လျှပ်စစ်ဓာတ်အား အပါအဝင် စက်သုံးဆီ နှင့် ဂတ်စ်ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ မြဝတီမြို့တွင် ထိုင်းကုန်စည်မှန်သမျှ မတင်သွင်းရန် ဒေသခံများ ဆန္ဒထုတ်ဖော်မည်

 612

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၇

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အားအပါအဝင် စက်သုံးဆီနှင့် ဂတ်စ်ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ နယ်စပ်ဂိတ်များမှ ထိုင်းကုန်စည်မှန်သမျှမတင်သွင်းရန် ဒေသခံများဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို လာမည့်(ဖေဖော်ဝါရီလ ၈ ရက်)၊ နံနက်ပိုင်းတွင် မြဝတီမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“မြဝတီကနေ စက်သုံးဆီတွေဖြတ်တောက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး (၂)နိုင်ငံကုန်သွယ်စီးဆင်းမှု အခြေအနေအရ အနေအထားအရ သူတို့ဘက်ကနေပြီးတော့ မိတ်ဖွဲ့တဲ့နိုင်ငံတစ်ခု မိတ်ပျက်တဲ့သဘောမျိုးဖြစ်တာပေါ့နော်။ သူတို့ဘက်ကမှ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြည်သူတွေပေါ်မှာ တစ်ဖက်နဲ့တစ်ဖက်စာနာမှုထောက်ထားမှုမရှိတဲ့အခါကျတော့ သူတို့ဘက်ကနေဒါတွေလုပ်လာရင် ငါတို့ဘက်ကနေ ဒါတွေပြန်လုပ်မယ်ကွဆိုပြီး ကျွန်တော်တို့ အမျိုးသားရေးစိတ်ဓာတ်နဲ့လုပ်ရခြင်းဖြစ်ပါတယ်” ဟု မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ခန့်မှန်းချေလူဦးရေ(၃၀၀၀)ကျော်ပါဝင်မည်ဟုခန်မှန်းထားသော်လည်း မြဝတီတစ်မြို့နေပြည်သူတစ်ရပ် လုံးပါဝင် နိုင်ကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။
“အကျိုးသက်ရောက်မှုအနေနဲ့ ကျွန်တော်တို့ရဲ့မျော်လင့်ချက်က ကျွန်တော်တို့သည် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူချင်းလုပ်ထားတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တယ်။ ဂတ်စ်တွေ စက်သုံးဆီတွေဖြတ်တဲ့ကိစ္စတွေမှာလည်း ကျားဖျန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့က လုပ်တယ်ဆိုပေမယ့် အနာနဲ့ဆေးတစ်ခြားဖြစ်ပြီးတော့ မြို့ခံပြည်သူတွေမှာ ခံစားရတဲ့ဒုက္ခ တွေမှာ အရမ်းများလာပြီ။ ပြောရရင်တော့ လူမိုက်စကားနဲ့ မင်းဘာလဲငါဘာလည်း လုပ်ပြတဲ့သဘောမျိုးပါပဲ” ဟု ၎င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် အမှတ်(၁)၊ အမှတ်(၂)တံတား ပိတ်ပေးရေး၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကုန်သွယ်ဂိတ်များနှင့် တရားမဝင် ဝင်ပေါက်တွေအကုန် ပိတ်ပေးရေးနှင့် ထိုင်းနိုင်ငံမှ ကုန်စည်များမသုံးစွဲရေးဟူသော တောင်းဆိုချက်(၃)ချက်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ (၂)ဖက် သူ့နိုင်ငံရဲ့အနေအထားအရ စက်သုံးဆီတွေမပို့ဘူး။ ဂတ်စ်တွေမပို့ဘူးဆိုတာ သူ့နိုင်ငံရဲ့လိုအပ်ချက်အရ မပို့လို့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က အကြောင်းမဲ့မပို့ပဲဖြတ်တောက်ပစ်လိုက်တဲ့ကိစ္စမျိုးတွေ။ ကျားဖျန့်ကိစ္စနဲ့ပတ်သက်ပြီး လုပ် လိုက်တဲ့ ကိစ္စမျိုးတွေကတော့ ပြည်သူတွေကို ထိခိုက်စေတာ နစ်နာစေတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့တွေကလည်း သူတို့ဆီကမှ ဒါတွေပို့ပေးပါလို့ မတောင်းဆိုဘူး။ ဂတ်စ်တွေပြန်ပေးပါလို့ စက်သုံးဆီတွေပြန်ပေးပါလို့ မတောင်းဆိုဘူး။ သူ့နိုင်ငံရဲ့ထွက်ကုန်တွေကို ပို့ပေးပါလို့ ကျွန်တော်တို့က တောင်းဆိုတာမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံကသွားမယ့် ထွက်ကုန်တွေကိုလည်း မပို့ပေးပါနဲ့ ပိတ်ပေးပါ။ သူတို့နိုင်ငံက ဝင်လာမယ့် သွင်းကုန်တွေကိုလည်း ပိတ်ပေးပါလို့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဖို့ရယ်ရွယ်ထားပြီး တောင်းဆို ခြင်းဖြစ်ပါတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ကျားဖျန့်နှိမ်နင်းရေးနှင့် ပတ်သက်၍ ပြီခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က မြဝတီမြို့ကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားသော်လည်း ကျားဖျန့်လုပ်ငန်းများပေါ် သက်ရောက်တစ်စုံတရာမရှိပဲ မြို့ခံများသာ အထိနာနေကြောင်း ၎င်းကဆိုသည်။

