ရုရှားကနေတိုးအဖွဲ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးလို့ အမေရိကန်သမ္မတပြော

 431

Pika

ရုရှားသမ္မတပူတင်က နေတိုးအဖွဲ့အပေါ် စစ်ခင်းလာနိုင်တယ်ဆိုတဲ့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ပြောဆိုချက်တွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ပူတင်ဟာ ယူကရိန်းတင်မဟုတ်ဘဲ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေမလုပ်ဆောင်ခင် ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့အတွက် ခေတ္တအပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်လိုနေတယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။ဇီလန်စကီးက”အဲ့ဒါက နွေရာသီအစမှာဖြစ်နိုင်သလို နွေရာသီအဆုံးမှာလည်းဖြစ်နိုင်ပါတယ်။ပူတင်က အဲ့ဒီပြင်ဆင်မီုတွေကို ဘယ်တော့လုပ်မလဲဆိုတာ ကျွန်တော်မသိပေမယ့် ဒီတိုက်ခိုက်မှုတွေက ဖြစ်လာပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်က ၎င်းဟာ ဇီလန်စကီးရဲ့ ယူဆပြောဆိုချက်တွေကို သဘောမတူညီဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ဇီလန်စကီးရဲ့ ပြောဆိုချက်တွေကို ကျွန်တော်သဘောမတူညီပါဘူး။နည်းနည်းလေးတောင် သဘောမတူနိုင်ပါဘူး။ပူတင် သူ့နိုင်ငံအတွက် လိုချင်တဲ့အရာက တိုက်ပွဲတွေရပ်တန့်ဖို့ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ရုရှားက တိုက်ခိုက်မှုတွေကို အချိန်အကြာကြီး လုပ်ဆောင်ပြီးပါပြီ။ဒီတိုက်ခိုက်မှုတွေကို ပူတင်ကရပ်တန့်ချင်တယ်လို့ ကျွန်တော်ထင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
႐ုရွားကေနတိုးအဖြဲ႕အတြက္ ၿခိမ္းေျခာက္မႈတစ္ခု မဟုတ္ဘူးလို႔ အေမရိကန္သမၼတေျပာ
Pika

႐ုရွားသမၼတပူတင္က ေနတိုးအဖြဲ႕အေပၚ စစ္ခင္းလာႏိုင္တယ္ဆိုတဲ့ ယူကရိန္းသမၼတဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ပူတင္ဟာ ယူကရိန္းတင္မဟုတ္ဘဲ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြအေပၚ တိုက္ခိုက္မႈေတြမလုပ္ေဆာင္ခင္ ျပင္ဆင္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ေခတၱအပစ္အခတ္ရပ္စဲေရးကို လုပ္ေဆာင္လိုေနတယ္လို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။ဇီလန္စကီးက”အဲ့ဒါက ေႏြရာသီအစမွာျဖစ္ႏိုင္သလို ေႏြရာသီအဆုံးမွာလည္းျဖစ္ႏိုင္ပါတယ္။ပူတင္က အဲ့ဒီျပင္ဆင္မီုေတြကို ဘယ္ေတာ့လုပ္မလဲဆိုတာ ကြၽန္ေတာ္မသိေပမယ့္ ဒီတိုက္ခိုက္မႈေတြက ျဖစ္လာပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္က ၎ဟာ ဇီလန္စကီးရဲ႕ ယူဆေျပာဆိုခ်က္ေတြကို သေဘာမတူညီဘူးလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ဇီလန္စကီးရဲ႕ ေျပာဆိုခ်က္ေတြကို ကြၽန္ေတာ္သေဘာမတူညီပါဘူး။နည္းနည္းေလးေတာင္ သေဘာမတူႏိုင္ပါဘူး။ပူတင္ သူ႔ႏိုင္ငံအတြက္ လိုခ်င္တဲ့အရာက တိုက္ပြဲေတြရပ္တန္႔ဖို႔ဆိုတာ ကြၽန္ေတာ္ယုံၾကည္ပါတယ္။႐ုရွားက တိုက္ခိုက္မႈေတြကို အခ်ိန္အၾကာႀကီး လုပ္ေဆာင္ၿပီးပါၿပီ။ဒီတိုက္ခိုက္မႈေတြကို ပူတင္ကရပ္တန္႔ခ်င္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.