တရုတ်ရောက် မြန်မာအထည်ချုပ်လုပ်သားများ လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် ဖမ်းဆီးနယ်နှင်ခံရခြင်းများရှိနေ

 196

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၂

တရုတ်နိုင်ငံတွင် အထည်ချုပ်လုပ်သား အဖြစ် သွားရောက်အလုပ်လုပ်ကိုင်သည့်အခါ အဆင်မပြေ၍ ဆန္ဒပြပါက ပြန်လွှတ်သည့်အပြင် အဖမ်းခံရခြင်းများလည်းရှိနေကြောင်း ရွှေလီရောက် မြန်မာအလုပ်သမားတစ်ဦးက NP News သို့ပြောသည်။

လက်ရှိ တရုတ်နိုင်ငံတွင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာစက်ရုံအလုပ်သမား အများ စုမှာ တစ်လလျှင် တရုတ်ငွေ ယွမ်(၁၅၀ဝ) မှ ယွမ်(၁၇၀ဝ)ကြားသာရရှိနေပြီး အဆိုပါလစာငွေ အတွင်းမှ တစ်လလျှင် ယွမ်(၇၀ဝ)ခန့်မှာ လစဉ်ခေါင်းပုံဖြတ်ခံနေရကြောင်း သိရသည်။ “တရုတ်ပြည်က စက်ရုံထဲ မှာကျွေးတဲ့ အစားအစာကို မြန်မာတွေလုံးဝမ စားနိုင်ဘူး။ အဓိက ဆန်ကစပြီးတော့ပေါ့။ မြန်မာတွေက ဆန်က ဘယ်လောက်ကြမ်းကြမ်းစားနိုင်တယ်။ ဒီမှာက လုံးဝဆန်စေးတွေကျွေးတာ။ အစားအ သောက် က လုံးဝကွာခြားတယ်။ အဲဒါကြောင့် မြန်မာတွေ ဝယ်စားတာနဲ့ ဖြတ်တာနဲ့ဘာနဲ့ဆိုရင် လုံးဝမကျန်ဘူး။ ပြီးတော့ တစ်ပတ်ကတ်ရဖို့ကလည်း (၂)လ (၃)လစောင့်ရတယ်။ ဒီလိုမှမဟုတ်လို့ ကိုယ်က VIP ဝယ် မယ်ဆို ယွမ် (၂၀ဝဝ) ယွမ်(၃၀ဝဝ)အစားစားရှိတယ်။ အဲဒီလိုဆိုတော့ အလုပ်သမားတစ်ယောက်ကို ယွမ် (၇၀ဝဝ) လောက် ရှိတယ်။ အဲဒါအလုပ်သမား တစ်ယောက်ရဲ့ ကုန်ကျ စရိတ်ပါ။ အဲဒါကို စက်ရုံကနေ တစ်လချင်း သူတို့ စိုက်ပေးထားတဲ့ (၇၀ဝဝ)ကို တစ်လချင်း (၅၀ဝ) စီဖြတ်တယ်။ ပြီးရင် ကိုယ်က စက်ချုပ်တာ မှားသွားမယ်။ တစ်ခုခုဆိုရင် ဒဏ်ကြေးတွေရှိတယ်။ ရက်ပျက်ကြေး ဘာတွေရှိတယ်” ဟု အထက်ပါသတင်းရင်း မြစ်က ဆိုသည်။