“မီးဖြတ်လိုက်တော့လည်း ထိရောက်မှုမရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ထိုင်းနိုင်ငံကနေ တရားဝင်သော်လည်းကောင်း တရားမဝင်သော်လည်းကောင်း လျှပ်စစ်မီးသွယ်တန်းပြီးတော့ အသုံးပြုနေတာတွေရှိပါတယ်။ ရှိတာက ပြီးခဲ့တဲ့ (၅)လလောက်တည်းက ရွှေကုက္ကိုလ်တို့ ဘာတို့ကို မီးဖြတ်ထားတာတွေရှိတယ်။ သူတို့ကလည်း သူတို့ရဲ့ရင်းနှီးမြုပ်နှံမှုအပိုင်း။ ဆိုလာတပ်ဆင်မှုတွေနဲ့ စက်သုံးဆီ တင်သွင်းမှုတွေကို သူတို့ကရရာနည်းနဲ့ သူတို့ဟာသူတို့လည်ပတ်နေတာ။ အဲဒီမှာ ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်လိုက် တော့လည်း အဲဒီလုပ်ငန်းတွေက ရပ်တန့်သွားမှာမဟုတ်ဘူး။ ဆက်ပြီးတော့ ဖြစ်နေဆဲပဲ။ သူတို့အဲဒီလိုလုပ်လိုက်ပေမယ့် ကျားဖျန့်ကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ တိုက်ရိုက်အထိနာ သွားတာမဟုတ်ဘူး။ မြဝတီမြို့ခံပြည်သူတွေအတွက်ပဲ အထိနာသွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကလည်း တစ်ဖက်နဲ့တစ် ဖက် စာနာမှုထောက်ထားမှုမရှိတဲ့ အခြေအနေပေါ်မှာ တုံ့ပြန်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
လွ်ပ္စစ္ဓာတ္အား အပါအဝင္ စက္သုံးဆီ ႏွင့္ ဂတ္စ္ျဖတ္ေတာက္ျခင္းႏွင့္ပတ္သက္၍ ျမဝတီၿမိဳ႕တြင္ ထိုင္းကုန္စည္မွန္သမွ် မတင္သြင္းရန္ ေဒသခံမ်ား ဆႏၵထုတ္ေဖာ္မည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၇

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ကို ထိုင္းဘက္မွ လွ်ပ္စစ္ဓာတ္အားအပါအဝင္ စက္သုံးဆီႏွင့္ ဂတ္စ္ျဖတ္ေတာက္ျခင္းႏွင့္ပတ္သက္၍ နယ္စပ္ဂိတ္မ်ားမွ ထိုင္းကုန္စည္မွန္သမွ်မတင္သြင္းရန္ ေဒသခံမ်ားဆႏၵထုတ္ေဖာ္မည္ျဖစ္ေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားထံမွ သိရသည္။
အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲကို လာမည့္(ေဖေဖာ္ဝါရီလ ၈ ရက္)၊ နံနက္ပိုင္းတြင္ ျမဝတီၿမိဳ႕တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

