လယ်သမားများ ဝင်ငွေပိုရရေးအတွက် သီးနှံများ တိုက်ရိုက်တင်ပို့နိုင်သည့် မြို့နယ်အလိုက် အသင်းအဖွဲ့များ စုဖွဲ့ရန် အကြံပြု

 195

ယွန်း (NP News) - ဖေဖော်ဝါရီ ၇

လယ်သမားများ ဝင်ငွေပိုမိုရရှိရေးအတွက် မြို့နယ်အလိုက် သီးနှံများကိုတိုက်ရိုက်တင်ပို့နိုင်သည့် အသင်းအဖွဲ့များ စုဖွဲ့ရန် စိုက်ပျိုးရေးပညာရှင်အသိုင်းအဝိုင်းက NP News မှတစ်ဆင့် အကြံပြုထားသည်။
ပို့ကုန်မှရရှိသည့် နိုင်ငံခြားဝင်ငွေ၏ (၇၀)ရာခိုင်နှုန်းကို စိုက်ပျိုးရေးထွက်ကုန်များမှရရှိခြင်းဖြစ်ပြီး အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များအနက် ဆန်တင်ပို့မှုသည် နိုင်ငံခြားဝင်ငွေကို အများဆုံးရှာဖွေပေးနေသည့် ကဏ္ဍတစ်ခု ဖြစ်သည်။ သို့သော် အဆိုပါကဏ္ဍတွင် စပါးကို အဓိကစိုက်ပျိုးပေးနေသည့် လယ်သမားများအနေဖြင့် ဝင်ငွေရရှိမှုမှာ ၎င်းတို့အသုံးပြုလိုက်ရသည့်သွင်းအားစုစရိတ်နှင့် ကာမိရုံသာရှိပြီး Exporter များနှင့်နှိုင်းယှဉ်ပါက အမြတ်ရရှိမှုမှာ များစွာ ကွာဟလျက်ရှိသည်။
ထို့ကြောင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်လာရေးအတွက် မြို့နယ်အလိုက် အသင်းအဖွဲ့များ စုဖွဲ့ပြီး သီးနှံများကို တိုက်ရိုက် Export လုပ်သင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြုထားသည်။ “တောင်သူလယ်သမားက ဝင်ငွေတိုးတက်ရရှိဖို့ဆိုရင် တောင်သူလယ်သမားတွေကိုယ်တိုင်က မြို့နယ်အလိုက် အစုအဖွဲ့တွေ ဖွဲ့စည်းရမယ်။ ပြီးရင် အဲဒီတောင်သူတွေကို အဲဒီ Corporation တွေ ကနေ မတည်မှုပြုပြီးတော့မှ တောင်သူတွေဆီက ထွက်ရှိလာတဲ့သီးနှံတွေကို ကနဦးဝယ်ယူရမယ်။ ငွေပေးချေမယ်။ ပြီးရင် အဲဒါကို Corporation ကနေ နိုင်ငံတော်နဲ့ချိတ်ဆက်ပြီးတော့ နိုင်ငံတော်ရဲ့ပံ့ပိုး ကူညီမှုနဲ့ Export လုပ်ရင် ပို့ကုန်ရငွေ ပြန်ဝင်လာမယ်။ ပြန်ဝင်လာတဲ့အချိန်ဆိုရင် နောက်ဆုံး ဈေး ကွက် အထိပို့နိုင်တဲ့အတွက် အဲဒီပို့ကုန်ရငွေကရတဲ့ အမြတ်အစွန်းကို Corporation ကနေမှ တစ်ဆင့် ကနဦးပေးသွင်းထားတဲ့ ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူတွေ ထံကို အမြတ်ငွေတွေ အချိုးကျပြန်ခွဲဝေရင် တောင်သူတွေက အကျိုးအမြတ်ကို အများကြီးပိုရမှာပေါ့” ဟု စိုက်ပျိုးရေး ပညာရှင်တစ်ဦးက NP News ကိုပြောသည်။