ထို့ပြင် မြန်မာအလုပ်သမားအများစုမှာ စာချုပ်ပါသတ်မှတ်အလုပ်ချိန်ထက်ပိုမိုအလုပ်လုပ်ရ သည့်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ဖြစ်စဉ်များ၊ ဖိနှိပ်မှုများစွာလည်းကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။ “ ထိုင်းတွေဘယ်တွေမှာ သွားလုပ်တာထက် အခွင့်အရေးပိုမရဘူး။ ကျွန်မတို့ မျက်စိ ရှေ့တင် ဒုက္ခရောက်နေတဲ့လူတွေ တစ်ပုံကြီးပဲ။ စက်ရုံထဲမှာလည်း မစားနိုင်တာ၊ မလုပ်နိုင်တာရှိတယ်။ အဲဒီလိုမျိုးတွေနဲ့ အလုပ်ဆိုရင်လည်း မနက်(၈)နာရီကနေ ညနေ(၆)နာရီ လို့ပြောပေမယ့်လည်း ဒီ အထဲကိုရောက်သွားရင် အဲဒီလိုမဟုတ်ဘဲနဲ့ သူတို့လုပ်ချင်သလိုလုပ်တာ။ ကျွန်မတို့မြန်မာတွေက နား မလည်ဘူး။ တစ်ခုခုဖြစ်ပြီဟေ့ဆိုရင် ဆန္ဒပြတာ။ ထိုင်းမှာ ဆန္ဒပြလို့ရမယ်။ ဒီမှာကလုံးဝဆန္ဒပြလို့ မရ ဘူး။ ဆန္ဒပြရင် စက်ရုံပိုင်ရှင်က ဘယ်လောက်အကျင့်ဆိုးလဲဆိုရင် သူတို့က ရဲကိုဖုန်းဆက်လိုက်တယ်။ ပြီးရင်စက်ရုံ တစ်ရုံလုံးသွား မြန်မာပြည်ပြန်ဆိုပြီး ပို့ပေးလိုက်တယ်။ တခြားနေရာမှာလည်း လုပ်ခွင့်မရှိ ဘူး။ ခေါင်းဆောင်လုပ်တဲ့လူတွေဆိုရင် ထောင်ထဲ ထည့်ပစ်လိုက်တယ်။ အဲဒါ လက်တွေ့နော်” ဟု ၎င်းကဆက် ပြောသည်။

ပြီးခဲ့သည့် ကာလက မြန်မာ-တရုတ် နယ်စပ်၊ မူဆယ်မြို့မှ တစ်ပတ်ကတ်နှင့် (၂)နှစ်သက် တမ်းရှိဗီဇာများဖြင့် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများစွာ ရှိနေပြီး ရွှေလီရှိ တစ်နှစ်အာမခံအလုပ်သမားကတ်များကိုင်ဆောင်ကာ အလုပ်လက်မဲ့ဖြစ်နေသူများလည်း များစွာရှိခဲ့ကြောင်း သိရသည်။

“ တရုတ်စက်ရုံက သူဌေးတွေက ရွှေလီထဲ မှာရှိတဲ့ အလုပ်သမားရုံးတွေကို လူဘယ်နှယောက် လိုချင်တယ်ဆိုပြီး ဆက်သွယ်လိုက်တယ်။ ရွှေလီ ထဲမှာရှိတဲ့ အလုပ်သမားရုံးတွေကနေပြီးတော့ မူဆယ် ကနေပြီးတော့ တက်လာတဲ့ မြန်မာတွေရှိ တယ်။ အဲဒီမြန်မာတွေထဲမှာ တချို့က ပွဲစားအာမခံ ပြီးခေါ် လာတဲ့ လူတွေရှိတယ်။ အဲဒီကျတော့ ရွှေလီမှာ ရှိတဲ့ အလုပ်သမားရုံးတွေနဲ့ မူဆယ်ကပွဲစားတွေနဲ့ ချိတ် ပြီးတော့ တရုတ်ဘက်ကို လာရတာ။ တစ်ပတ် ကတ်တွေဖွင့်ပေးပြီးနောက်ပိုင်းမှာ ရွှေလီမှာ မြန်မာ အလုပ်သမားတွေက အရမ်းကိုများပြီးတော့ တချို့ဆိုရင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ မအိပ်နိုင် တော့ လမ်းဘေးမှာ အိပ်တဲ့အဆင့်ထိကို ဖြစ်သွား တာ။ အဲဒီမှာ တရုတ်အစိုးရက မကြိုက်တော့ အလုပ်သမားရုံးတွေကို ပိတ်လိုက်တာ ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

zawgyi version
တ႐ုတ္ေရာက္ ျမန္မာအထည္ခ်ဳပ္လုပ္သားမ်ား လုပ္အားေခါင္းပုံျဖတ္ခံရမႈႏွင့္ ဖမ္းဆီးနယ္ႏွင္ခံရျခင္းမ်ားရွိေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၂

