စားသုံးဆီ အခြေခံလက်ကားဈေး (၇၂ဝဝ)ကျော် သတ်မှတ်ထားသော်လည်း ပြင်ပတွင်(၁၃၀၀၀) ကျပ်အထိ ဝယ်ယူနေကြရ

 154

ချယ်ရီ (NP News) - ဇန်နဝါရီ ၂၁

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို(၇၂၅၅)ကျပ်ဟု သတ်မှတ်ထားသော်လည်း ပြင်ပတွင် (၁၀၀၀၀)ကျပ်မှ (၁၃၀၀၀)ကျပ်အထိ ဝယ်ယူနေကြရကြောင်း ဒေသခံများထံ NP News ၏ မေးမြန်းစုစည်းထားသည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် စားအုန်းဆီကို ပြည်ပမှဝယ်ယူခြင်းများရှိရာ မလေးရှားနိုင်ငံသည် အဓိကထုတ်လုပ်တင်ပို့သော နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

သက်ဆိုင်ရာမှ ဆီစာအုပ်စနစ်ဖြင့် တစ်ပိဿာကို (၇၅၀၀)ကျပ်နှုန်း၊ (၅၀)သားကို (၃၅၀၀)ကျပ်နှုန်းဖြင့် အချို့မြို့နယ်များတွင် တစ်လလျှင် (၂)ကြိမ်နှုန်းဖြင့် ရောင်းချပေးခြင်းများရှိနေသကဲ့သို့ (၂)လကြာ တစ်ကြိမ်၊ (၃)လကြာတစ်ကြိမ်နှုန်းဖြင့် ရရှိနေသောနေရာများလည်း ရှိနေကြောင်း သိရသည်။ “စားအုန်းဆီတစ်ပိဿာကို (၉၀၀၀)ကျပ် ဝယ်ရတယ်။ ကျွန်မတို့ရွာတွေကို ပေးတာကျတော့ တစ်ကြိမ်ပဲ ရှိသေးတယ်ပေါ့နော်။ (၅၀)သားဆီဘူးလေးတွေနဲ့ တစ်အိမ်ကို တစ်ဘူးဆိုပြီးတော့လေ။ အဲဒီဟာက (၃၅၀၀)ကျပ် ပေးရတယ်။ ဒါက ပြီးခဲ့တဲ့(၁၀)လပိုင်းက ရခဲ့တာပါ။ အဲဒီကတည်းက မရတော့တာ အခုထိပဲ”ဟု ဓနုဖြူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ကော့သောင်းမြို့နှင့် အလှမ်းဝေးသောနေရာများ၌ (၂)လ တစ်ကြိမ်နှုန်း၊ (၃)လ တစ်ကြိမ်နှုန်းဖြင့် မကြာမကြာရောင်းချ ပေးနေသည်ကို တွေ့ရှိရကြောင်း အဆိုပါဒေသရှိ ဒေသခံတစ်ဦးက ဆိုသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများအဆင်ပြေစေရေးအတွက် ဆီစာအုပ်စနစ်ဖြင့် ဆီရောင်းချပေးလျက်ရှိသော်လည်း အိမ်ထောင်စုတစ်စုအတွက် တစ်လလျှင် တစ်ပိဿာနှုန်းမှာ လောက်ငှမှုမရှိ၍ ပြင်ပဈေးကွက်များတွင် မိမိတတ်နိုင်သမျှ ပြန်လည်ဝယ်ယူ စားသုံးနေကြရကြောင်း ဒေသခံများထံ မေးမြန်းထားချက်အရ သိရသည်။

“ဒီမှာက စားအုန်းဆီတစ်ပိဿာကို (၁၂၀၀၀)ကျပ်နဲ့ ဝယ်ရတယ်။ ပဲဆီနဲ့အရောဆိုရင်က (၁၃၀၀၀)ကျပ်ပေါ့” ဟု ရွှေညောင်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက NP News ကို ပြောသည်။ လက်ရှိ ရည်ညွှန်းဈေးသည် ရန်ကုန်အထိုင်ဈေးကို မူတည်ထားသောကြောင့် အခြားနယ်ဘက်တို့တွင် ကျပ်(၁၀၀၀၀)ကျော်မှ (၁၂၀၀၀)ကျပ်အထိ ရောင်းချနေခြင်းများ တွေ့ရှိရခြင်းများရှိသည့်အပြင် ရန်ကုန်မြို့အတွင်း၌ပင် ကျပ်(၁၀၀၀၀)ဖြင့် ဝယ်ယူ စားသုံးနေရကြောင်း သိရသည်။

