တရားမဝင် ရော်ဘာတင်ပို့မှုများကြောင့် ပို့ကုန်ရငွေ ဒေါ်လာသန်း(၂၀ဝ)နီးပါး နှစ်စဉ်နစ်နာဆုံးရှုံးနေ

868

ယွန်း (NP News) - ဇန်နဝါရီ ၂၄
တရားမဝင်ရော်ဘာတင်ပို့မှုများကြောင့် ပို့ကုန်ရငွေ အနည်းဆုံး ဒေါ်လာသန်း(၂၀ဝ)နီးပါး နှစ်စဉ် နစ်နာဆုံးရှုံးနေရကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
တရားမဝင်ရော်ဘာများကို တနင်္သာရီ၊ မြိတ်၊ ကော့သောင်းနှင့် တာချီလိတ်တို့မှ တင်ပို့နေ ခြင်းဖြစ်ပြီး ကိုယ်ပိုင်ဆိပ်ကမ်းများမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ တိုက်ရိုက်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
“တနင်္သာရီတိုင်းတို့၊ မြိတ်တို့၊ ကော့သောင်းတို့ဘက်ကနေထွက်တယ်။ မွန်ပြည်နယ် ဘက် ကတော့ မထွက်တော့ဘူး။ တာချီလိတ်ဘက်ကနေလည်း ထွက်နေတယ်။ အဓိက ကတော့ ရေ လမ်းကလွတ်နေတယ်။ ကုန်လမ်းတွေကတော့ မြဝတီတို့၊ ထီးခီးတို့၊ မောတောင်တို့ကျတော့ ထိုင်းက လက်မခံတဲ့အတွက် သွားလို့မရဘူး။ လွတ်တာကတော့ ရေလမ်းတွေကပဲလွတ်တာဆိုတော့ မြိတ်မှာက ကိုယ်ပိုင်ဆိပ်ကမ်းတွေရှိတယ်။ အဲဒီကိုယ်ပိုင်ဆိပ်ကမ်းတွေကနေ စက်လှေနဲ့တင်သွားပြီးတော့ မလေးရှားကို တိုက်ရိုက်သွားတာအများဆုံးပါပဲ။ အောက်ကဝန်းထဲကို ထည့်ပြီးသွားကြတာပေါ့။ အခွန်လည်းမဆောင်ရပါဘူး။ မလေးရှားဘက်ကိုရောက်ရင်လည်း မစစ်ဘူး"ဟု ရော်ဘာလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
ထိုသို့တင်ပို့မှုများကြောင့် မလေးရှားနိုင်ငံသို့ နှစ်စဉ် ရော်ဘာတန်ချိန်(၁)သိန်းနီးပါး တရားမဝင် ရောက်ရှိနေကြောင်းသိရပြီး ပို့ကုန်ရငွေ ဒေါ် လာသန်း(၂၀ဝ)နီးပါးကို နှစ်စဉ်ဆုံးရှုံးလျက်ရှိသည်။ “လက်ရှိပေါက်ဈေးက တစ်တန်ကို ဒေါ်လာ(၁၇၀ဝ)ရှိတယ်။ တွက်ကြည့်မယ်ဆိုရင် နှစ်စဉ် အနည်းဆုံးဒေါ်လာသိန်း(၁၇၀ဝ)နဲ့ (၂၀ဝဝ)က ပို့ကုန်ရငွေအဖြစ် ပြန်ရောက်လာရမယ့်ဟာပေါ့။ ဒါပေမဲ့ အခုကတော့ နစ်နာနေတာပေါ့။ အခွန်ဆိုရင် (၂) ရာခိုင်နှုန်းပေးရမယ်။ အခွန်အနေနဲ့ဆိုရင် ဒေါ်လာ(၃)သန်းကနေ (၄)သန်းဝန်းကျင်တော့ နှစ်စဉ် နစ်နာတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံမှရော်ဘာများကို တရုတ်နိုင်ငံသို့ (၇၅)ရာခိုင်နှုန်းတင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားနှင့် ဂျပန်စသည့်နိုင်ငံများသို့လည်းတင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ရော်ဘာ သည် ပြည်တွင်း၌ မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိပြီး ဒုတိယအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအနေဖြင့် ကရင်ပြည်နယ်တို့မှထွက်ရှိသည့်အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ တရားမဝင်ရော်ဘာတင်ပို့ရောင်းချမှုများမှာ ယခင်တည်းကပင်ရှိခဲ့ခြင်းဖြစ် သော်လည်း ပြီးခဲ့သည့် (၂)နှစ်ခန့်မှစ၍ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း သိရသည်။ “အဲဒီလိုတွေပို့နေတာက ကြာပြီ။ ကျွန်တော်တို့နိုင်ငံမှာက တန်ချိန်(၈၀ဝဝဝ)၊ (၁)သိန်းလောက်ကတော့ နှစ်စဉ်ပျောက်နေတာ။ ပိုပြီးလွတ်လွတ်လပ်လပ်လုပ်လို့ရတာကတော့ (၂၀၂၂- ၂၀၂၃) လောက်မှာ ပိုများလာတာ။ ကုန်ကြမ်းအနေနဲ့ ဒီဘက်ကနေထွက်တယ်။ ရော်ဘာအချပ်လိုက်တွေပို့ တယ်၊ အတုံးအခဲလိုက်တွေ ပို့တယ်။ ဒါပေမဲ့ အရည် အသွေးမီတဲ့ဟာတွေမဟုတ်ဘူး။ မလေးရှားဘက် ကိုဆို တစ်လကို တန်ချိန်(၃၀ဝဝ)၊ (၄၀ဝဝ)လောက် အထိရောက်နေတယ်” ဟု အထက်ပါ ရော်ဘာ လုပ်ငန်းရှင်က ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရော်ဘာစိုက်ဧက (၁၆၄၀ဝဝဝ)ဧကရှိရာ နှစ်စဉ် တန်ချိန်(၂)သိန်းကျော်ထွက်ရှိပြီး ယခု (၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်တွင် တန်ချိန် (၃၂၆၀ဝဝ) တင်ပို့နိုင်ရန် လျာထားကြောင်း သိရသည်။
zawgyi version
တရားမဝင္ ေရာ္ဘာတင္ပို႔မႈမ်ားေၾကာင့္ ပို႔ကုန္ရေငြ ေဒၚလာသန္း(၂၀ဝ)နီးပါး ႏွစ္စဥ္နစ္နာဆုံးရႈံးေန
ယြန္း (NP News) - ဇန္နဝါရီ ၂၄
တရားမဝင္ေရာ္ဘာတင္ပို႔မႈမ်ားေၾကာင့္ ပို႔ကုန္ရေငြ အနည္းဆုံး ေဒၚလာသန္း(၂၀ဝ)နီးပါး ႏွစ္စဥ္ နစ္နာဆုံးရႈံးေနရေၾကာင္း ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သည့္အသိုင္းအဝိုင္းထံမွ သိရသည္။
တရားမဝင္ေရာ္ဘာမ်ားကို တနသၤာရီ၊ ၿမိတ္၊ ေကာ့ေသာင္းႏွင့္ တာခ်ီလိတ္တို႔မွ တင္ပို႔ေန ျခင္းျဖစ္ၿပီး ကိုယ္ပိုင္ဆိပ္ကမ္းမ်ားမွတစ္ဆင့္ ေရလမ္းေၾကာင္းျဖင့္ မေလးရွားႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“တနသၤာရီတိုင္းတို႔၊ ၿမိတ္တို႔၊ ေကာ့ေသာင္းတို႔ဘက္ကေနထြက္တယ္။ မြန္ျပည္နယ္ ဘက္ ကေတာ့ မထြက္ေတာ့ဘူး။ တာခ်ီလိတ္ဘက္ကေနလည္း ထြက္ေနတယ္။ အဓိက ကေတာ့ ေရ လမ္းကလြတ္ေနတယ္။ ကုန္လမ္းေတြကေတာ့ ျမဝတီတို႔၊ ထီးခီးတို႔၊ ေမာေတာင္တို႔က်ေတာ့ ထိုင္းက လက္မခံတဲ့အတြက္ သြားလို႔မရဘူး။ လြတ္တာကေတာ့ ေရလမ္းေတြကပဲလြတ္တာဆိုေတာ့ ၿမိတ္မွာက ကိုယ္ပိုင္ဆိပ္ကမ္းေတြရွိတယ္။ အဲဒီကိုယ္ပိုင္ဆိပ္ကမ္းေတြကေန စက္ေလွနဲ႔တင္သြားၿပီးေတာ့ မေလးရွားကို တိုက္႐ိုက္သြားတာအမ်ားဆုံးပါပဲ။ ေအာက္ကဝန္းထဲကို ထည့္ၿပီးသြားၾကတာေပါ့။ အခြန္လည္းမေဆာင္ရပါဘူး။ မေလးရွားဘက္ကိုေရာက္ရင္လည္း မစစ္ဘူး"ဟု ေရာ္ဘာလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