တ႐ုတ္ႏိုင္ငံတြင္ အထည္ခ်ဳပ္လုပ္သား အျဖစ္ သြားေရာက္အလုပ္လုပ္ကိုင္သည့္အခါ အဆင္မေျပ၍ ဆႏၵျပပါက ျပန္လႊတ္သည့္အျပင္ အဖမ္းခံရျခင္းမ်ားလည္းရွိေနေၾကာင္း ေ႐ႊလီေရာက္ ျမန္မာအလုပ္သမားတစ္ဦးက NP News သို႔ေျပာသည္။

လက္ရွိ တ႐ုတ္ႏိုင္ငံတြင္သြားေရာက္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာစက္႐ုံအလုပ္သမား အမ်ား စုမွာ တစ္လလွ်င္ တ႐ုတ္ေငြ ယြမ္(၁၅၀ဝ) မွ ယြမ္(၁၇၀ဝ)ၾကားသာရရွိေနၿပီး အဆိုပါလစာေငြ အတြင္းမွ တစ္လလွ်င္ ယြမ္(၇၀ဝ)ခန႔္မွာ လစဥ္ေခါင္းပုံျဖတ္ခံေနရေၾကာင္း သိရသည္။ “တ႐ုတ္ျပည္က စက္႐ုံထဲ မွာေကြၽးတဲ့ အစားအစာကို ျမန္မာေတြလုံးဝမ စားႏိုင္ဘူး။ အဓိက ဆန္ကစၿပီးေတာ့ေပါ့။ ျမန္မာေတြက ဆန္က ဘယ္ေလာက္ၾကမ္းၾကမ္းစားႏိုင္တယ္။ ဒီမွာက လုံးဝဆန္ေစးေတြေကြၽးတာ။ အစားအ ေသာက္ က လုံးဝကြာျခားတယ္။ အဲဒါေၾကာင့္ ျမန္မာေတြ ဝယ္စားတာနဲ႔ ျဖတ္တာနဲ႔ဘာနဲ႔ဆိုရင္ လုံးဝမက်န္ဘူး။ ၿပီးေတာ့ တစ္ပတ္ကတ္ရဖို႔ကလည္း (၂)လ (၃)လေစာင့္ရတယ္။ ဒီလိုမွမဟုတ္လို႔ ကိုယ္က VIP ဝယ္ မယ္ဆို ယြမ္ (၂၀ဝဝ) ယြမ္(၃၀ဝဝ)အစားစားရွိတယ္။ အဲဒီလိုဆိုေတာ့ အလုပ္သမားတစ္ေယာက္ကို ယြမ္ (၇၀ဝဝ) ေလာက္ ရွိတယ္။ အဲဒါအလုပ္သမား တစ္ေယာက္ရဲ႕ ကုန္က် စရိတ္ပါ။ အဲဒါကို စက္႐ုံကေန တစ္လခ်င္း သူတို႔ စိုက္ေပးထားတဲ့ (၇၀ဝဝ)ကို တစ္လခ်င္း (၅၀ဝ) စီျဖတ္တယ္။ ၿပီးရင္ ကိုယ္က စက္ခ်ဳပ္တာ မွားသြားမယ္။ တစ္ခုခုဆိုရင္ ဒဏ္ေၾကးေတြရွိတယ္။ ရက္ပ်က္ေၾကး ဘာေတြရွိတယ္” ဟု အထက္ပါသတင္းရင္း ျမစ္က ဆိုသည္။