ထို့သို့ ဝင်ငွေကောင်းမွန်လာပါက နိုင်ငံတော်အတွင်းရှိ မြေလွတ်မြေရိုင်းများတွင်လည်း စိုက်ပျိုးရေး လုပ်ငန်းများကို ယခုထက်ပို၍ ဆောင်ရွက်လာနိုင်ခြင်းကြောင့် နိုင်ငံ၏ ဂျီဒီပီတိုးတက်ရုံသာမက နိုင်ငံခြားဝင်ငွေရရှိ မှုလည်း တိုးလာနိုင်ကြောင်းသိရသည်။
ထို့ကြောင့် မြို့နယ်အလိုက် (သို့မဟုတ်) ကျေးရွာအုပ်စုအလိုက် တောင်သူလယ်သမားများကို စုဖွဲ့ပြီး မတည်ရင်းနှီးငွေကို နိုင်ငံတော်မှကမ်းလှမ်းကာ ဆောင်ရွက်သင့်ကြောင်းလည်း ဆက်လက်အကြံပြု ထားသည်။ “တောင်သူလယ်သမားတွေကို ဘယ်လိုစုဖွဲ့ရမလဲ၊ ပြီးရင် ဘယ်လိုသင်းဖွဲ့စည်းမျဉ်းတွေနဲ့ သူတို့ကို Corporation တွေ စုဖွဲ့ရမလဲ။ Corporation စုဖွဲ့ ပြီးရင် မတည်ရင်းနှီးငွေက နိုင်ငံတော်ကပဲ ဖြစ်ဖြစ်၊ FDI ကပဲဖြစ်ဖြစ် ကမ်းလှမ်းလို့ရပြီ။ ဘာလုပ်ရမလဲဆိုရင် တောင်သူလယ်သမားတွေကို စုဖွဲ့ရမယ်။ မြို့နယ်အလိုက်၊ စိုက်ကွင်းတွေ အလိုက်၊ ကျေးရွာအုပ်စုတွေအလိုက် စုဖွဲ့ရမယ်။ ပြီးရင် Corporation ဖွဲ့စည်းရမယ်။ သင်းဖွဲ့စည်းမျဉ်း ဘယ်လိုပုံစံနဲ့ဖွဲ့ရမယ်ဆိုတာက လက်တွေ့ကျရမယ်၊ တောင်သူတွေ လိုက်နာနိုင်ရမယ်၊ သူတို့နဲ့မစိမ်းတာဖြစ်ရ မယ်။ အဲဒါကို ဘယ်သူလုပ်မလဲဆိုတာတော့ ရှိတာပေါ့” ဟု အထက်ပါ စိုက်ပျိုးရေးပညာရှင်က ဆိုသည်။
လက်ရှိတွင် လယ်သမားများအနေဖြင့် ဝင်ငွေနည်းပါးခြင်းအပြင် လယ်ယာလုပ်သားရှားပါးခြင်း ကို အဓိကရင်ဆိုင်နေရကြောင်း သိရသည်။ ပြည်တွင်း၌ နှစ်စဉ် နွေစပါး၊ မိုးစပါး ဧက (၁၇)သန်းခွဲအထိ စိုက်ပျိုးထု တ်လုပ်ပြီး ဆန်တန်ချိန် (၁၄)သန်းနီးပါး ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းစားသုံးမှု ဖယ်ထား ပါက ဆန်တန်ချိန် (၃)သန်းနီးပါး နှစ်စဉ်ပိုလျှံကြောင်းသိရသည်။

Zawgyi Version:
