မလေးရှားမှာ အိမ်သာအိုးထဲ ပုန်းနေတဲ့ စပါးအုံးကြောင့် ကလေးတစ်ဦး ဆေးရုံရောက်

3620
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၅
မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၁ ရက်က ၆ နှစ် အရွယ်ကလေးတစ်ဦး အိမ်သာအသုံးပြုနေစဉ် စပါးအုံးမြွေကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မလေးရှားမီဒီယာတွေရဲ့ဖော်ပြချက်အရ ဟာဒီ လို့ အမည်ရတဲ့ ကလေးငယ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ သူ့အိမ်ရဲ့အိပ်ခန်းထဲမှာ အိမ်သာတက်ဖို့ အိမ်သာအိုး အဖုံးကို လှပ်လိုက်တဲ့အချိန်မှာ စပါးအုံးမြွေအကိုက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
မြွေက အဖုံးအောက်မှာ ပုန်းနေတာဖြစ်ပါတယ်။ မိခင်ဖြစ်သူက မီးဖိုချောင်ထဲမှာ ရှိနေချိန် ကလေးမြွေ ကိုက်ခံရတာဖြစ်ပြီး အချိန်မလွန်ခင် မလေးရှားအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (APM) ကို ဆက်သွယ်ကာ ဆေးရုံ အမြန်တင်နိုင်ခဲ့ပါတယ်။ လက်ရှိ ကလေးငယ်ဟာ အမ်ပန်ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိပြီး အခြေအနေတည်ငြိမ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
စပါးအုံးမြွေတွေဟာ အရှေ့တောင်အာရှမှာ ပေါက်ဖွားကြပြီး ကမ္ဘာ့အကြီးဆုံး မြွေမျိုးစိတ်ထဲမှာ ပါဝင်ကာ အရှည် ၇ မီတာ၊ အလေးချိန် ၇၅ ကီလိုဂရမ်အထိ ကြီးထွားနိုင်ပါတယ်။
Zawgyi Version:
မေလးရွားမွာ အိမ္သာအိုးထဲ ပုန္းေနတဲ့ စပါးအုံးေၾကာင့္ ကေလးတစ္ဦး ေဆး႐ုံေရာက္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၅
မေလးရွားႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁၁ ရက္က ၆ ႏွစ္ အ႐ြယ္ကေလးတစ္ဦး အိမ္သာအသုံးျပဳေနစဥ္ စပါးအုံးေႁမြကိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။
မေလးရွားမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ဟာဒီ လို႔ အမည္ရတဲ့ ကေလးငယ္ဟာ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူရွိ သူ႔အိမ္ရဲ႕အိပ္ခန္းထဲမွာ အိမ္သာတက္ဖို႔ အိမ္သာအိုး အဖုံးကို လွပ္လိုက္တဲ့အခ်ိန္မွာ စပါးအုံးေႁမြအကိုက္ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။
ေႁမြက အဖုံးေအာက္မွာ ပုန္းေနတာျဖစ္ပါတယ္။ မိခင္ျဖစ္သူက မီးဖိုေခ်ာင္ထဲမွာ ရွိေနခ်ိန္ ကေလးေႁမြ ကိုက္ခံရတာျဖစ္ၿပီး အခ်ိန္မလြန္ခင္ မေလးရွားအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (APM) ကို ဆက္သြယ္ကာ ေဆး႐ုံ အျမန္တင္ႏိုင္ခဲ့ပါတယ္။ လက္ရွိ ကေလးငယ္ဟာ အမ္ပန္ေဆး႐ုံမွာ ေဆးကုသမႈခံယူလ်က္ရွိၿပီး အေျခအေနတည္ၿငိမ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။
စပါးအုံးေႁမြေတြဟာ အေရွ႕ေတာင္အာရွမွာ ေပါက္ဖြားၾကၿပီး ကမာၻ႔အႀကီးဆုံး ေႁမြမ်ိဳးစိတ္ထဲမွာ ပါဝင္ကာ အရွည္ ၇ မီတာ၊ အေလးခ်ိန္ ၇၅ ကီလိုဂရမ္အထိ ႀကီးထြားႏိုင္ပါတယ္။