ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့် ရရှိ

 340

ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၂၉

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့ရာ၌ လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ဩဂုတ်လ ကုန်အထိ (၇)လကြာကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းထံမှ သိရပါတယ်။

“ပြောင်းကတော့ ယခုနှစ်ထဲမှာ ထိုင်းနိုင်ငံကို အများဆုံးပို့မှာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ သူတို့နိုင်ငံကလည်း ၇ လတာအတွင်းမှာ အခွန်ကင်းလွတ်ခွင့်ပေးထားတာဖြစ်တဲ့အတွက် အဲဒီကာလကို ချိန်ကိုက်ပြီး တင်ပို့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံတွေကို တင်ပို့သွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ပြောင်းတင်ပို့မှုဟာ ယခင်နှစ်ကထက် တိုးလာမယ့်အခြေအနေမျိုးဖြစ်ပါတယ်”ဟုအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က NP News ကို ပြောသည်။

မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၈၈)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄၄၇)သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်းသိရ သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ပြောင်းတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများဖြစ်သည့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်း နှင့် မင်းထက်မင်းဆိပ်ကမ်း တို့မှ အဓိတင်ပို့နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ကော့သောင်းဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့နေသည့်အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတဆင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံသို႔ ျမန္မာ့ေျပာင္းတင္ပို႔မႈ အခြန္ကင္းလြတ္ခြင့္ ရရွိ
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၂၉

ထိုင္းႏိုင္ငံသို႔ ျမန္မာ့ေျပာင္းတင္ပို႔ရာ၌ လာမည့္ ေဖေဖာ္ဝါရီလ ၁ ရက္မွစတင္ကာ ဩဂုတ္လ ကုန္အထိ (၇)လၾကာကာလအတြင္း အခြန္ကင္းလြတ္ခြင့္ေပးထားေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ႏွမ္းကုန္သည္မ်ားအသင္းထံမွ သိရပါတယ္။

“ေျပာင္းကေတာ့ ယခုႏွစ္ထဲမွာ ထိုင္းႏိုင္ငံကို အမ်ားဆုံးပို႔မွာျဖစ္တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။ သူတို႔ႏိုင္ငံကလည္း ၇ လတာအတြင္းမွာ အခြန္ကင္းလြတ္ခြင့္ေပးထားတာျဖစ္တဲ့အတြက္ အဲဒီကာလကို ခ်ိန္ကိုက္ၿပီး တင္ပို႔တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံၿပီးမွ တ႐ုတ္၊ ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ ဘဂၤလားေဒ့ရွ္စတဲ့ႏိုင္ငံေတြကို တင္ပို႔သြားမွာ ျဖစ္ပါတယ္။ ယခုႏွစ္ ေျပာင္းတင္ပို႔မႈဟာ ယခင္ႏွစ္ကထက္ တိုးလာမယ့္အေျခအေနမ်ိဳးျဖစ္ပါတယ္”ဟုအသင္း၏ အႀကံေပးပုဂၢိဳလ္ ဦးစိုးဝင္းေမာင္က NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံသည္ ယခင္ ၂၀၂၃-၂၄ ဘ႑ာႏွစ္အတြင္း၌ ေျပာင္းတန္ခ်ိန္ (၁ ဒသမ ၁၁)သန္း တင္ပို႔ႏိုင္ခဲ့ၿပီး ယခု ၂၀၂၄-၂၅ ဘ႑ာႏွစ္၏ ဧၿပီလမွ ႏိုဝင္ဘာလအတြင္း၌ ေျပာင္းတန္ခ်ိန္ (၁ ဒသမ ၈၈)သန္း တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၄၄၇)သန္းဖိုး တင္ပို႔ႏိုင္ခဲ့ေၾကာင္းသိရ သည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံသည္ ေျပာင္းတင္ပို႔မႈကို နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းအစား ေရေၾကာင္းကုန္သြယ္မႈ ဆိပ္ကမ္းမ်ားျဖစ္သည့္ အလုံအျပည္ျပည္ဆိုင္ရာဆိပ္ကမ္း ၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ဆိပ္ကမ္း ၊ ျမန္မာ့စက္မႈ ဆိပ္ကမ္း၊ ဆူးေလဆိပ္ကမ္း၊ ယခင္ဗိုလ္ေအာင္ေက်ာ္ဆိပ္ကမ္း၊ သီလဝါဆိပ္ကမ္း၊ ေ႐ႊမဲဆိပ္ကမ္း ႏွင့္ မင္းထက္မင္းဆိပ္ကမ္း တို႔မွ အဓိတင္ပို႔ေနေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသို႔ ေျပာင္းတင္ပို႔ရာတြင္ ေကာ့ေသာင္းဆိပ္ကမ္းမွတစ္ဆင့္ ထိုင္းႏိုင္ငံ ရေနာင္းဆိပ္ကမ္းသို႔ ပင္လယ္ေရေၾကာင္းလမ္းျဖင့္ တင္ပို႔ေနသည့္အျပင္ ကုန္းတြင္းနယ္စပ္ တာခ်ီလိတ္မွတဆင့္လည္း တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.