“ျမဝတီကေန စက္သုံးဆီေတြျဖတ္ေတာက္လိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး (၂)ႏိုင္ငံကုန္သြယ္စီးဆင္းမႈ အေျခအေနအရ အေနအထားအရ သူတို႔ဘက္ကေနၿပီးေတာ့ မိတ္ဖြဲ႕တဲ့ႏိုင္ငံတစ္ခု မိတ္ပ်က္တဲ့သေဘာမ်ိဳးျဖစ္တာေပါ့ေနာ္။ သူတို႔ဘက္ကမွ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ျပည္သူေတြေပၚမွာ တစ္ဖက္နဲ႔တစ္ဖက္စာနာမႈေထာက္ထားမႈမရွိတဲ့အခါက်ေတာ့ သူတို႔ဘက္ကေနဒါေတြလုပ္လာရင္ ငါတို႔ဘက္ကေန ဒါေတြျပန္လုပ္မယ္ကြဆိုၿပီး ကြၽန္ေတာ္တို႔ အမ်ိဳးသားေရးစိတ္ဓာတ္နဲ႔လုပ္ရျခင္းျဖစ္ပါတယ္” ဟု ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ဆႏၵထုတ္ေဖာ္ပြဲတြင္ ခန႔္မွန္းေခ်လူဦးေရ(၃၀၀၀)ေက်ာ္ပါဝင္မည္ဟုခန္မွန္းထားေသာ္လည္း ျမဝတီတစ္ၿမိဳ႕ေနျပည္သူတစ္ရပ္ လုံးပါဝင္ ႏိုင္ေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။
“အက်ိဳးသက္ေရာက္မႈအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ေမ်ာ္လင့္ခ်က္က ကြၽန္ေတာ္တို႔သည္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ျပည္သူခ်င္းလုပ္ထားတဲ့ ကိစၥရပ္ေတြလည္း ရွိပါတယ္။ ေနာက္ၿပီးေတာ့ ထိုင္းဘက္က လွ်ပ္စစ္မီးျဖတ္တယ္။ ဂတ္စ္ေတြ စက္သုံးဆီေတြျဖတ္တဲ့ကိစၥေတြမွာလည္း က်ားဖ်န႔္ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ သူတို႔က လုပ္တယ္ဆိုေပမယ့္ အနာနဲ႔ေဆးတစ္ျခားျဖစ္ၿပီးေတာ့ ၿမိဳ႕ခံျပည္သူေတြမွာ ခံစားရတဲ့ဒုကၡ ေတြမွာ အရမ္းမ်ားလာၿပီ။ ေျပာရရင္ေတာ့ လူမိုက္စကားနဲ႔ မင္းဘာလဲငါဘာလည္း လုပ္ျပတဲ့သေဘာမ်ိဳးပါပဲ” ဟု ၎က ေျပာသည္။

ဆႏၵထုတ္ေဖာ္ပြဲတြင္ အမွတ္(၁)၊ အမွတ္(၂)တံတား ပိတ္ေပးေရး၊ ထိုင္း-ျမန္မာနယ္စပ္တစ္ေလွ်ာက္ ကုန္သြယ္ဂိတ္မ်ားႏွင့္ တရားမဝင္ ဝင္ေပါက္ေတြအကုန္ ပိတ္ေပးေရးႏွင့္ ထိုင္းႏိုင္ငံမွ ကုန္စည္မ်ားမသုံးစြဲေရးဟူေသာ ေတာင္းဆိုခ်က္(၃)ခ်က္ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ (၂)ဖက္ သူ႔ႏိုင္ငံရဲ႕အေနအထားအရ စက္သုံးဆီေတြမပို႔ဘူး။ ဂတ္စ္ေတြမပို႔ဘူးဆိုတာ သူ႔ႏိုင္ငံရဲ႕လိုအပ္ခ်က္အရ မပို႔လို႔ရပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔က အေၾကာင္းမဲ့မပို႔ပဲျဖတ္ေတာက္ပစ္လိုက္တဲ့ကိစၥမ်ိဳးေတြ။ က်ားဖ်န႔္ကိစၥနဲ႔ပတ္သက္ၿပီး လုပ္ လိုက္တဲ့ ကိစၥမ်ိဳးေတြကေတာ့ ျပည္သူေတြကို ထိခိုက္ေစတာ နစ္နာေစတာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ကြၽန္ေတာ္တို႔ေတြကလည္း သူတို႔ဆီကမွ ဒါေတြပို႔ေပးပါလို႔ မေတာင္းဆိုဘူး။ ဂတ္စ္ေတြျပန္ေပးပါလို႔ စက္သုံးဆီေတြျပန္ေပးပါလို႔ မေတာင္းဆိုဘူး။ သူ႔ႏိုင္ငံရဲ႕ထြက္ကုန္ေတြကို ပို႔ေပးပါလို႔ ကြၽန္ေတာ္တို႔က ေတာင္းဆိုတာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံကသြားမယ့္ ထြက္ကုန္ေတြကိုလည္း မပို႔ေပးပါနဲ႔ ပိတ္ေပးပါ။ သူတို႔ႏိုင္ငံက ဝင္လာမယ့္ သြင္းကုန္ေတြကိုလည္း ပိတ္ေပးပါလို႔ နယ္စပ္ကုန္သြယ္ေရးကို ပိတ္ဖို႔ရယ္႐ြယ္ထားၿပီး ေတာင္းဆို ျခင္းျဖစ္ပါတယ္” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