“ဆီက (၄)ရက်တစ်ခါ စာအုပ်နဲ့ ထုတ်ရတယ်။ တစ်ခါထုတ်ရင် (၅၀)သား ရတယ်။ အသုပ်စုံရောင်းတာဆိုတော့ (၅၀)သားနဲ့ မလောက်လို့ အပြင်မှာ (၁၀၀၀၀)ကျပ်ဈေးနဲ့ဝယ်သုံးနေရတယ်”ဟု ဒေါပုံမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများ၏ ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအပေါ်မူတည်၍ ဇန်နဝါရီလ ၂၀ ရက်မှ ဇန်နဝါရီလ၂၆ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာကို (၇၂၅၅) ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားချက်အရ သိရသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားမှုလည်း ရှိသည်။

zawgyi version
စားသုံးဆီ အေျခခံလက္ကားေဈး (၇၂ဝဝ)ေက်ာ္ သတ္မွတ္ထားေသာ္လည္း ျပင္ပတြင္(၁၃၀၀၀) က်ပ္အထိ ဝယ္ယူေနၾကရ
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၂၁

စားသုံးဆီ တင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီမွ စားအုန္းဆီ ရန္ကုန္အထိုင္ အေျခခံလက္ကား ရည္ၫႊန္းေဈးႏႈန္းကို(၇၂၅၅)က်ပ္ဟု သတ္မွတ္ထားေသာ္လည္း ျပင္ပတြင္ (၁၀၀၀၀)က်ပ္မွ (၁၃၀၀၀)က်ပ္အထိ ဝယ္ယူေနၾကရေၾကာင္း ေဒသခံမ်ားထံ NP News ၏ ေမးျမန္းစုစည္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံသည္ စားအုန္းဆီကို ျပည္ပမွဝယ္ယူျခင္းမ်ားရွိရာ မေလးရွားႏိုင္ငံသည္ အဓိကထုတ္လုပ္တင္ပို႔ေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာေၾကာင့္ မေလးရွားႏိုင္ငံတြင္ ျဖစ္ေပၚေနသည့္ FOB ေဈးႏႈန္းမ်ားကို ေန႔စဥ္ေစာင့္ၾကည့္ကာ သယ္ယူပို႔ေဆာင္ခကုန္က်စရိတ္မ်ား၊ ဘဏ္စရိတ္မ်ား၊ အခြန္အခမ်ားကို ထည့္သြင္းတြက္ခ်က္၍ ျပည္တြင္းေဈးကြက္၌ ေရာင္းဝယ္ေဖာက္ကားရမည့္ အေျခခံလက္ကား ရည္ၫႊန္းေဈးႏႈန္းကို စားသုံးသူေရးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page ႏွင့္ ျမန္မာႏိုင္ငံဆီကုန္သည္ ႏွင့္ ဆီလုပ္ငန္းရွင္မ်ား အသင္း၏ Facebook Page တြင္ ထုတ္ျပန္ေၾကညာေပးလ်က္ရွိေၾကာင္း သိရသည္။

သက္ဆိုင္ရာမွ ဆီစာအုပ္စနစ္ျဖင့္ တစ္ပိႆာကို (၇၅၀၀)က်ပ္ႏႈန္း၊ (၅၀)သားကို (၃၅၀၀)က်ပ္ႏႈန္းျဖင့္ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ တစ္လလွ်င္ (၂)ႀကိမ္ႏႈန္းျဖင့္ ေရာင္းခ်ေပးျခင္းမ်ားရွိေနသကဲ့သို႔ (၂)လၾကာ တစ္ႀကိမ္၊ (၃)လၾကာတစ္ႀကိမ္ႏႈန္းျဖင့္ ရရွိေနေသာေနရာမ်ားလည္း ရွိေနေၾကာင္း သိရသည္။ “စားအုန္းဆီတစ္ပိႆာကို (၉၀၀၀)က်ပ္ ဝယ္ရတယ္။ ကြၽန္မတို႔႐ြာေတြကို ေပးတာက်ေတာ့ တစ္ႀကိမ္ပဲ ရွိေသးတယ္ေပါ့ေနာ္။ (၅၀)သားဆီဘူးေလးေတြနဲ႔ တစ္အိမ္ကို တစ္ဘူးဆိုၿပီးေတာ့ေလ။ အဲဒီဟာက (၃၅၀၀)က်ပ္ ေပးရတယ္။ ဒါက ၿပီးခဲ့တဲ့(၁၀)လပိုင္းက ရခဲ့တာပါ။ အဲဒီကတည္းက မရေတာ့တာ အခုထိပဲ”ဟု ဓႏုျဖဴၿမိဳ႕တြင္ ေနထိုင္သည့္ ေဒသခံတစ္ဦးက ေျပာသည္။