လယ္သမားမ်ား ဝင္ေငြပိုရေရးအတြက္ သီးႏွံမ်ား တိုက္႐ိုက္တင္ပို႔ႏိုင္သည့္ ၿမိဳ႕နယ္အလိုက္ အသင္းအဖြဲ႕မ်ား စုဖြဲ႕ရန္ အႀကံျပဳ
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၇

လယ္သမားမ်ား ဝင္ေငြပိုမိုရရွိေရးအတြက္ ၿမိဳ႕နယ္အလိုက္ သီးႏွံမ်ားကိုတိုက္႐ိုက္တင္ပို႔ႏိုင္သည့္ အသင္းအဖြဲ႕မ်ား စုဖြဲ႕ရန္ စိုက္ပ်ိဳးေရးပညာရွင္အသိုင္းအဝိုင္းက NP News မွတစ္ဆင့္ အႀကံျပဳထားသည္။
ပို႔ကုန္မွရရွိသည့္ ႏိုင္ငံျခားဝင္ေငြ၏ (၇၀)ရာခိုင္ႏႈန္းကို စိုက္ပ်ိဳးေရးထြက္ကုန္မ်ားမွရရွိျခင္းျဖစ္ၿပီး အဆိုပါ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားအနက္ ဆန္တင္ပို႔မႈသည္ ႏိုင္ငံျခားဝင္ေငြကို အမ်ားဆုံးရွာေဖြေပးေနသည့္ က႑တစ္ခု ျဖစ္သည္။ သို႔ေသာ္ အဆိုပါက႑တြင္ စပါးကို အဓိကစိုက္ပ်ိဳးေပးေနသည့္ လယ္သမားမ်ားအေနျဖင့္ ဝင္ေငြရရွိမႈမွာ ၎တို႔အသုံးျပဳလိုက္ရသည့္သြင္းအားစုစရိတ္ႏွင့္ ကာမိ႐ုံသာရွိၿပီး Exporter မ်ားႏွင့္ႏႈိင္းယွဥ္ပါက အျမတ္ရရွိမႈမွာ မ်ားစြာ ကြာဟလ်က္ရွိသည္။
ထို႔ေၾကာင့္ ေတာင္သူလယ္သမားမ်ား ဝင္ေငြတိုးတက္လာေရးအတြက္ ၿမိဳ႕နယ္အလိုက္ အသင္းအဖြဲ႕မ်ား စုဖြဲ႕ၿပီး သီးႏွံမ်ားကို တိုက္႐ိုက္ Export လုပ္သင့္ေၾကာင္း စိုက္ပ်ိဳးေရးပညာရွင္မ်ားက အႀကံျပဳထားသည္။ “ေတာင္သူလယ္သမားက ဝင္ေငြတိုးတက္ရရွိဖို႔ဆိုရင္ ေတာင္သူလယ္သမားေတြကိုယ္တိုင္က ၿမိဳ႕နယ္အလိုက္ အစုအဖြဲ႕ေတြ ဖြဲ႕စည္းရမယ္။ ၿပီးရင္ အဲဒီေတာင္သူေတြကို အဲဒီ Corporation ေတြ ကေန မတည္မႈျပဳၿပီးေတာ့မွ ေတာင္သူေတြဆီက ထြက္ရွိလာတဲ့သီးႏွံေတြကို ကနဦးဝယ္ယူရမယ္။ ေငြေပးေခ်မယ္။ ၿပီးရင္ အဲဒါကို Corporation ကေန ႏိုင္ငံေတာ္နဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ႏိုင္ငံေတာ္ရဲ႕ပံ့ပိုး ကူညီမႈနဲ႔ Export လုပ္ရင္ ပို႔ကုန္ရေငြ ျပန္ဝင္လာမယ္။ ျပန္ဝင္လာတဲ့အခ်ိန္ဆိုရင္ ေနာက္ဆုံး ေဈး ကြက္ အထိပို႔ႏိုင္တဲ့အတြက္ အဲဒီပို႔ကုန္ရေငြကရတဲ့ အျမတ္အစြန္းကို Corporation ကေနမွ တစ္ဆင့္ ကနဦးေပးသြင္းထားတဲ့ ဆန္စပါးစိုက္ပ်ိဳးတဲ့ ေတာင္သူေတြ ထံကို အျမတ္ေငြေတြ အခ်ိဳးက်ျပန္ခြဲေဝရင္ ေတာင္သူေတြက အက်ိဳးအျမတ္ကို အမ်ားႀကီးပိုရမွာေပါ့” ဟု စိုက္ပ်ိဳးေရး ပညာရွင္တစ္ဦးက NP News ကိုေျပာသည္။