က်ားဖ်န႔္ႏွိမ္နင္းေရးႏွင့္ ပတ္သက္၍ ၿပီခဲ့သည့္ ေဖေဖာ္ဝါရီ ၅ ရက္က ျမဝတီၿမိဳ႕ကို ထိုင္းအစိုးရမွ လွ်ပ္စစ္ဓာတ္အားျဖတ္ေတာက္ထားေသာ္လည္း က်ားဖ်န႔္လုပ္ငန္းမ်ားေပၚ သက္ေရာက္တစ္စုံတရာမရွိပဲ ၿမိဳ႕ခံမ်ားသာ အထိနာေနေၾကာင္း ၎ကဆိုသည္။

“မီးျဖတ္လိုက္ေတာ့လည္း ထိေရာက္မႈမရွိပါဘူး။ ဘာလို႔လည္း ဆိုေတာ့ ကြၽန္ေတာ္တို႔ထိုင္းႏိုင္ငံကေန တရားဝင္ေသာ္လည္းေကာင္း တရားမဝင္ေသာ္လည္းေကာင္း လွ်ပ္စစ္မီးသြယ္တန္းၿပီးေတာ့ အသုံးျပဳေနတာေတြရွိပါတယ္။ ရွိတာက ၿပီးခဲ့တဲ့ (၅)လေလာက္တည္းက ေ႐ႊကုကၠိဳလ္တို႔ ဘာတို႔ကို မီးျဖတ္ထားတာေတြရွိတယ္။ သူတို႔ကလည္း သူတို႔ရဲ႕ရင္းႏွီးျမဳပ္ႏွံမႈအပိုင္း။ ဆိုလာတပ္ဆင္မႈေတြနဲ႔ စက္သုံးဆီ တင္သြင္းမႈေတြကို သူတို႔ကရရာနည္းနဲ႔ သူတို႔ဟာသူတို႔လည္ပတ္ေနတာ။ အဲဒီမွာ ထိုင္းႏိုင္ငံက လွ်ပ္စစ္မီးျဖတ္ေတာက္လိုက္ ေတာ့လည္း အဲဒီလုပ္ငန္းေတြက ရပ္တန႔္သြားမွာမဟုတ္ဘူး။ ဆက္ၿပီးေတာ့ ျဖစ္ေနဆဲပဲ။ သူတို႔အဲဒီလိုလုပ္လိုက္ေပမယ့္ က်ားဖ်န႔္ကိစၥေတြနဲ႔ ပတ္သက္ ၿပီးေတာ့ တိုက္႐ိုက္အထိနာ သြားတာမဟုတ္ဘူး။ ျမဝတီၿမိဳ႕ခံျပည္သူေတြအတြက္ပဲ အထိနာသြားတာျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ကလည္း တစ္ဖက္နဲ႔တစ္ ဖက္ စာနာမႈေထာက္ထားမႈမရွိတဲ့ အေျခအေနေပၚမွာ တုံ႔ျပန္ရမွာျဖစ္ပါတယ္” ဟု ၎က ဆက္ေျပာသည္။

Related news

© 2021. All rights reserved.