စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကို မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ဖွင့်လှစ်ရန် စီစဉ်နေ
339
ချယ်ရီ(NP News)- ဇန်နဝါရီ ၂၁
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကို မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်ရန် စီစဉ်နေကြောင်းကို အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆိုသည်။ အဆိုပါ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အစည်းအဝေးကို ယမန်နေ့( ဇန်နဝါရီလ ၂၀ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရာပြည့်အဆောက်အအုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များကို နှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေးသည့်အတွက် နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကို အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များနှင့်အညီ လိုက်ပါတွေးခေါ်ဆောင်ရွက်နိုင်စွမ်းရှိသည့် ပြည်တွင်းစိုက်ပျိုးရေးပညာရှင်များရှိမှဖြစ်မည်ဆိုသည်ကို သတိပြုမိလာခဲ့ကြသည့်အတွက် လိုအပ်သည့်စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင်မန္တလေးမြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
zawgyi version
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ားကို ျမန္မာျပည္အထက္ပိုင္းႏွင့္ ေအာက္ပိုင္းတို႔တြင္ ဖြင့္လွစ္ရန္ စီစဥ္ေန
ခ်ယ္ရီ(NP News)- ဇန္နဝါရီ ၂၁
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ားကို ျမန္မာျပည္အထက္ပိုင္းႏွင့္ ေအာက္ပိုင္းတို႔တြင္ ဖြင့္လွစ္ရန္ လ်ာထားေဆာင္႐ြက္ရန္ စီစဥ္ေနေၾကာင္းကို အစည္းအေဝးတြင္ စိုက္ပ်ိဳးေရး၊ ေမြး ျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ဆိုသည္။ အဆိုပါ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ားကို ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရးအတြက္ ပထမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို အစည္းအေဝးကို ယမန္ေန႔( ဇန္နဝါရီလ ၂၀ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္၊ ရာျပည့္အေဆာက္အအုံ အစည္းအေဝးခန္းမတြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ ေနျပည္ေတာ္ေရဆင္းရွိ စိုက္ပ်ိဳးေရးတကၠသိုလ္ႏွင့္ ေမြးျမဴေရးဆိုင္ရာ ေဆးတကၠသိုလ္တို႔တြင္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဆိုင္ရာ ပညာရွင္မ်ားကို ႏွစ္စဥ္ သင္ၾကားေမြးထုတ္ေပးလ်က္ရွိေသာ္လည္း လိုအပ္ခ်က္မ်ားရွိေနေသးသည့္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ ျမန္မာျပည္အထက္ပိုင္းႏွင့္ ေအာက္ပိုင္းတို႔တြင္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ားကို အသစ္ဖြင့္လွစ္ရန္ လ်ာထားေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ဆိုသည္။
ျမန္မာႏိုင္ငံအေနျဖင့္ တိုးတက္ဖြံ႕ၿဖိဳးလာသည့္ စိုက္ပ်ိဳးထုတ္လုပ္မႈနည္းစနစ္မ်ားႏွင့္အညီ လိုက္ပါေတြးေခၚေဆာင္႐ြက္ႏိုင္စြမ္းရွိသည့္ ျပည္တြင္းစိုက္ပ်ိဳးေရးပညာရွင္မ်ားရွိမွျဖစ္မည္ဆိုသည္ကို သတိျပဳမိလာခဲ့ၾကသည့္အတြက္ လိုအပ္သည့္စိုက္ပ်ိဳးေရးပညာရွင္မ်ားကို ေမြးထုတ္ေပးႏိုင္ရန္ စိုက္ပ်ိဳးေရးေကာလိပ္ႏွင့္ သုေတသနဗိမာန္ကို ၁၉၂၄ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂) ရက္တြင္မႏၲေလးၿမိဳ႕၌ စတင္တည္ေထာင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။