၂၀၂၄ ခုနှစ်တွင် နိုင်ငံပေါင်း(၅၀)နီးပါးသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ဒေါ်လာသန်း(၁၃၀၀)ကျော်ရရှိခဲ့
315
ယွန်း(NP News)- ဖေဖော်ဝါရီ ၁
ပြီးခဲ့သည့်(၂၀၂၄ ခုနှစ်)တွင် နိုင်ငံပေါင်း(၅၀)နီးပါးသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ဒေါ်လာသန်း(၁၀၀၀)ကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှ ဒီဇင်ဘာ(၃၁)ရက်အထိ MRF ၏ စာရင်းမှတ်တမ်းများအရ ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှုမှာ စုစုပေါင်းတန်ချိန်(၂၇၆၇၄၁၄)တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်း ရရှိခဲ့ကြောင်း သိရသည်
အဆိုပါ ဆန်နှင့်ဆန်ကွဲများကို နိုင်ငံပေါင်း(၄၉)နိုင်ငံသို့ ကုမ္ပဏီစုစုပေါင်း(၁၀၃)ခုမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် ကုမ္ပဏီ/အဖွဲ့အစည်း အသင်းဝင်မှုသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် (၉၈၀)ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် (၁၁၉၆)အထိ ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ အသင်းဝင်ရောက်မှုအခြေအနေလည်း တိုးတက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမား အစုအဖွဲ့များ၊ စိုက်ပျိုးရေးသမဝါယမ အသင်းအဖွဲ့များနှင့် ဆန်စက်လုပ်ငန်းများ အပါအဝင် ၂၀၂၅ ခုနှစ်တွင် ဆန်/ဆန်ကွဲပြည်ပတင်ပို့မှု လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လိုသော ကုမ္ပဏီများကိုလည်း ပို့ကုန်လုပ်ငန်း၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်များတွင် ပြည်ပသို့ ဆန်တင်ပို့မှုမှ နှစ်စဥ် အမေရိကန်ဒေါ်လာ သန်း(၇၀၀)၊ သန်း(၈၀၀)ရရှိနေခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာသန်း(၁၀၀၀) အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုႏွစ္တြင္ ႏိုင္ငံေပါင္း(၅၀)နီးပါးသို႔ ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈမွ ပို႔ကုန္ဝင္ေငြ ေဒၚလာသန္း(၁၃၀၀)ေက်ာ္ရရွိခဲ့
ယြန္း(NP News)- ေဖေဖာ္ဝါရီ ၁
ၿပီးခဲ့သည့္(၂၀၂၄ ခုႏွစ္)တြင္ ႏိုင္ငံေပါင္း(၅၀)နီးပါးသို႔ ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈမွ ပို႔ကုန္ဝင္ေငြ ေဒၚလာသန္း(၁၀၀၀)ေက်ာ္ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ယေန႔(ေဖေဖာ္ဝါရီ ၁ ရက္)တြင္ ထုတ္ျပန္ထားသည္။
၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီ(၁)ရက္ေန႔မွ ဒီဇင္ဘာ(၃၁)ရက္အထိ MRF ၏ စာရင္းမွတ္တမ္းမ်ားအရ ဆန္/ဆန္ကြဲ ျပည္ပတင္ပို႔မႈမွာ စုစုေပါင္းတန္ခ်ိန္(၂၇၆၇၄၁၄)တန္ တင္ပို႔ခဲ့ၿပီး ပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ(၁၃၃၁ ဒသမ ၈၉၉)သန္း ရရွိခဲ့ေၾကာင္း သိရသည္
အဆိုပါ ဆန္ႏွင့္ဆန္ကြဲမ်ားကို ႏိုင္ငံေပါင္း(၄၉)ႏိုင္ငံသို႔ ကုမၸဏီစုစုေပါင္း(၁၀၃)ခုမွ တင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္တြင္ ကုမၸဏီ/အဖြဲ႕အစည္း အသင္းဝင္မႈသည္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလကုန္တြင္ (၉၈၀)ရွိရာမွ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလကုန္တြင္ (၁၁၉၆)အထိ ျပည္တြင္းျပည္ပ ကုမၸဏီမ်ား၏ အသင္းဝင္ေရာက္မႈအေျခအေနလည္း တိုးတက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စိုက္ပ်ိဳးထုတ္လုပ္သူေတာင္သူလယ္သမား အစုအဖြဲ႕မ်ား၊ စိုက္ပ်ိဳးေရးသမဝါယမ အသင္းအဖြဲ႕မ်ားႏွင့္ ဆန္စက္လုပ္ငန္းမ်ား အပါအဝင္ ၂၀၂၅ ခုႏွစ္တြင္ ဆန္/ဆန္ကြဲျပည္ပတင္ပို႔မႈ လုပ္ငန္းတြင္ ပါဝင္ေဆာင္႐ြက္လိုေသာ ကုမၸဏီမ်ားကိုလည္း ပို႔ကုန္လုပ္ငန္း၌ ပူးေပါင္းပါဝင္ေဆာင္႐ြက္ရန္ ဖိတ္ေခၚထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ယခင္ႏွစ္မ်ားတြင္ ျပည္ပသို႔ ဆန္တင္ပို႔မႈမွ ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း(၇၀၀)၊ သန္း(၈၀၀)ရရွိေနခဲ့ရာမွ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္တြင္ ေဒၚလာသန္း(၁၀၀၀) အထိ တိုးျမႇင့္တင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္သည္။