ထိုသို႔တင္ပို႔မႈမ်ားေၾကာင့္ မေလးရွားႏိုင္ငံသို႔ ႏွစ္စဥ္ ေရာ္ဘာတန္ခ်ိန္(၁)သိန္းနီးပါး တရားမဝင္ ေရာက္ရွိေနေၾကာင္းသိရၿပီး ပို႔ကုန္ရေငြ ေဒၚ လာသန္း(၂၀ဝ)နီးပါးကို ႏွစ္စဥ္ဆုံးရႈံးလ်က္ရွိသည္။ “လက္ရွိေပါက္ေဈးက တစ္တန္ကို ေဒၚလာ(၁၇၀ဝ)ရွိတယ္။ တြက္ၾကည့္မယ္ဆိုရင္ ႏွစ္စဥ္ အနည္းဆုံးေဒၚလာသိန္း(၁၇၀ဝ)နဲ႔ (၂၀ဝဝ)က ပို႔ကုန္ရေငြအျဖစ္ ျပန္ေရာက္လာရမယ့္ဟာေပါ့။ ဒါေပမဲ့ အခုကေတာ့ နစ္နာေနတာေပါ့။ အခြန္ဆိုရင္ (၂) ရာခိုင္ႏႈန္းေပးရမယ္။ အခြန္အေနနဲ႔ဆိုရင္ ေဒၚလာ(၃)သန္းကေန (၄)သန္းဝန္းက်င္ေတာ့ ႏွစ္စဥ္ နစ္နာတာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံမွေရာ္ဘာမ်ားကို တ႐ုတ္ႏိုင္ငံသို႔ (၇၅)ရာခိုင္ႏႈန္းတင္ပို႔ေနၿပီး စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ကိုရီးယားႏွင့္ ဂ်ပန္စသည့္ႏိုင္ငံမ်ားသို႔လည္းတင္ပို႔လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရသည္။ ေရာ္ဘာ သည္ ျပည္တြင္း၌ မြန္ျပည္နယ္တြင္ အမ်ားဆုံးထြက္ရွိၿပီး ဒုတိယအေနျဖင့္ တနသၤာရီတိုင္းေဒသႀကီးႏွင့္ တတိယအေနျဖင့္ ကရင္ျပည္နယ္တို႔မွထြက္ရွိသည့္အျပင္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္လည္း စိုက္ပ်ိဳးလ်က္ရွိေၾကာင္း သိရသည္။
ျပည္တြင္း၌ တရားမဝင္ေရာ္ဘာတင္ပို႔ေရာင္းခ်မႈမ်ားမွာ ယခင္တည္းကပင္ရွိခဲ့ျခင္းျဖစ္ ေသာ္လည္း ၿပီးခဲ့သည့္ (၂)ႏွစ္ခန႔္မွစ၍ ပိုမိုဆိုး႐ြားလာျခင္းျဖစ္ေၾကာင္း သိရသည္။ “အဲဒီလိုေတြပို႔ေနတာက ၾကာၿပီ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာက တန္ခ်ိန္(၈၀ဝဝဝ)၊ (၁)သိန္းေလာက္ကေတာ့ ႏွစ္စဥ္ေပ်ာက္ေနတာ။ ပိုၿပီးလြတ္လြတ္လပ္လပ္လုပ္လို႔ရတာကေတာ့ (၂၀၂၂- ၂၀၂၃) ေလာက္မွာ ပိုမ်ားလာတာ။ ကုန္ၾကမ္းအေနနဲ႔ ဒီဘက္ကေနထြက္တယ္။ ေရာ္ဘာအခ်ပ္လိုက္ေတြပို႔ တယ္၊ အတုံးအခဲလိုက္ေတြ ပို႔တယ္။ ဒါေပမဲ့ အရည္ အေသြးမီတဲ့ဟာေတြမဟုတ္ဘူး။ မေလးရွားဘက္ ကိုဆို တစ္လကို တန္ခ်ိန္(၃၀ဝဝ)၊ (၄၀ဝဝ)ေလာက္ အထိေရာက္ေနတယ္” ဟု အထက္ပါ ေရာ္ဘာ လုပ္ငန္းရွင္က ေျပာသည္။
လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရာ္ဘာစိုက္ဧက (၁၆၄၀ဝဝဝ)ဧကရွိရာ ႏွစ္စဥ္ တန္ခ်ိန္(၂)သိန္းေက်ာ္ထြက္ရွိၿပီး ယခု (၂၀၂၄- ၂၀၂၅) ဘ႑ာႏွစ္တြင္ တန္ခ်ိန္ (၃၂၆၀ဝဝ) တင္ပို႔ႏိုင္ရန္ လ်ာထားေၾကာင္း သိရသည္။