ထို႔ျပင္ ျမန္မာအလုပ္သမားအမ်ားစုမွာ စာခ်ဳပ္ပါသတ္မွတ္အလုပ္ခ်ိန္ထက္ပိုမိုအလုပ္လုပ္ရ သည့္အျပင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသည့္ျဖစ္စဥ္မ်ား၊ ဖိႏွိပ္မႈမ်ားစြာလည္းႀကဳံေတြ႕ေနရေၾကာင္း ၎ကဆိုသည္။ “ ထိုင္းေတြဘယ္ေတြမွာ သြားလုပ္တာထက္ အခြင့္အေရးပိုမရဘူး။ ကြၽန္မတို႔ မ်က္စိ ေရွ႕တင္ ဒုကၡေရာက္ေနတဲ့လူေတြ တစ္ပုံႀကီးပဲ။ စက္႐ုံထဲမွာလည္း မစားႏိုင္တာ၊ မလုပ္ႏိုင္တာရွိတယ္။ အဲဒီလိုမ်ိဳးေတြနဲ႔ အလုပ္ဆိုရင္လည္း မနက္(၈)နာရီကေန ညေန(၆)နာရီ လို႔ေျပာေပမယ့္လည္း ဒီ အထဲကိုေရာက္သြားရင္ အဲဒီလိုမဟုတ္ဘဲနဲ႔ သူတို႔လုပ္ခ်င္သလိုလုပ္တာ။ ကြၽန္မတို႔ျမန္မာေတြက နား မလည္ဘူး။ တစ္ခုခုျဖစ္ၿပီေဟ့ဆိုရင္ ဆႏၵျပတာ။ ထိုင္းမွာ ဆႏၵျပလို႔ရမယ္။ ဒီမွာကလုံးဝဆႏၵျပလို႔ မရ ဘူး။ ဆႏၵျပရင္ စက္႐ုံပိုင္ရွင္က ဘယ္ေလာက္အက်င့္ဆိုးလဲဆိုရင္ သူတို႔က ရဲကိုဖုန္းဆက္လိုက္တယ္။ ၿပီးရင္စက္႐ုံ တစ္႐ုံလုံးသြား ျမန္မာျပည္ျပန္ဆိုၿပီး ပို႔ေပးလိုက္တယ္။ တျခားေနရာမွာလည္း လုပ္ခြင့္မရွိ ဘူး။ ေခါင္းေဆာင္လုပ္တဲ့လူေတြဆိုရင္ ေထာင္ထဲ ထည့္ပစ္လိုက္တယ္။ အဲဒါ လက္ေတြ႕ေနာ္” ဟု ၎ကဆက္ ေျပာသည္။

ၿပီးခဲ့သည့္ ကာလက ျမန္မာ-တ႐ုတ္ နယ္စပ္၊ မူဆယ္ၿမိဳ႕မွ တစ္ပတ္ကတ္ႏွင့္ (၂)ႏွစ္သက္ တမ္းရွိဗီဇာမ်ားျဖင့္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအလုပ္သမားမ်ားစြာ ရွိေနၿပီး ေ႐ႊလီရွိ တစ္ႏွစ္အာမခံအလုပ္သမားကတ္မ်ားကိုင္ေဆာင္ကာ အလုပ္လက္မဲ့ျဖစ္ေနသူမ်ားလည္း မ်ားစြာရွိခဲ့ေၾကာင္း သိရသည္။

“ တ႐ုတ္စက္႐ုံက သူေဌးေတြက ေ႐ႊလီထဲ မွာရွိတဲ့ အလုပ္သမား႐ုံးေတြကို လူဘယ္ႏွေယာက္ လိုခ်င္တယ္ဆိုၿပီး ဆက္သြယ္လိုက္တယ္။ ေ႐ႊလီ ထဲမွာရွိတဲ့ အလုပ္သမား႐ုံးေတြကေနၿပီးေတာ့ မူဆယ္ ကေနၿပီးေတာ့ တက္လာတဲ့ ျမန္မာေတြရွိ တယ္။ အဲဒီျမန္မာေတြထဲမွာ တခ်ိဳ႕က ပြဲစားအာမခံ ၿပီးေခၚ လာတဲ့ လူေတြရွိတယ္။ အဲဒီက်ေတာ့ ေ႐ႊလီမွာ ရွိတဲ့ အလုပ္သမား႐ုံးေတြနဲ႔ မူဆယ္ကပြဲစားေတြနဲ႔ ခ်ိတ္ ၿပီးေတာ့ တ႐ုတ္ဘက္ကို လာရတာ။ တစ္ပတ္ ကတ္ေတြဖြင့္ေပးၿပီးေနာက္ပိုင္းမွာ ေ႐ႊလီမွာ ျမန္မာ အလုပ္သမားေတြက အရမ္းကိုမ်ားၿပီးေတာ့ တခ်ိဳ႕ဆိုရင္ ဟိုတယ္ေတြ၊ တည္းခိုခန္းေတြမွာ မအိပ္ႏိုင္ ေတာ့ လမ္းေဘးမွာ အိပ္တဲ့အဆင့္ထိကို ျဖစ္သြား တာ။ အဲဒီမွာ တ႐ုတ္အစိုးရက မႀကိဳက္ေတာ့ အလုပ္သမား႐ုံးေတြကို ပိတ္လိုက္တာ ” ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

Related news

© 2021. All rights reserved.