်ပမာဏ လှောင်ထားမှန်းမသိဘဲနဲ့ လှောင်ပစ်လိုက်မှာကို တာဝန်ရှိတဲ့သူတွေက စိုးရိမ်ကြတယ်။ တိုင်းတစ်တိုင်းနဲ့ တစ်တိုင်း ကျော်ခွင့်မရဘူးဆိုတဲ့ အကြောင်း ရင်းသည် သူ့တိုင်းထဲမှာထွက်တဲ့စပါးက ဘယ်နေရာမှာ ဘယ်လောက်ရှိတယ်ဆိုတဲ့ ဒေတာတွေ ပျောက်သွားပြီး ပြည်တွင်းစားသုံးမှုကို ထိခိုက်မှာစိုးတဲ့အချက် ကြောင့်ဖြစ်တယ်” ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက NP News ကို ပြောသည်။

အဆိုပါကန့်သတ်ချက်အရ ဆန်ကိုသာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကို သယ်ယူ ခွင့်ပေးထားခြင်းဖြစ်ပြီး စပါးကို ကန့်သတ်ထားသည့်အတွက် နစ်နာမှုများရှိနေကြောင်း ပြောဆိုမှုများ လည်း ရှိနေသည်။

အထက်ပါကန့်သတ်ချက်ကြောင့် ဝိသမလောဘသားများအတွက် ထိခိုက်မှုများရှိပြီး တစ်ဖက် တွင် စပါးဈေးနှုန်းကျဆင်းမှုများကြောင့် လယ်သမားများအပေါ်တွင်လည်း သက်ရောက်မှုများရှိနေ ကြောင်း သိရသည်။

“တစ်တိုင်းနဲ့တစ်တိုင်းသယ်လို့မရတဲ့နေရာမှာ အဓိကထိခိုက်တာက ဆန်နဲ့စပါးကိုကိုင်လှုပ် ချင်တဲ့ ဝိသမလောဘသမားတွေ ကိုးရိုးကားယားဖြစ် တာ။ အဲဒီလိုသယ်လို့မရတဲ့ အခါမှာစပါးဈေး ကျ တယ် အဲဒီအတွက်ကြောင့် လယ်သမားတွေ စပါးဈေး ကောင်းတော့မရဘူး။ သယ်လို့မရလို့ဆိုပြီး ဝယ် လက်က လယ်သမားတွေကို ဈေးနှိမ်မယ်။ လယ်သမားတွေ ဈေးလျော့မယ်။ သယ်လို့ရရင်ဘာဖြစ်မလဲ ဆိုတော့ ဒေတာပျောက်မယ်။ ဘယ်စပါးပမာဏက ဘယ်ရောက်သွားမှန်း မသိနိုင်တော့ဘူး။ ဒါကတော့ ဆန်စပါးကို အဓိကချိန်ကိုက်ဗုံးအဖြစ် အသုံးပြုပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ပြုလုပ်ချင်တဲ့ အဖျက်သမားတွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ တာဝန်ရှိ သူတွေက လုပ်ထားတဲ့ပုံပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

သို့သော် အဆိုပါကန့်သတ်ချက်သည် အပြည့် အဝမှန်ကန်ခြင်းမျိုးမဟုတ်ဘဲ လယ်သမားများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည့် တာဝန်များလည်းရှိကြောင်း ၎င်းက သုံးသပ်ထားသည်။

