နိုင်ငံတကာဈေးနှုန်း အရှိန်အဟုန်ဖြင့်ကျဆင်းနေခြင်းကြောင့် ပြည်တွင်းဆန်စပါးဈေးကွက်တွင် ဝယ်လိုအားကျဆင်းနေ

653

Zawgyi Version:
ယွန်း(NP News)- ဇန်နဝါရီ ၂၅
နိုင်ငံတကာဈေးနှုန်း အရှိန်အဟုန်ဖြင့်ကျဆင်းနေခြင်းကြောင့် ပြည်တွင်းဆန်စပါးဈေးကွက်တွင်လည်း ဝယ်လိုအားကျဆင်းနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ဦးရဲမင်းအောင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အထွေထွေညီလာခံ၌ အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆန်စပါးဈေးကွက်အတွင်း၌ ဝယ်လိုအားကျဆင်းမှုဖြစ်ပေါ်နေပြီး ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့်လည်း ဝယ်ယူရန်ခက်ခဲနေကြောင်း သိရသည်။
"ဆန်စပါးဈေးကွက်အတွင်းမှာ ဝယ်လိုအားကျဆင်းနေတဲ့အခက်အခဲဖြစ်ပါတယ်။ ဆန်စက်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝယ်ယူဖို့အတွက် အခက်အခဲဖြစ်နေတယ်။ ပြည်ပတင်ပို့ တဲ့ကုမ္ပဏီများအနေနဲ့လည်း အခက်အခဲတွေဖြစ်နေတယ်။ အဓိကက ဘာကြောင့်ဖြစ်တာလဲဆိုတော့ နိုင်ငံတကာဈေးနှုန်းတွေပြုတ်ကျတဲ့ အနေအထားဖြစ်ပါတယ်။ နိုင်ငံတကာဈေးနှုန်းတွေက အင်မတန်မှ ထူးခြားစွာနဲ့ အရှိန်အဟုန်နဲ့ဈေးတွေထိုးကျနေတာတွေ့ရပါတယ်" ဟု ဦးရဲမင်းအောင်က ပြောသည်။
ထိုသို့နိုင်ငံတကာဈေးနှုန်းကျဆင်းမှုသည် ပြည်ပတင်ပို့သည့်ဧည့်မထဆန်များတွင် အဓိကကြုံတွေ့နေရပြီး ကုမ္ပဏီများနှင့် ဆန်စက်များအနေဖြင့် လယ်သမားများထံမှ စပါးများကို ထိန်း၍ဝယ်ယူပေးရန် ဦးရဲမင်းအောင်က အသိပေးထားသည်။
"နိုင်ငံတကာဈေးကွက်ရဲ့ ဈေးနှုန်းအနေအထားတွေကြောင့် ပြည်တွင်းဝယ်လိုအားတွေကျဆင်းပါတယ်။ စပါးဈေးတွေကျတယ်။ စပါးဈေးကျတယ်ဆိုတဲ့နေရာမှာ ဧည့်မထစပါးတွေ ကျတာများပါတယ်။ အထူးဧည့်မထတွေနဲ့ ပေါ်ဆန်းစပါးတွေကတော့ သိသိသာသာကျတဲ့အနေအထားမဟုတ်ပါဘူး။ Export နဲ့ဆက်စပ်တဲ့စပါးတွေ၊ Export နဲ့ ပတ်သက်တဲ့ ဆန်ဈေးတွေ ကျဆင်းမှုကို ကြုံတွေ့နေရပါတယ်။ ကုမ္ပဏီနဲ့စုပေါင်းမယ်၊ ဆန်စက်တွေနဲ့စုပေါင်းမယ်၊ တတ်နိုင်သမျှတောင်သူတွေအဆင်ပြေအောင် အထူးသဖြင့် ဧည့်မထစပါး စိုက်ပျိုးတဲ့တောင်သူတွေအဆင်ပြေအောင် ထိန်းပြီးတော့ ဝယ်ယူပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်"ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါဝယ်လိုအားကျဆင်းမှုအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အစိုးရဌာနဆိုင်ရာများက ညှိနှိုင်း၍ ဧည့်မထဆန်များနှင့် ဧည့်မထစပါးများကို သင့်တင့်မျှတသည့် ဈေးနှုန်းတစ်ခုသို့ရောက်ရှိနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းပြီး နိုင်ငံတကာဈေးကွက်၌ ပိုပြီးရောင်းချနိုင်စေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။။

