စက်မှုဇုန်များ၌ တစ်ရက်ခြားသာ မီးရနေခြင်းကြောင့် ဆီဖိုးကုန်ကျစရိတ်မြင့်တက်နေရာ ဝန်ထမ်းလစာတိုး‌‌ပေးရန်ခက်ခဲနေ

 435

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၂

စက်မှုဇုန်များ၌ တစ်ရက်ခြားစီသာမီးရရှိနေခြင်းကြောင့် စက်သုံးဆီဖိုးကုန်ကျစရိတ်မြင့်တက်‌ နေရာ ဝန်ထမ်းများကိုလည်း လစာတိုးပေးရန် အခက်အခဲရှိနေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် နှစ်ကုန်ပိုင်းအထိ တစ်ရက်လျှင် လျှပ်စစ်မီး(၄)နာရီလာ (၄)နာရီပျက်ပုံစံမှ ယခုနှစ်ဇန်နဝါရီလမှစ၍ (၄)နာရီသာ မီးပေးကာ (၈)နာရီပျက်ပုံစံဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ‌ရွှေလီ-မန်စံ ဓာတ်အားလိုင်း နှစ်လိုင်းတွင် တစ်လိုင်းမှာပြုပြင်ပြီးစီးပြီဖြစ်ခြင်း ကြောင့် လျှပ်စစ်ကို ယခင်ထက်တိုး၍ စမ်းသပ်ပေးနေပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လျှပ် စစ်မီးရရှိချိန်ပြန်လည်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။ သို့သော် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် ပြီးခဲ့သည့်ဇန်နဝါရီလမှစ၍ လျှပ်စစ်မီးရရှိမှုများ ပိုမိုဆိုးရွားလာခဲ့ပြီး တစ်ရက်ခြားစီသာ လျှပ်စစ်မီးရရှိကြောင်းသိရသည်။ 'တစ်ရက်ခြားပဲရတယ်။ လာရင် လည်း နှစ်နာရီကနေ၊ လေးနာရီလောက်ပဲ ရတာ။ တစ်လလောက်ရှိနေပြီ။ နေ့တိုင်းမရဘူး။ အစည်းအဝေးတွေ ဘာတွေလည်းမခေါ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှမတင်ပြတော့ပါဘူး။ တင်ပြလည်း ဘာမှလုပ်လို့ မရဘူးလေ”ဟု ရွှေ ပေါက်ကံစက်မှုဇုန်ရှိ လုပ်ငန်းရှင် တစ်ဦးက NP News ကို ပြောသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် ယခင်ထက် ဆီဖိုး ပိုမိုကုန်ကျနေရပြီး ဝန်ထမ်းများ၏လစာများကိုလည်း တိုးပေးနိုင်ခြင်းမရှိကြောင်း သိရသည်။ "မီးတွေပျက်ပေမယ့်လည်း ဝန်ထမ်းလစာကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူး။ လျော့လည်းမလျော့ဘူး။ တိုးလည်းမတိုးနိုင်ဘူး။ ဆီကတော့ အပြင်ကဈေးထက် (၁၀ဝ)လောက်ပိုများတယ်။ ဝယ်ရတာတော့ မခက်ဘူး။ ဈေးကြီးတာတစ်ခုပဲ။ တစ်လီတာကို (၈၀)(၁၀ဝ)(၁၅၀)လောက်ကွာတယ်။ အရင်ကဆီဖိုး တစ်လကို သိန်း (၃၀ဝ)‌‌လောက်က အခုဆိုသိန်း(၅၀ဝ)လောက်ကုန်တယ်။ စက်ရုံအကြီးအသေးပေါ်တော့မူတည်တာပေါ့။ တချို့ဆို သိန်း ထောင်ဂဏန်းလောက်ကုန်တာလည်းရှိတယ်”ဟု အထက်ပါ လုပ်ငန်းရှင်က ဆက်လက်ပြောသည်။

ပြည်တွင်းရှိ စက်မှုဇုန်များတွင် လုပ်ကိုင်လျက်ရှိသည့် စက်ရုံလုပ်သားများအနေဖြင့် လုပ်ခလစာ နည်းပါးခြင်းအပြင် ကောလာဟလ သတင်းအမှားများကြောင့် ၎င်းတို့၏လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့်လည်း ကြုံတွေ့နေရခြင်းကြောင့် ပြည်ပထွက်ခွာမှုမှာ ဆက်လက်များပြားလျက်ရှိသည်။ ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ (၅၆)ရာခိုင်နှုန်းရှိရာမှ (၂၀၂၄)ခုနှစ် နိုဝင်ဘာလတွင် (၆၈)ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလျက်ရှိကြောင်း သိရသည်။ နိုင်ငံအတွင်း၌ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၉)ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၈၃) မဂ္ဂါဝပ်လိုအပ်သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀ဝ) မဂ္ဂါဝပ်ခန့် သာထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏(၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

zawgyi version
စက္မႈဇုန္မ်ား၌ တစ္ရက္ျခားသာ မီးရေနျခင္းေၾကာင့္ ဆီဖိုးကုန္က်စရိတ္ျမင့္တက္ေနရာ ဝန္ထမ္းလစာတိုး‌‌ေပးရန္ခက္ခဲေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၂