“ဒီလုပ်ရပ်မှာ တာဝန်ရှိတဲ့သူတွေ မှန် တယ်။ ဒါပေမဲ့ (၅၀)ရာခိုင်နှုန်းပဲမှန်တယ်။ (၅၀)ရာခိုင်နှုန်း က အဲဒီလိုပိတ်လိုက်တဲ့အတွက် ဈေးကျတယ်။ အဲဒါကို နိုင်ငံတော်က ပိုက်ဆံထုတ်ပြီးတော့ ဝင်ဝယ်ပေး ရမှာ။ အခုက သူ့မှာ(၅၀)ရာခိုင်နှုန်း ပဲလုပ်ပြီးတော့ ကျန်တဲ့(၅၀)ရာခိုင်နှုန်းကတော့ တာဝန်ပျက်ကွက် နေတယ်။ တာဝန်ရှိတဲ့သူတွေ အနေနဲ့ တစ်ခုဝင်လုပ်ဖို့လစ်ဟင်းနေတယ်။ ဘာလုပ်ပေးရမလဲဆိုတော့ နိုင်ငံတော်က ဝင်ဝယ်ပေးရမယ်။ တစ်ဖက်မှာတောင်သူတွေဈေးအေးနေတယ်။ ရတယ်ငါတို့ဒီဈေးပေး မယ် အစိုးရကို လာ‌ရောင်း၊ ပုဂ္ဂလိကဝယ်လက်မရှိဘူးလား၊ ရတယ် အစိုးရကိုလာ ရောင်းဆိုတာမျိုး လုပ်ပေးရမှာ။ ဒါပေမဲ့ ခက်တာက လည်း နိုင်ငံတော်မှာလည်း ငွေကြေးအခက်အခဲက ရှိနေတယ်လေ။ အမှန်ကတော့ ပိတ်လည်းပိတ်၊ ဝယ်လည်းဝယ်ပေးလုပ်ရမှာ” ဟု အထက်ပါ စိုက်ပျိုးရေးပညာရှင်က ဆိုသည်။

ပြည်တွင်း၌ နှစ်စဉ် နွေစပါး၊ မိုးစပါး ဧက (၁၇)သန်းခွဲအထိ စိုက်ပျိုးထုတ်လုပ်ပြီး ဆန်တန် ချိန် (၁၄)သန်းနီးပါး ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းစားသုံးမှု ဖယ်ထားပါက ဆန်တန်ချိန်(၃)သန်းနီးပါး နှစ်စဉ်ပိုလျှံကြောင်းသိရသည်။ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင်း နိုင်ငံတစ်ဝန်း ရေကြီးရေလျှံခဲ့ပြီး စပါးနှင့် သီးနှံစိုက်ဧက(၇)သိန်းကျော် ထိခိုက်ခဲ့ကြောင်းသိရသည်။

zawgyi version
နယ္ေက်ာ္သယ္ခြင့္မျပဳေသာ စပါးမူဝါဒက မွန္-မမွန္ ျပန္လည္ဆန္းစစ္သင့္ၿပီဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၂၁

ဝိသမေလာဘသားမ်ားေၾကာင့္ စပါးကို တိုင္းေက်ာ္၍သယ္ယူခြင့္ ပိတ္ထားျခင္းမွာ အျပည့္ အဝမွန္ကန္မႈမရွိဘဲ လယ္သမားမ်ားအတြက္ တာဝန္ ပ်က္ကြက္မႈမ်ားရွိေနေၾကာင္း စိုက္ပ်ိဳးေရးပညာရွင္ အသိုင္းအဝိုင္းထံမွ ေထာက္ျပေျပာၾကားမႈမ်ားရွိေနသည္။

ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္းစားနပ္ ရိကၡာျပတ္လပ္မႈႏွင့္ ဝိသမေလာဘသားမ်ားေၾကာင့္ ဆန္ေဈးႏႈန္းႀကီးျမင့္မႈမ်ား မျဖစ္ေပၚေစေရးအတြက္ စပါးကို တိုင္းေက်ာ္၍ သယ္ယူခြင့္ကို ကန႔္သတ္ထား ေၾကာင္း သိရသည္။

