ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် သုံးခု ခွင့်ပြု
975
NP News - ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီးအတွက် ဇန်နဝါရီလအတွင်း ပြည်တွင်း၊ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်း သုံးခုကို ခွင့်ပြုပေးထား ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီမှ သိရသည်။
ဇန်နဝါရီလ ၂၈ ရက်ကပြုလုပ်သော ၁/၂၀၂၅ ကြိမ်မြောက်အစည်းအဝေးမှတဆင့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတစ်ခုနှင့်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလုပ်ငန်းနှစ်ခု၊ စုစုပေါင်း လုပ်ငန်းသုံးခုကို အတည်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အဆင်သင့်ဖျော်စပ်ပြီးသော ကွန်ကရစ်ရောင်းချ သည့်ဝန်ဆောင်မှုပေးသောလုပ်ငန်း နှင့် CMP လက်ခစား စနစ်ဖြင့် ချုပ်လုပ်သည့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်တဲ့ လုပ်ငန်းများဖြစ်ကြသည်။
အဆိုပါ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ငွေကျပ်သန်း ၈၀၀ နှင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၃၁ သန်းဖြစ်ပြီး၊ ပြည်တွင်းအလုပ်အကိုင်အတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၀၁၆ ဦး ဖန်တီးပေးနိုင်မည်ဟု သိရသည်။
Zawgyi Version:
ျပည္တြင္းျပည္ပရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းသစ္ သုံးခု ခြင့္ျပဳ
NP News - ဇန္နဝါရီ ၃၁
ရန္ကုန္တိုင္းေဒသႀကီးအတြက္ ဇန္နဝါရီလအတြင္း ျပည္တြင္း၊ျပည္ပရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း သုံးခုကို ခြင့္ျပဳေပးထား ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီမွ သိရသည္။
ဇန္နဝါရီလ ၂၈ ရက္ကျပဳလုပ္ေသာ ၁/၂၀၂၅ ႀကိမ္ေျမာက္အစည္းအေဝးမွတဆင့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္းတစ္ခုႏွင့္ႏိုင္ငံျခားသားရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းႏွစ္ခု၊ စုစုေပါင္း လုပ္ငန္းသုံးခုကို အတည္ျပဳေပးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားမွာ ဟိုတယ္ဝန္ေဆာင္မႈလုပ္ငန္း၊ အဆင္သင့္ေဖ်ာ္စပ္ၿပီးေသာ ကြန္ကရစ္ေရာင္းခ် သည့္ဝန္ေဆာင္မႈေပးေသာလုပ္ငန္း ႏွင့္ CMP လက္ခစား စနစ္ျဖင့္ ခ်ဳပ္လုပ္သည့္ အဝတ္အထည္အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္တဲ့ လုပ္ငန္းမ်ားျဖစ္ၾကသည္။
အဆိုပါ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏမွာ ေငြက်ပ္သန္း ၈၀၀ ႏွင့္ အေမရိကန္ေဒၚလာ ၅ ဒသမ ၉၃၁ သန္းျဖစ္ၿပီး၊ ျပည္တြင္းအလုပ္အကိုင္အတြက္ အလုပ္အကိုင္အခြင့္အလမ္း ၁၀၁၆ ဦး ဖန္တီးေပးႏိုင္မည္ဟု သိရသည္။