ထို႔သို႔ ဝင္ေငြေကာင္းမြန္လာပါက ႏိုင္ငံေတာ္အတြင္းရွိ ေျမလြတ္ေျမ႐ိုင္းမ်ားတြင္လည္း စိုက္ပ်ိဳးေရး လုပ္ငန္းမ်ားကို ယခုထက္ပို၍ ေဆာင္႐ြက္လာႏိုင္ျခင္းေၾကာင့္ ႏိုင္ငံ၏ ဂ်ီဒီပီတိုးတက္႐ုံသာမက ႏိုင္ငံျခားဝင္ေငြရရွိ မႈလည္း တိုးလာႏိုင္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ၿမိဳ႕နယ္အလိုက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စုအလိုက္ ေတာင္သူလယ္သမားမ်ားကို စုဖြဲ႕ၿပီး မတည္ရင္းႏွီးေငြကို ႏိုင္ငံေတာ္မွကမ္းလွမ္းကာ ေဆာင္႐ြက္သင့္ေၾကာင္းလည္း ဆက္လက္အႀကံျပဳ ထားသည္။ “ေတာင္သူလယ္သမားေတြကို ဘယ္လိုစုဖြဲ႕ရမလဲ၊ ၿပီးရင္ ဘယ္လိုသင္းဖြဲ႕စည္းမ်ဥ္းေတြနဲ႔ သူတို႔ကို Corporation ေတြ စုဖြဲ႕ရမလဲ။ Corporation စုဖြဲ႕ ၿပီးရင္ မတည္ရင္းႏွီးေငြက ႏိုင္ငံေတာ္ကပဲ ျဖစ္ျဖစ္၊ FDI ကပဲျဖစ္ျဖစ္ ကမ္းလွမ္းလို႔ရၿပီ။ ဘာလုပ္ရမလဲဆိုရင္ ေတာင္သူလယ္သမားေတြကို စုဖြဲ႕ရမယ္။ ၿမိဳ႕နယ္အလိုက္၊ စိုက္ကြင္းေတြ အလိုက္၊ ေက်း႐ြာအုပ္စုေတြအလိုက္ စုဖြဲ႕ရမယ္။ ၿပီးရင္ Corporation ဖြဲ႕စည္းရမယ္။ သင္းဖြဲ႕စည္းမ်ဥ္း ဘယ္လိုပုံစံနဲ႔ဖြဲ႕ရမယ္ဆိုတာက လက္ေတြ႕က်ရမယ္၊ ေတာင္သူေတြ လိုက္နာႏိုင္ရမယ္၊ သူတို႔နဲ႔မစိမ္းတာျဖစ္ရ မယ္။ အဲဒါကို ဘယ္သူလုပ္မလဲဆိုတာေတာ့ ရွိတာေပါ့” ဟု အထက္ပါ စိုက္ပ်ိဳးေရးပညာရွင္က ဆိုသည္။
လက္ရွိတြင္ လယ္သမားမ်ားအေနျဖင့္ ဝင္ေငြနည္းပါးျခင္းအျပင္ လယ္ယာလုပ္သားရွားပါးျခင္း ကို အဓိကရင္ဆိုင္ေနရေၾကာင္း သိရသည္။ ျပည္တြင္း၌ ႏွစ္စဥ္ ေႏြစပါး၊ မိုးစပါး ဧက (၁၇)သန္းခြဲအထိ စိုက္ပ်ိဳးထု တ္လုပ္ၿပီး ဆန္တန္ခ်ိန္ (၁၄)သန္းနီးပါး ထုတ္လုပ္လ်က္ရွိရာ ျပည္တြင္းစားသုံးမႈ ဖယ္ထား ပါက ဆန္တန္ခ်ိန္ (၃)သန္းနီးပါး ႏွစ္စဥ္ပိုလွ်ံေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.