“အဓိကအေၾကာင္းတရားကေတာ့ ျပည္တြင္းမွာ စားနပ္ရိကၡာ ျပတ္လပ္မႈနဲ႔ ဆန္ေဈးႀကီးျမင့္မႈ ေတြမျဖစ္ဖို႔အတြက္ ကိုယ့္တိုင္းေဒသႀကီးအတြင္း မွာရွိတဲ့ဆန္စပါးကို ထိန္းသိမ္းေနၾကတာ။ ဆန္အေနနဲ႔ သယ္ရင္ျပႆနာမရွိဘူးဆိုတာ ဆန္ကေတာ့ အၾကာႀကီးေလွာင္လို႔မရဘူး။ စပါးက်ေတာ့ အၾကာႀကီး ေလွာင္လို႔ရတယ္။ အဲဒီလိုဆိုေတာ့ ဝိသမေလာ ဘသား ေတြက စပါးကို ဘယ္မွာဘယ္ေလာက္ပမာဏ ေလွာင္ထားမွန္းမသိဘဲနဲ႔ ေလွာင္ပစ္လိုက္မွာကို တာဝန္ရွိတဲ့သူေတြက စိုးရိမ္ၾကတယ္။ တိုင္းတစ္တိုင္းနဲ႔ တစ္တိုင္း ေက်ာ္ခြင့္မရဘူးဆိုတဲ့ အေၾကာင္း ရင္းသည္ သူ႔တိုင္းထဲမွာထြက္တဲ့စပါးက ဘယ္ေနရာမွာ ဘယ္ေလာက္ရွိတယ္ဆိုတဲ့ ေဒတာေတြ ေပ်ာက္သြားၿပီး ျပည္တြင္းစားသုံးမႈကို ထိခိုက္မွာစိုးတဲ့အခ်က္ ေၾကာင့္ျဖစ္တယ္” ဟု စိုက္ပ်ိဳးေရးပညာရွင္တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါကန႔္သတ္ခ်က္အရ ဆန္ကိုသာ အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားကို သယ္ယူ ခြင့္ေပးထားျခင္းျဖစ္ၿပီး စပါးကို ကန႔္သတ္ထားသည့္အတြက္ နစ္နာမႈမ်ားရွိေနေၾကာင္း ေျပာဆိုမႈမ်ား လည္း ရွိေနသည္။

အထက္ပါကန႔္သတ္ခ်က္ေၾကာင့္ ဝိသမေလာဘသားမ်ားအတြက္ ထိခိုက္မႈမ်ားရွိၿပီး တစ္ဖက္ တြင္ စပါးေဈးႏႈန္းက်ဆင္းမႈမ်ားေၾကာင့္ လယ္သမားမ်ားအေပၚတြင္လည္း သက္ေရာက္မႈမ်ားရွိေန ေၾကာင္း သိရသည္။

“တစ္တိုင္းနဲ႔တစ္တိုင္းသယ္လို႔မရတဲ့ေနရာမွာ အဓိကထိခိုက္တာက ဆန္နဲ႔စပါးကိုကိုင္လႈပ္ ခ်င္တဲ့ ဝိသမေလာဘသမားေတြ ကိုး႐ိုးကားယားျဖစ္ တာ။ အဲဒီလိုသယ္လို႔မရတဲ့ အခါမွာစပါးေဈး က် တယ္ အဲဒီအတြက္ေၾကာင့္ လယ္သမားေတြ စပါးေဈး ေကာင္းေတာ့မရဘူး။ သယ္လို႔မရလို႔ဆိုၿပီး ဝယ္ လက္က လယ္သမားေတြကို ေဈးႏွိမ္မယ္။ လယ္သမားေတြ ေဈးေလ်ာ့မယ္။ သယ္လို႔ရရင္ဘာျဖစ္မလဲ ဆိုေတာ့ ေဒတာေပ်ာက္မယ္။ ဘယ္စပါးပမာဏက ဘယ္ေရာက္သြားမွန္း မသိႏိုင္ေတာ့ဘူး။ ဒါကေတာ့ ဆန္စပါးကို အဓိကခ်ိန္ကိုက္ဗုံးအျဖစ္ အသုံးျပဳၿပီး တိုင္းျပည္မၿငိမ္မသက္ျဖစ္ေအာင္ ျပဳလုပ္ခ်င္တဲ့ အဖ်က္သမားေတြရဲ႕အႏၲရာယ္ကိုကာကြယ္ဖို႔ တာဝန္ရွိ သူေတြက လုပ္ထားတဲ့ပုံပဲ” ဟု ၎က ဆက္လက္ေျပာသည္။

