အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသား ၇၀၀ နီးပါး မိခင်နိုင်ငံသို့ ပြန်ပို့ခံရဖွယ်ရှိနေ

 1821

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃ဝ

အမေရိကန်အစိုးရအနေဖြင့် အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသားများ အပါအဝင် လူပေါင်း ၁၄၄၅၅၄၉ ဦးကို Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာနလက်အောက်ခံဌာနတစ်ခုဖြစ်သော Enforcement and Removal Operations (ERO) သည် ပြည်သူ့လုံခြုံရေးနှင့် အိမ်တွင်းလုံခြုံရေးအတွက် ပဋိပက္ခရှိနိုင်သော နိုင်ငံခြားသားများကို စစ်ဆေးမှုပြုလုပ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှင့် နိုင်ငံပြန်ပို့ခြင်း (deportation) အဓိကထားလုပ်ဆောင်ရပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်အထိ လူပေါင်း ၁၄၄၅၅၄၉ ဦးကို အမေရိကန်နိုင်ငံမှ ထွက်ခွာရန် (သို့မဟုတ်) မိခင်နိုင်ငံထံ ပြန်ပိုရန် အမိန့်ချမှတ်ထားကြောင်း သိရသည်။
Non-Detained Docket with Final Orders of Removal ဆိုသည်မှာ အမေရိကန်နိုင်ငံသားမဟုတ်သူတစ်ဦး (Non-Citizen) တစ်ဦးသည် ICE (Immigration and Customs Enforcement) မှ ဖမ်းဆီးမခံရသေးသော်လည်း အမေရိကန် နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့် (Final Order of Removal) ရရှိထားခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အမေရိကန် လူဝင်မှုဥပဒေ (Immigration Law) ချိုးဖောက်မှုများကြောင့် Immigration Judge (လူဝင်မှုတရားသူကြီး) က နိုင်ငံ ပြန်ပို့ခြင်း (Deportation/Removal) ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး Asylum (ခိုလှုံခွင့်) တောင်းခံမှုငြင်းပယ်ခံရခြင်း၊ Green Card, Visa သက်တမ်းကုန်ဆုံးပြီး မထွက်ခွာခြင်း၊ Criminal Convictions (ပြစ်မှုကျူးလွန်မှု) ကြောင့် ပြည်နှင်ခြင်း၊ စသည့်အချက်များကြောင့် လူဝင်မှု ကြီးကြပ်ရေးဥပဒေချိုးဖောက်သူများအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။
(ERO) သည် ပြည်တွင်းတွင် လျှိုဝှက်နေသော တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးခြင်း၊ပြစ်မှုကျူးလွန်သူများ (Criminal Aliens) ကို ဖမ်းဆီးပြီး နိုင်ငံပြန်ပို့ခြင်းလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် စပ်လျဉ်းသောစစ်ဆေးမှုများ ပြုလုပ် ခြင်း၊ နိုင်ငံခြားသား မိသားစုများနှင့် ကလေးသူငယ်များအတွက် စောင့်ရှောက်မှုနှင့် ကြီးကြပ်မှုများ ဆောင်ရွက်ခြင်း အမေရိကန်တွင်းရှိ လျှို့ဝှက်နေသော တရားမဝင် နိုင်ငံခြားသားများကို ရှာဖွေဖမ်းဆီးခြင်းနှင့် နိုင်ငံပြန်ပို့ခြင်း ကို အဓိကထား၍ လုပ်ဆောင်ကြောင်း သိရသည်။