စက္မႈဇုန္မ်ား၌ တစ္ရက္ျခားစီသာမီးရရွိေနျခင္းေၾကာင့္ စက္သုံးဆီဖိုးကုန္က်စရိတ္ျမင့္တက္‌ ေနရာ ဝန္ထမ္းမ်ားကိုလည္း လစာတိုးေပးရန္ အခက္အခဲရွိေနေၾကာင္း စက္မႈဇုန္လုပ္ငန္းရွင္အခ်ိဳ႕ထံမွ သိရသည္။ ျပည္တြင္း၌ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ တစ္ရက္လွ်င္ လွ်ပ္စစ္မီး(၄)နာရီလာ (၄)နာရီပ်က္ပုံစံမွ ယခုႏွစ္ဇန္နဝါရီလမွစ၍ (၄)နာရီသာ မီးေပးကာ (၈)နာရီပ်က္ပုံစံျဖင့္ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈပိုမိုဆိုး႐ြားလာခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ‌ေ႐ႊလီ-မန္စံ ဓာတ္အားလိုင္း ႏွစ္လိုင္းတြင္ တစ္လိုင္းမွာျပဳျပင္ၿပီးစီးၿပီျဖစ္ျခင္း ေၾကာင့္ လွ်ပ္စစ္ကို ယခင္ထက္တိုး၍ စမ္းသပ္ေပးေနၿပီး ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ လွ်ပ္ စစ္မီးရရွိခ်ိန္ျပန္လည္ၾကာျမင့္လာၿပီျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္ ရန္ကုန္တိုင္းအတြင္းရွိ စက္မႈဇုန္မ်ားတြင္ ၿပီးခဲ့သည့္ဇန္နဝါရီလမွစ၍ လွ်ပ္စစ္မီးရရွိမႈမ်ား ပိုမိုဆိုး႐ြားလာခဲ့ၿပီး တစ္ရက္ျခားစီသာ လွ်ပ္စစ္မီးရရွိေၾကာင္းသိရသည္။ 'တစ္ရက္ျခားပဲရတယ္။ လာရင္ လည္း ႏွစ္နာရီကေန၊ ေလးနာရီေလာက္ပဲ ရတာ။ တစ္လေလာက္ရွိေနၿပီ။ ေန႔တိုင္းမရဘူး။ အစည္းအေဝးေတြ ဘာေတြလည္းမေခၚဘူး။ ကြၽန္ေတာ္တို႔ဘက္ကလည္း ဘာမွမတင္ျပေတာ့ပါဘူး။ တင္ျပလည္း ဘာမွလုပ္လို႔ မရဘူးေလ”ဟု ေ႐ႊ ေပါက္ကံစက္မႈဇုန္ရွိ လုပ္ငန္းရွင္ တစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ စက္မႈဇုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ယခင္ထက္ ဆီဖိုး ပိုမိုကုန္က်ေနရၿပီး ဝန္ထမ္းမ်ား၏လစာမ်ားကိုလည္း တိုးေပးႏိုင္ျခင္းမရွိေၾကာင္း သိရသည္။ "မီးေတြပ်က္ေပမယ့္လည္း ဝန္ထမ္းလစာကေတာ့ အရင္အတိုင္းပဲ မေျပာင္းလဲဘူး။ ေလ်ာ့လည္းမေလ်ာ့ဘူး။ တိုးလည္းမတိုးႏိုင္ဘူး။ ဆီကေတာ့ အျပင္ကေဈးထက္ (၁၀ဝ)ေလာက္ပိုမ်ားတယ္။ ဝယ္ရတာေတာ့ မခက္ဘူး။ ေဈးႀကီးတာတစ္ခုပဲ။ တစ္လီတာကို (၈၀)(၁၀ဝ)(၁၅၀)ေလာက္ကြာတယ္။ အရင္ကဆီဖိုး တစ္လကို သိန္း (၃၀ဝ)‌‌ေလာက္က အခုဆိုသိန္း(၅၀ဝ)ေလာက္ကုန္တယ္။ စက္႐ုံအႀကီးအေသးေပၚေတာ့မူတည္တာေပါ့။ တခ်ိဳ႕ဆို သိန္း ေထာင္ဂဏန္းေလာက္ကုန္တာလည္းရွိတယ္”ဟု အထက္ပါ လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

ျပည္တြင္းရွိ စက္မႈဇုန္မ်ားတြင္ လုပ္ကိုင္လ်က္ရွိသည့္ စက္႐ုံလုပ္သားမ်ားအေနျဖင့္ လုပ္ခလစာ နည္းပါးျခင္းအျပင္ ေကာလာဟလ သတင္းအမွားမ်ားေၾကာင့္ ၎တို႔၏လုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈမ်ားႏွင့္လည္း ႀကဳံေတြ႕ေနရျခင္းေၾကာင့္ ျပည္ပထြက္ခြာမႈမွာ ဆက္လက္မ်ားျပားလ်က္ရွိသည္။ ၿပီးခဲ့သည့္ (၂၀၂၁)ခုႏွစ္တြင္ တစ္ႏိုင္ငံလုံး၏ လွ်ပ္စစ္ဓာတ္အား သုံးစြဲသည့္ အိမ္ေထာင္စုအခ်ိဳးမွာ (၅၆)ရာခိုင္ႏႈန္းရွိရာမွ (၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာလတြင္ (၆၈)ရာခိုင္ႏႈန္းအထိ တိုးတက္သုံးစြဲလ်က္ရွိေၾကာင္း သိရသည္။ ႏိုင္ငံအတြင္း၌ ႏွစ္စဥ္လွ်ပ္စစ္ဓာတ္အား (၉)ရာခိုင္ႏႈန္း တိုးတက္သုံးစြဲလ်က္ရွိသျဖင့္ စုစုေပါင္း (၅၄၈၃) မဂၢါဝပ္လိုအပ္ေသာ္လည္း လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနအေနျဖင့္ ယခုကာလတြင္ တစ္ရက္ပ်မ္းမွ် (၂၈၀ဝ) မဂၢါဝပ္ခန႔္ သာထုတ္လုပ္ႏိုင္ၿပီး လိုအပ္ခ်က္၏(၅၀)ရာခိုင္ႏႈန္းခန႔္ကိုသာ ထုတ္လုပ္ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.