Zawgyi Version:
ႏိုင္ငံတကာေဈးႏႈန္း အရွိန္အဟုန္ျဖင့္က်ဆင္းေနျခင္းေၾကာင့္ ျပည္တြင္းဆန္စပါးေဈးကြက္တြင္ ဝယ္လိုအားက်ဆင္းေန
ယြန္း(NP News)- ဇန္နဝါရီ ၂၅
ႏိုင္ငံတကာေဈးႏႈန္း အရွိန္အဟုန္ျဖင့္က်ဆင္းေနျခင္းေၾကာင့္ ျပည္တြင္းဆန္စပါးေဈးကြက္တြင္လည္း ဝယ္လိုအားက်ဆင္းေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။
ဦးရဲမင္းေအာင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) ၏ ႏွစ္ပတ္လည္အေထြေထြအစည္းအေဝးႏွင့္ အေထြေထြညီလာခံ၌ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ဆန္စပါးေဈးကြက္အတြင္း၌ ဝယ္လိုအားက်ဆင္းမႈျဖစ္ေပၚေနၿပီး ဆန္စပါးလုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ဝယ္ယူရန္ခက္ခဲေနေၾကာင္း သိရသည္။
"ဆန္စပါးေဈးကြက္အတြင္းမွာ ဝယ္လိုအားက်ဆင္းေနတဲ့အခက္အခဲျဖစ္ပါတယ္။ ဆန္စက္လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ဝယ္ယူဖို႔အတြက္ အခက္အခဲျဖစ္ေနတယ္။ ျပည္ပတင္ပို႔ တဲ့ကုမၸဏီမ်ားအေနနဲ႔လည္း အခက္အခဲေတြျဖစ္ေနတယ္။ အဓိကက ဘာေၾကာင့္ျဖစ္တာလဲဆိုေတာ့ ႏိုင္ငံတကာေဈးႏႈန္းေတြျပဳတ္က်တဲ့ အေနအထားျဖစ္ပါတယ္။ ႏိုင္ငံတကာေဈးႏႈန္းေတြက အင္မတန္မွ ထူးျခားစြာနဲ႔ အရွိန္အဟုန္နဲ႔ေဈးေတြထိုးက်ေနတာေတြ႕ရပါတယ္" ဟု ဦးရဲမင္းေအာင္က ေျပာသည္။
ထိုသို႔ႏိုင္ငံတကာေဈးႏႈန္းက်ဆင္းမႈသည္ ျပည္ပတင္ပို႔သည့္ဧည့္မထဆန္မ်ားတြင္ အဓိကႀကဳံေတြ႕ေနရၿပီး ကုမၸဏီမ်ားႏွင့္ ဆန္စက္မ်ားအေနျဖင့္ လယ္သမားမ်ားထံမွ စပါးမ်ားကို ထိန္း၍ဝယ္ယူေပးရန္ ဦးရဲမင္းေအာင္က အသိေပးထားသည္။
"ႏိုင္ငံတကာေဈးကြက္ရဲ႕ ေဈးႏႈန္းအေနအထားေတြေၾကာင့္ ျပည္တြင္းဝယ္လိုအားေတြက်ဆင္းပါတယ္။ စပါးေဈးေတြက်တယ္။ စပါးေဈးက်တယ္ဆိုတဲ့ေနရာမွာ ဧည့္မထစပါးေတြ က်တာမ်ားပါတယ္။ အထူးဧည့္မထေတြနဲ႔ ေပၚဆန္းစပါးေတြကေတာ့ သိသိသာသာက်တဲ့အေနအထားမဟုတ္ပါဘူး။ Export နဲ႔ဆက္စပ္တဲ့စပါးေတြ၊ Export နဲ႔ ပတ္သက္တဲ့ ဆန္ေဈးေတြ က်ဆင္းမႈကို ႀကဳံေတြ႕ေနရပါတယ္။ ကုမၸဏီနဲ႔စုေပါင္းမယ္၊ ဆန္စက္ေတြနဲ႔စုေပါင္းမယ္၊ တတ္ႏိုင္သမွ်ေတာင္သူေတြအဆင္ေျပေအာင္ အထူးသျဖင့္ ဧည့္မထစပါး စိုက္ပ်ိဳးတဲ့ေတာင္သူေတြအဆင္ေျပေအာင္ ထိန္းၿပီးေတာ့ ဝယ္ယူေပးဖို႔လည္း ေမတၱာရပ္ခံလိုပါတယ္"ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါဝယ္လိုအားက်ဆင္းမႈအေပၚ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ႏွင့္ အစိုးရဌာနဆိုင္ရာမ်ားက ညႇိႏႈိင္း၍ ဧည့္မထဆန္မ်ားႏွင့္ ဧည့္မထစပါးမ်ားကို သင့္တင့္မွ်တသည့္ ေဈးႏႈန္းတစ္ခုသို႔ေရာက္ရွိႏိုင္ေရးကို ဝိုင္းဝန္းႀကိဳးပမ္းၿပီး ႏိုင္ငံတကာေဈးကြက္၌ ပိုၿပီးေရာင္းခ်ႏိုင္ေစေရး စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။။