(ERO) ဌာန၏ Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့် လူပေါင်း ၁၄၄၅၅၄၉ ဦးထဲတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၆၇၉ ဦး ပါဝင်ခဲ့ပြီး အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများကြောင့် မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း သိရသည်။ Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ပြန်ပို့ခံရမည့် နိုင်ငံသားများစာရင်းတွင် ဘင်္ဂလားဒေရှ့်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား နိုင်ငံသားများ ပါဝင်ခဲ့သလို အယ်ဆာဗေးဒိုးနိုင်ငံသားများက မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့်သူများထဲတွင် အများဆုံးဖြစ် ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက်က ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပြီးနောက် ယခင်သမ္မတ ဟောင်း ဂျိုးဘိုင်ဒန်လက်ထက်က အမိန့်စည်းကမ်းဥပဒေအများစုကို ပြင်ဆင်ပြောင်းလဲပယ်ဖျက်ခဲ့သလို အမေရိကန် နိုင်ငံအတွင်း တရားမဝင် နေထိုင်နေသူများကို ဖြိုခွင်းရန် အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရ အသစ်သည် လက်ရှိအချိန်တွင်အမေရိကန်နိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် တရားမဝင် ရောက်ရှိနေထိုင်သူများကိုမိခင်နိုင်ငံသို့ ပြန်ပို့နေပြီဖြစ်ရာ ပြီးခဲ့သောရက်ပိုင်းအတွင်း ကိုလံဘီယာ၊ မက္ကဆီကို နိုင်ငံသား များကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံသား ၇၀၀ နီးပါး မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခံရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃ဝ

အေမရိကန္အစိုးရအေနျဖင့္ အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံသားမ်ား အပါအဝင္ လူေပါင္း ၁၄၄၅၅၄၉ ဦးကို Non-Detained Docket with Final Orders of Removal အမိန႔္အရ မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခဲ့ေၾကာင္း သိရသည္။ အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးႏွင့္အေကာက္ခြန္ဌာနလက္ေအာက္ခံဌာနတစ္ခုျဖစ္ေသာ Enforcement and Removal Operations (ERO) သည္ ျပည္သူ႔လုံၿခဳံေရးႏွင့္ အိမ္တြင္းလုံၿခဳံေရးအတြက္ ပဋိပကၡရွိႏိုင္ေသာ ႏိုင္ငံျခားသားမ်ားကို စစ္ေဆးမႈျပဳလုပ္ျခင္း၊ ဖမ္းဆီးျခင္း၊ ႏွင့္ ႏိုင္ငံျပန္ပို႔ျခင္း (deportation) အဓိကထားလုပ္ေဆာင္ရၿပီး ၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာ ၂၄ ရက္အထိ လူေပါင္း ၁၄၄၅၅၄၉ ဦးကို အေမရိကန္ႏိုင္ငံမွ ထြက္ခြာရန္ (သို႔မဟုတ္) မိခင္ႏိုင္ငံထံ ျပန္ပိုရန္ အမိန႔္ခ်မွတ္ထားေၾကာင္း သိရသည္။
