TikTok က Thailand data hosting ပရောဂျက်မှာ ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
417
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁
ByteDance ရဲ့ TikTok ဟာ ထိုင်းနိုင်ငမှာ ဒေတာလက်ခံ ဝန်ဆောင်မှုတစ်ခု အတွက် ထိုင်းဘတ်ငွေ ၁၂၆.၈ ဘီလီယံ (စင်ကာပူဒေါ်လာ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံမယ်လို့ ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ဇန်နဝါရီ ၂၉ ရက်မှာ ပြောကြားပါတယ်။
တရုတ်ကုမ္ပဏီ ByteDance ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ၎င်းရဲ့ စင်္ကာပူအခြေစိုက် ယူနစ်၊ ဆက်စပ်ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်တာတွေကနေ ပံ့ပိုးပေးမှာဖြစ်ကာ လုပ်ငန်းကို ၂၀၂၆ ခုနှစ်မှာ စတင်မယ်လို့ ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က ပြောကြားခဲ့ပါတယ်။ ပရောဂျက်အသစ်ဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ (စင်ကာပူ ဒေါ်လာ ၆.၇၆ ဘီလီယံ)ထိ ရင်းနှီးမြုပ်နှံမယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေး ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နည်းပညာကုမ္ပဏီကြီးအများအပြားက ဒေတာစင်တာတွေ တည်ဆောက်ဖို့ စီစဉ်နေချိန် ယခုလို စာရင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ Amazon Web Services ဟာ ၁၅ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရှိကြောင်း ကြေညာပြီး တစ်နှစ်အကြာမှာ Alphabet ရဲ့ Google ကလည်း ထိုင်းနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောကြားခဲ့ပါတယ်။ Microsoft ကလည်း ထိုင်းနိုင်ငံမှာ ၄င်းရဲ့ပထမဆုံး ဒေသဆိုင်ရာဒေတာစင်တာ ဖွင့်လှစ်မယ်လို့ ကြေညာခဲ့ပါတယ်။
TikTok ရဲ့အခုအစီအစဉ်ကတော့ ထိုင်းနိုင်ငံမှာ ဒစ်ဂျစ်တယ်နဲ့ AI (ဉာဏ်ရည်တု) အခြေခံအဆောက်အအုံ မြှင့်တင်ရာမှာ သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်မယ်လို့ BOI အထွေထွေအတွင်းရေးမှူး နာရစ်သာစတီရာ ဆွတ်ဒီ က ပြောကြားခဲ့ပါတယ်။
Zawgyi Version:
TikTok က Thailand data hosting ပေရာဂ်က္မွာ ေဒၚလာ ၅ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံမည္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁
ByteDance ရဲ႕ TikTok ဟာ ထိုင္းႏိုင္ငမွာ ေဒတာလက္ခံ ဝန္ေဆာင္မႈတစ္ခု အတြက္ ထိုင္းဘတ္ေငြ ၁၂၆.၈ ဘီလီယံ (စင္ကာပူေဒၚလာ ၅ ဘီလီယံ) ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ထိုင္းရင္းႏွီးျမႇဳပ္ႏွံမႈဘုတ္အဖြဲ႕က ဇန္နဝါရီ ၂၉ ရက္မွာ ေျပာၾကားပါတယ္။
တ႐ုတ္ကုမၸဏီ ByteDance ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈကို ၎ရဲ႕ စကၤာပူအေျခစိုက္ ယူနစ္၊ ဆက္စပ္ကုမၸဏီေတြရဲ႕ လုပ္ငန္းေဆာင္တာေတြကေန ပံ့ပိုးေပးမွာျဖစ္ကာ လုပ္ငန္းကို ၂၀၂၆ ခုႏွစ္မွာ စတင္မယ္လို႔ ထိုင္းရင္းႏွီးျမႇဳပ္ႏွံမႈ ဘုတ္အဖြဲ႕ (BOI) က ေျပာၾကားခဲ့ပါတယ္။ ပေရာဂ်က္အသစ္ဟာ အေမရိကန္ေဒၚလာ ၅ ဘီလီယံ (စင္ကာပူ ေဒၚလာ ၆.၇၆ ဘီလီယံ)ထိ ရင္းႏွီးျမဳပ္ႏွံမယ္လို႔ သိရပါတယ္။ အေရွ႕ေတာင္အာရွရဲ႕ ဒုတိယအႀကီးဆုံးစီးပြားေရး ျဖစ္တဲ့ ထိုင္းႏိုင္ငံမွာ နည္းပညာကုမၸဏီႀကီးအမ်ားအျပားက ေဒတာစင္တာေတြ တည္ေဆာက္ဖို႔ စီစဥ္ေနခ်ိန္ ယခုလို စာရင္းထြက္ေပၚလာျခင္းျဖစ္ပါတယ္။ Amazon Web Services ဟာ ၁၅ ႏွစ္တာကာလအတြင္း ထိုင္းႏိုင္ငံ အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ ဘီလီယံ ရွိေၾကာင္း ေၾကညာၿပီး တစ္ႏွစ္အၾကာမွာ Alphabet ရဲ႕ Google ကလည္း ထိုင္းႏိုင္ငံမွာ အေမရိကန္ေဒၚလာ ၁ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Microsoft ကလည္း ထိုင္းႏိုင္ငံမွာ ၄င္းရဲ႕ပထမဆုံး ေဒသဆိုင္ရာေဒတာစင္တာ ဖြင့္လွစ္မယ္လို႔ ေၾကညာခဲ့ပါတယ္။
TikTok ရဲ႕အခုအစီအစဥ္ကေတာ့ ထိုင္းႏိုင္ငံမွာ ဒစ္ဂ်စ္တယ္နဲ႔ AI (ဉာဏ္ရည္တု) အေျခခံအေဆာက္အအုံ ျမႇင့္တင္ရာမွာ သိသာထင္ရွားေသာ ေျခလွမ္းတစ္ရပ္ျဖစ္မယ္လို႔ BOI အေထြေထြအတြင္းေရးမႉး နာရစ္သာစတီရာ ဆြတ္ဒီ က ေျပာၾကားခဲ့ပါတယ္။