ထို႔ျပင္ ေကာ့ေသာင္းၿမိဳ႕ႏွင့္ အလွမ္းေဝးေသာေနရာမ်ား၌ (၂)လ တစ္ႀကိမ္ႏႈန္း၊ (၃)လ တစ္ႀကိမ္ႏႈန္းျဖင့္ မၾကာမၾကာေရာင္းခ် ေပးေနသည္ကို ေတြ႕ရွိရေၾကာင္း အဆိုပါေဒသရွိ ေဒသခံတစ္ဦးက ဆိုသည္။ ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူမ်ားအဆင္ေျပေစေရးအတြက္ ဆီစာအုပ္စနစ္ျဖင့္ ဆီေရာင္းခ်ေပးလ်က္ရွိေသာ္လည္း အိမ္ေထာင္စုတစ္စုအတြက္ တစ္လလွ်င္ တစ္ပိႆာႏႈန္းမွာ ေလာက္ငွမႈမရွိ၍ ျပင္ပေဈးကြက္မ်ားတြင္ မိမိတတ္ႏိုင္သမွ် ျပန္လည္ဝယ္ယူ စားသုံးေနၾကရေၾကာင္း ေဒသခံမ်ားထံ ေမးျမန္းထားခ်က္အရ သိရသည္။

“ဒီမွာက စားအုန္းဆီတစ္ပိႆာကို (၁၂၀၀၀)က်ပ္နဲ႔ ဝယ္ရတယ္။ ပဲဆီနဲ႔အေရာဆိုရင္က (၁၃၀၀၀)က်ပ္ေပါ့” ဟု ေ႐ႊေညာင္ၿမိဳ႕တြင္ ေနထိုင္သည့္ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။ လက္ရွိ ရည္ၫႊန္းေဈးသည္ ရန္ကုန္အထိုင္ေဈးကို မူတည္ထားေသာေၾကာင့္ အျခားနယ္ဘက္တို႔တြင္ က်ပ္(၁၀၀၀၀)ေက်ာ္မွ (၁၂၀၀၀)က်ပ္အထိ ေရာင္းခ်ေနျခင္းမ်ား ေတြ႕ရွိရျခင္းမ်ားရွိသည့္အျပင္ ရန္ကုန္ၿမိဳ႕အတြင္း၌ပင္ က်ပ္(၁၀၀၀၀)ျဖင့္ ဝယ္ယူ စားသုံးေနရေၾကာင္း သိရသည္။

“ဆီက (၄)ရက္တစ္ခါ စာအုပ္နဲ႔ ထုတ္ရတယ္။ တစ္ခါထုတ္ရင္ (၅၀)သား ရတယ္။ အသုပ္စုံေရာင္းတာဆိုေတာ့ (၅၀)သားနဲ႔ မေလာက္လို႔ အျပင္မွာ (၁၀၀၀၀)က်ပ္ေဈးနဲ႔ဝယ္သုံးေနရတယ္”ဟု ေဒါပုံၿမိဳ႕တြင္ ေနထိုင္သည့္ ေဒသခံတစ္ဦးက ဆိုသည္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးဆီ တင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီမွ ကမာၻ႔စားအုန္းဆီ ထုတ္လုပ္တင္ပို႔သည့္ႏိုင္ငံမ်ား၏ ေဈးကြက္ႏွင့္ေဈးႏႈန္းျဖစ္ေပၚမႈမ်ားအေပၚမူတည္၍ ဇန္နဝါရီလ ၂၀ ရက္မွ ဇန္နဝါရီလ၂၆ ရက္အထိ ရန္ကုန္အထိုင္ေဈး အေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းမွာ စားအုန္းဆီတစ္ပိႆာကို (၇၂၅၅) က်ပ္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားခ်က္အရ သိရသည္။

ထို႔ျပင္ ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္း အပါအဝင္ မသမာသည့္လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားမႈလည္း ရွိသည္။

Picture

Win Lwin

21/01/2025 19:34

ဈေးကွက်စီးပွားရေး ဘဝပျက်

Related news

© 2021. All rights reserved.