Non-Detained Docket with Final Orders of Removal ဆိုသည္မွာ အေမရိကန္ႏိုင္ငံသားမဟုတ္သူတစ္ဦး (Non-Citizen) တစ္ဦးသည္ ICE (Immigration and Customs Enforcement) မွ ဖမ္းဆီးမခံရေသးေသာ္လည္း အေမရိကန္ ႏိုင္ငံအတြင္းမွ ထြက္ခြာရန္ အမိန႔္ (Final Order of Removal) ရရွိထားျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ အေမရိကန္ လူဝင္မႈဥပေဒ (Immigration Law) ခ်ိဳးေဖာက္မႈမ်ားေၾကာင့္ Immigration Judge (လူဝင္မႈတရားသူႀကီး) က ႏိုင္ငံ ျပန္ပို႔ျခင္း (Deportation/Removal) ကို ဆုံးျဖတ္ခဲ့ျခင္းျဖစ္ၿပီး Asylum (ခိုလႈံခြင့္) ေတာင္းခံမႈျငင္းပယ္ခံရျခင္း၊ Green Card, Visa သက္တမ္းကုန္ဆုံးၿပီး မထြက္ခြာျခင္း၊ Criminal Convictions (ျပစ္မႈက်ဴးလြန္မႈ) ေၾကာင့္ ျပည္ႏွင္ျခင္း၊ စသည့္အခ်က္မ်ားေၾကာင့္ လူဝင္မႈ ႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္သူမ်ားအျဖစ္ သတ္မွတ္ခံရျခင္းျဖစ္သည္။
(ERO) သည္ ျပည္တြင္းတြင္ လွ်ိဳဝွက္ေနေသာ တရားမဝင္ ႏိုင္ငံျခားသားမ်ား ဖမ္းဆီးျခင္း၊ျပစ္မႈက်ဴးလြန္သူမ်ား (Criminal Aliens) ကို ဖမ္းဆီးၿပီး ႏိုင္ငံျပန္ပို႔ျခင္းလူဝင္မႈႀကီးၾကပ္ေရးဥပေဒႏွင့္ စပ္လ်ဥ္းေသာစစ္ေဆးမႈမ်ား ျပဳလုပ္ ျခင္း၊ ႏိုင္ငံျခားသား မိသားစုမ်ားႏွင့္ ကေလးသူငယ္မ်ားအတြက္ ေစာင့္ေရွာက္မႈႏွင့္ ႀကီးၾကပ္မႈမ်ား ေဆာင္႐ြက္ျခင္း အေမရိကန္တြင္းရွိ လွ်ိဳ႕ဝွက္ေနေသာ တရားမဝင္ ႏိုင္ငံျခားသားမ်ားကို ရွာေဖြဖမ္းဆီးျခင္းႏွင့္ ႏိုင္ငံျပန္ပို႔ျခင္း ကို အဓိကထား၍ လုပ္ေဆာင္ေၾကာင္း သိရသည္။
(ERO) ဌာန၏ Non-Detained Docket with Final Orders of Removal အမိန႔္အရ မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခံရမည့္ လူေပါင္း ၁၄၄၅၅၄၉ ဦးထဲတြင္ ျမန္မာႏိုင္ငံသား အနည္းဆုံး ၆၇၉ ဦး ပါဝင္ခဲ့ၿပီး အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးဥပေဒ ခ်ိဳးေဖာက္မႈမ်ားေၾကာင့္ မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခံရမည္ျဖစ္ေၾကာင္း သိရသည္။ Non-Detained Docket with Final Orders of Removal အမိန႔္အရ မိခင္ႏိုင္ငံသို႔ျပန္ပို႔ခံရမည့္ ႏိုင္ငံသားမ်ားစာရင္းတြင္ ဘဂၤလားေဒရွ႕္၊ ဘ႐ူႏိုင္း၊ ကေမာၻဒီးယား ႏိုင္ငံသားမ်ား ပါဝင္ခဲ့သလို အယ္ဆာေဗးဒိုးႏိုင္ငံသားမ်ားက မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခံရမည့္သူမ်ားထဲတြင္ အမ်ားဆုံးျဖစ္ ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံတြင္ ဇန္နဝါရီ ၂၀ ရက္က ေဒၚနယ္ထရမ့္ သမၼတအျဖစ္ ေျပာင္းလဲတာဝန္ယူခဲ့ၿပီးေနာက္ ယခင္သမၼတ ေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္က အမိန႔္စည္းကမ္းဥပေဒအမ်ားစုကို ျပင္ဆင္ေျပာင္းလဲပယ္ဖ်က္ခဲ့သလို အေမရိကန္ ႏိုင္ငံအတြင္း တရားမဝင္ ေနထိုင္ေနသူမ်ားကို ၿဖိဳခြင္းရန္ အမိန႔္မ်ား ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္အစိုးရ အသစ္သည္ လက္ရွိအခ်ိန္တြင္အေမရိကန္ႏိုင္ငံအတြင္း လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖာက္မႈျဖင့္ တရားမဝင္ ေရာက္ရွိေနထိုင္သူမ်ားကိုမိခင္ႏိုင္ငံသို႔ ျပန္ပို႔ေနၿပီျဖစ္ရာ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ကိုလံဘီယာ၊ မကၠဆီကို ႏိုင္ငံသား မ်ားကို မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.