သို႔ေသာ္ အဆိုပါကန႔္သတ္ခ်က္သည္ အျပည့္ အဝမွန္ကန္ျခင္းမ်ိဳးမဟုတ္ဘဲ လယ္သမားမ်ား အဆင္ေျပေစေရးအတြက္ ႏိုင္ငံေတာ္မွ ေဆာင္႐ြက္ေပးရမည့္ တာဝန္မ်ားလည္းရွိေၾကာင္း ၎က သုံးသပ္ထားသည္။

“ဒီလုပ္ရပ္မွာ တာဝန္ရွိတဲ့သူေတြ မွန္ တယ္။ ဒါေပမဲ့ (၅၀)ရာခိုင္ႏႈန္းပဲမွန္တယ္။ (၅၀)ရာခိုင္ႏႈန္း က အဲဒီလိုပိတ္လိုက္တဲ့အတြက္ ေဈးက်တယ္။ အဲဒါကို ႏိုင္ငံေတာ္က ပိုက္ဆံထုတ္ၿပီးေတာ့ ဝင္ဝယ္ေပး ရမွာ။ အခုက သူ႔မွာ(၅၀)ရာခိုင္ႏႈန္း ပဲလုပ္ၿပီးေတာ့ က်န္တဲ့(၅၀)ရာခိုင္ႏႈန္းကေတာ့ တာဝန္ပ်က္ကြက္ ေနတယ္။ တာဝန္ရွိတဲ့သူေတြ အေနနဲ႔ တစ္ခုဝင္လုပ္ဖို႔လစ္ဟင္းေနတယ္။ ဘာလုပ္ေပးရမလဲဆိုေတာ့ ႏိုင္ငံေတာ္က ဝင္ဝယ္ေပးရမယ္။ တစ္ဖက္မွာေတာင္သူေတြေဈးေအးေနတယ္။ ရတယ္ငါတို႔ဒီေဈးေပး မယ္ အစိုးရကို လာ‌ေရာင္း၊ ပုဂၢလိကဝယ္လက္မရွိဘူးလား၊ ရတယ္ အစိုးရကိုလာ ေရာင္းဆိုတာမ်ိဳး လုပ္ေပးရမွာ။ ဒါေပမဲ့ ခက္တာက လည္း ႏိုင္ငံေတာ္မွာလည္း ေငြေၾကးအခက္အခဲက ရွိေနတယ္ေလ။ အမွန္ကေတာ့ ပိတ္လည္းပိတ္၊ ဝယ္လည္းဝယ္ေပးလုပ္ရမွာ” ဟု အထက္ပါ စိုက္ပ်ိဳးေရးပညာရွင္က ဆိုသည္။

ျပည္တြင္း၌ ႏွစ္စဥ္ ေႏြစပါး၊ မိုးစပါး ဧက (၁၇)သန္းခြဲအထိ စိုက္ပ်ိဳးထုတ္လုပ္ၿပီး ဆန္တန္ ခ်ိန္ (၁၄)သန္းနီးပါး ထုတ္လုပ္လ်က္ရွိရာ ျပည္တြင္းစားသုံးမႈ ဖယ္ထားပါက ဆန္တန္ခ်ိန္(၃)သန္းနီးပါး ႏွစ္စဥ္ပိုလွ်ံေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္တြင္ျဖစ္ပြားခဲ့သည့္ ရာဂီမုန္တိုင္းအရွိန္ေၾကာင္း ႏိုင္ငံတစ္ဝန္း ေရႀကီးေရလွ်ံခဲ့ၿပီး စပါးႏွင့္ သီးႏွံစိုက္ဧက(၇)သိန္းေက်ာ္ ထိခိုက္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.