ကျားဖျန့် တိုက်ဖျက်ရေး အတွက် နိုင်ငံတော်အစိုးရ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ် နှင့် လက်တွဲမည်ဟု BGF ဆို
531
သုတကျော် (NP News) - ဇန္နဝါရီ ၂၃
ကျားဖန့် တိုက်ဖျက်ရေး အတွက် နိုင်ငံတော်အစိုးရ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ် နှင့် လက်တွဲမည် ဖြစ်ကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) က ထုတ်ပြန်သည်။
ကျားဖျန့် နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေချိန်တွင် BGF က ယခု ကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) သည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ တရားဝင်စီမံကိန်းများကို ဆောင်ရွက်အကောင်အထည်ဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဖော်ဆောင်ရာတွင် ဝင်ငွေနည်းသည့်မိသားစုလယ်ယာစိုက်ပျိုးရေးစနစ်အစား မိသားစုဝင်ငွေတိုးစေသည့် စက်ရုံ၊ အလုပ်ရုံ၊ အိမ်ရာစီမံကိန်းနှင့် အပန်းဖြေဧည့်ရိပ်သာစသည့် အများပြည်သူကို အလုပ်အကိုင် အခွင့်အရေးရရှိစေသော လုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ကာ အကျိုးတူဆောင်ရွက်သည့်စနစ် မဟုတ်ဘဲ နှစ်ရှည်မြေယာငှါးရမ်းသည့်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ အများအကျိုးပြုရည်ရွယ်ချက်ဖြင့်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော မသမာသည့် ရင်းနှီးမြှုပ်နှံသူများသည် ဒုစရိုက်မှုများကိုပါ ဆောင်ရွက်လာကြကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ ဒုစရိုက်မှုများအား အများပြည်သူသိရှိရှောင်ရှားနိုင်ရန် အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များအား သတိပေး တားမြစ်ခြင်းနှင့် ကျူးလွန်သူကိုဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး သတင်းရရှိသော လူကုန်ကူးမှုများကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန် များတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ပူးပေါင်းဖော်ထုတ်ကူညီပေးလျက်ရှိသည်ဟု စာတွင် ရေးထားသည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် ဒေသအတွင်းလာရောက်၍ ဖွံ့ဖြိုးရေး လုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်လက်တွဲခြင်းဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှုများကို လုံးဝ( လုံးဝ) လက်မခံဘဲ အတိအလင်းတားမြစ်ထားသည်ဟုလည်း ရေးထားသည်။
ထိုသို့ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်းမိတ်ဖက် အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာကိုယ်စားလှယ်များတို့နှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်တွင် ကတိပြုထားသည်။
zawgyi version
က်ားဖ်န႔္ တိုက္ဖ်က္ေရး အတြက္ ႏိုင္ငံေတာ္အစိုးရ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၊ ကိုယ္စားလွယ္ ႏွင့္ လက္တြဲမည္ဟု BGF ဆို
သုတေက်ာ္ (NP News) - ဇႏၷဝါရီ ၂၃
က်ားဖန႔္ တိုက္ဖ်က္ေရး အတြက္ ႏိုင္ငံေတာ္အစိုးရ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား၊ ကိုယ္စားလွယ္ ႏွင့္ လက္တြဲမည္ ျဖစ္ေၾကာင္း နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္) က ထုတ္ျပန္သည္။
က်ားဖ်န႔္ ႏွင့္ ပတ္သက္၍ ေဝဖန္မႈမ်ား ရွိေနခ်ိန္တြင္ BGF က ယခု ကဲ့သို႔ ထုတ္ျပန္လာျခင္း ျဖစ္သည္။
နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္) သည္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚကာ တရားဝင္စီမံကိန္းမ်ားကို ေဆာင္႐ြက္အေကာင္အထည္ေဖာ္ေဆာင္ခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထိုသို႔ ေဖာ္ေဆာင္ရာတြင္ ဝင္ေငြနည္းသည့္မိသားစုလယ္ယာစိုက္ပ်ိဳးေရးစနစ္အစား မိသားစုဝင္ေငြတိုးေစသည့္ စက္႐ုံ၊ အလုပ္႐ုံ၊ အိမ္ရာစီမံကိန္းႏွင့္ အပန္းေျဖဧည့္ရိပ္သာစသည့္ အမ်ားျပည္သူကို အလုပ္အကိုင္ အခြင့္အေရးရရွိေစေသာ လုပ္ငန္းမ်ားကို ဦးစားေပးဖိတ္ေခၚကာ အက်ိဳးတူေဆာင္႐ြက္သည့္စနစ္ မဟုတ္ဘဲ ႏွစ္ရွည္ေျမယာငွါးရမ္းသည့္စနစ္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထိုသို႔ အမ်ားအက်ိဳးျပဳရည္႐ြယ္ခ်က္ျဖင့္ေဆာင္႐ြက္လ်က္ရွိေသာ္လည္း အခ်ိဳ႕ေသာ မသမာသည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ဒုစ႐ိုက္မႈမ်ားကိုပါ ေဆာင္႐ြက္လာၾကေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ အဆိုပါ ဒုစ႐ိုက္မႈမ်ားအား အမ်ားျပည္သူသိရွိေရွာင္ရွားႏိုင္ရန္ အသိပညာေပးျခင္း၊ လုပ္ငန္းရွင္မ်ားအား သတိေပး တားျမစ္ျခင္းႏွင့္ က်ဴးလြန္သူကိုေဖာ္ထုတ္အေရးယူျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိၿပီး သတင္းရရွိေသာ လူကုန္ကူးမႈမ်ားကိုလည္း သက္ဆိုင္ရာေဒသအာဏာပိုင္မ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ သံတမန္ မ်ားတို႔ႏွင့္ စဥ္ဆက္မျပတ္ ဆက္သြယ္ပူးေပါင္းေဖာ္ထုတ္ကူညီေပးလ်က္ရွိသည္ဟု စာတြင္ ေရးထားသည္။
နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္) အေနျဖင့္ ေဒသအတြင္းလာေရာက္၍ ဖြံ႕ၿဖိဳးေရး လုပ္ကိုင္မည့္ လုပ္ငန္းရွင္မ်ားကိုသာ ဖိတ္ေခၚလက္တြဲျခင္းျဖစ္ၿပီး ဒုစ႐ိုက္မႈ၊ မသမာမႈ၊ လူကုန္ကူးမႈမ်ားကို လုံးဝ( လုံးဝ) လက္မခံဘဲ အတိအလင္းတားျမစ္ထားသည္ဟုလည္း ေရးထားသည္။
ထိုသို႔ရာဇဝတ္မႈက်ဴးလြန္သူမ်ားကို တားဆီးဆန႔္က်င္တိုက္ဖ်က္ေရးအတြက္ ေဒသတြင္းမိတ္ဖက္ အဖြဲ႕အစည္းမ်ား၊ ေဒသအာဏာပိုင္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေတာ္အစိုးရ၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတကာကိုယ္စားလွယ္မ်ားတို႔ႏွင့္အတူ ပူးေပါင္းလက္တြဲေဆာင္႐ြက္သြားမည္ ဟု ထုတ္ျပန္ခ်က္တြင္ ကတိျပဳထားသည္။