ဂျပန်နိုင်ငံမှာ ဆီးနှင်းထူထပ်စွာကျဆင်းမှုကြောင့် Shinkansen ကျည်ဆန်ရထားပြေးဆွဲမှုများ ခဏရပ်နားရ

 93

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၉

ဂျပန်နိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် Shinkansen ကျည်ဆန်ရထား ပြေးဆွဲမှုများ ခဏရပ်နားရခြင်း၊ နှောင့်နှေးခြင်းများဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
East Japan Railway ရဲ့ပြောကြားချက်အရ Joetsu Shinkansen ဝန်ဆောင်မှုဟာ ဂျိုမို- ကိုဂန် ဘူတာရုံမှာ ဆီးနှင်းကြောင့်ဖြစ်တဲ့ချွတ်ယွင်းမှုကြောင့် နံနက် ၅ နာရီ ၄၀ မိနစ်ဝန်းကျင်ခန့်အချိန်မှာ တာကာဆကီနဲ့ နာဂါအိုကာ ဘူတာကြား ပြေးဆွဲမှုရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် Yamagata Shinkansen ဝန်ဆောင်မှုကိုလည်း ဖူကူရှီမားနဲ့ ရှင်းဂျိုဘူတာကြားမှာ ထူထပ်စွာကျဆင်းနေတဲ့ဆီးနှင်းတွေကို ဖယ်ရှားနေခြင်းကြောင့် ရပ်ဆိုင်းထားရ တယ်လို့ သိရပါတယ်။
Central Japan Railway (JR Tokai) ရဲ့ ပြောကြားချက်အရ Tokaido Shinkansen ရထားတွေလည်း မီကာဝါ-အန်ဂျို နဲ့ ရှင်း- အိုဆာကာကြား အရှိန်လျှော့မောင်းနှင်ခဲ့ရပြီး ပုံမှန်အချိန်ထက် မိနစ် ၃၀ ကျော် နှောင့်နှေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ ဆီးႏွင္းထူထပ္စြာက်ဆင္းမႈေၾကာင့္ Shinkansen က်ည္ဆန္ရထားေျပးဆြဲမႈမ်ား ခဏရပ္နားရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၉

ဂ်ပန္ႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၈ ရက္ နံနက္ပိုင္းက ဆီးႏွင္းထူထပ္စြာ က်ဆင္းမႈေၾကာင့္ Shinkansen က်ည္ဆန္ရထား ေျပးဆြဲမႈမ်ား ခဏရပ္နားရျခင္း၊ ေႏွာင့္ေႏွးျခင္းမ်ားျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။
East Japan Railway ရဲ႕ေျပာၾကားခ်က္အရ Joetsu Shinkansen ဝန္ေဆာင္မႈဟာ ဂ်ိဳမို- ကိုဂန္ ဘူတာ႐ုံမွာ ဆီးႏွင္းေၾကာင့္ျဖစ္တဲ့ခြၽတ္ယြင္းမႈေၾကာင့္ နံနက္ ၅ နာရီ ၄၀ မိနစ္ဝန္းက်င္ခန႔္အခ်ိန္မွာ တာကာဆကီနဲ႔ နာဂါအိုကာ ဘူတာၾကား ေျပးဆြဲမႈရပ္ဆိုင္းခဲ့တယ္လို႔ သိရပါတယ္။ ဒါအျပင္ Yamagata Shinkansen ဝန္ေဆာင္မႈကိုလည္း ဖူကူရွီမားနဲ႔ ရွင္းဂ်ိဳဘူတာၾကားမွာ ထူထပ္စြာက်ဆင္းေနတဲ့ဆီးႏွင္းေတြကို ဖယ္ရွားေနျခင္းေၾကာင့္ ရပ္ဆိုင္းထားရ တယ္လို႔ သိရပါတယ္။
Central Japan Railway (JR Tokai) ရဲ႕ ေျပာၾကားခ်က္အရ Tokaido Shinkansen ရထားေတြလည္း မီကာဝါ-အန္ဂ်ိဳ နဲ႔ ရွင္း- အိုဆာကာၾကား အရွိန္ေလွ်ာ့ေမာင္းႏွင္ခဲ့ရၿပီး ပုံမွန္အခ်ိန္ထက္ မိနစ္ ၃၀ ေက်ာ္ ေႏွာင့္ေႏွးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.