COVID-19 ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းကနေ ပေါက်ဖွားနိုင်ခြေများတယ်လို့ CIA ပြော
565
ရောင်နီ (NP News) - ဇန်နဝါရီ ၂၇
COVID-19 ဗိုင်းရပ်စ်ရောဂါပိုးဟာ သဘာဝအတိုင်းဖြစ်လာတာမဟုတ်ဘဲ ဓာတ်ခွဲခန်းကနေ ထွက်ပေါ်လာတာ ဖြစ်နိုင်ခြေများတယ်လို့ Central Intelligence Agency (CIA) က မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့ (ဇန်နဝါရီလ ၂၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။
COVID-19 ဟာ ဓာတ်ခွဲခန်းက ပေါက်ထွက်လာတဲ့ ဗိုင်းရပ်စ်တစ်ခုလား၊ ဒါမှမဟုတ် သဘာဝက ဖြစ်ပေါ်လာသလား ဆိုတာကို နှစ်အနည်းငယ်ကြာတဲ့ထိ ရှင်းလင်းတဲ့အဖြေ မရခဲ့ပါဘူး။ ဒါပေမယ့် ဘိုင်ဒန်အုပ်ချုပ်ရေးကာလ နောက်ဆုံးအပတ်မှာ CIA ဒါရိုက်တာဟောင်း ဝီလီယံဘန်းစ်က CIA လေ့လာဆန်းစစ်သူတွေနဲ့ သိပ္ပံပညာရှင်တွေကို ဗိုင်းရပ်စ်ရဲ့ရင်းမြစ်အပေါ် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ CIA ရဲ့အကဲဖြတ်မှုအရ "COVID-19 ကပ်ရောဂါဇစ်မြစ်ဟာ သဘာဝဇစ်မြစ်ကြောင့် ဖြစ်တယ်လို့ပြောနိုင်ဖို့ နည်းပါတယ်" လို့ ဆိုထားပါတယ်။ အမေရိကန် ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။
COVID-19 ဇစ်မြစ်နဲ့ပတ်သက်ပြီး အေဂျင်စီက ဘယ်လောက် အတိုင်းအတာအထိ အထောက်အထား အသစ်တွေနဲ့ ရှာဖွေဖော်ထုတ်ထားလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။ တရုတ်ကတော့ ဓာတ်ခွဲခန်းယိုစိမ့်မှုကြောင့် ကူးစက်ရောဂါဖြစ်တယ်ဆိုတာ ယုံကြည်နိုင်ဖွယ်မရှိဘူးလို့ ပြောကြားထားပါတယ်။
Zawgyi Version;
COVID-19 ဗိုင္းရပ္စ္ဟာ ဓာတ္ခြဲခန္းကေန ေပါက္ဖြားႏိုင္ေျခမ်ားတယ္လို႔ CIA ေျပာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၇
COVID-19 ဗိုင္းရပ္စ္ေရာဂါပိုးဟာ သဘာဝအတိုင္းျဖစ္လာတာမဟုတ္ဘဲ ဓာတ္ခြဲခန္းကေန ထြက္ေပၚလာတာ ျဖစ္ႏိုင္ေျခမ်ားတယ္လို႔ Central Intelligence Agency (CIA) က မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက စေနေန႔ (ဇန္နဝါရီလ ၂၅ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
COVID-19 ဟာ ဓာတ္ခြဲခန္းက ေပါက္ထြက္လာတဲ့ ဗိုင္းရပ္စ္တစ္ခုလား၊ ဒါမွမဟုတ္ သဘာဝက ျဖစ္ေပၚလာသလား ဆိုတာကို ႏွစ္အနည္းငယ္ၾကာတဲ့ထိ ရွင္းလင္းတဲ့အေျဖ မရခဲ့ပါဘူး။ ဒါေပမယ့္ ဘိုင္ဒန္အုပ္ခ်ဳပ္ေရးကာလ ေနာက္ဆုံးအပတ္မွာ CIA ဒါ႐ိုက္တာေဟာင္း ဝီလီယံဘန္းစ္က CIA ေလ့လာဆန္းစစ္သူေတြနဲ႔ သိပၸံပညာရွင္ေတြကို ဗိုင္းရပ္စ္ရဲ႕ရင္းျမစ္အေပၚ ရွင္းရွင္းလင္းလင္း ဆုံးျဖတ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ CIA ရဲ႕အကဲျဖတ္မႈအရ "COVID-19 ကပ္ေရာဂါဇစ္ျမစ္ဟာ သဘာဝဇစ္ျမစ္ေၾကာင့္ ျဖစ္တယ္လို႔ေျပာႏိုင္ဖို႔ နည္းပါတယ္" လို႔ ဆိုထားပါတယ္။ အေမရိကန္ ဝါရွင္တန္ရွိ တ႐ုတ္သံ႐ုံးကေတာ့ မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုခ်က္ကို ခ်က္ခ်င္းတုံ႔ျပန္ျခင္းမရွိပါဘူး။
COVID-19 ဇစ္ျမစ္နဲ႔ပတ္သက္ၿပီး ေအဂ်င္စီက ဘယ္ေလာက္ အတိုင္းအတာအထိ အေထာက္အထား အသစ္ေတြနဲ႔ ရွာေဖြေဖာ္ထုတ္ထားလဲဆိုတာေတာ့ မရွင္းလင္းေသးပါဘူး။ တ႐ုတ္ကေတာ့ ဓာတ္ခြဲခန္းယိုစိမ့္မႈေၾကာင့္ ကူးစက္ေရာဂါျဖစ္တယ္ဆိုတာ ယုံၾကည္ႏိုင္ဖြယ္မရွိဘူးလို႔ ေျပာၾကားထားပါတယ္။