ဘိုလီးဗီးယားနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော် သေဆုံး

 355

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၉

ဘိုလီးဗီးယားနိုင်ငံမှာ တနင်္လာနေ့(ဖေဖော်ဝါရီ ၁၇ ရက်) က ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး လူ တစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ရိုကာလာခရိုင် အနောက်တောင်ဘက်ရှိ ချောက်ကမ်းပါးတစ်ခုမှာ ဘတ်စ်ကားယာဉ်မောင်းဟာ ယာဉ်ကို ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ မီတာ ၈၀၀ (၂၆၂၅ ပေ) နီးပါးမှ ပြုတ်ကျတိမ်းမှောက်ခဲ့တယ်လို့ ဒေသတွင်း ဆေးရုံမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုမှာ ဒဏ်ရာရသူတွေအနက် လူကြီး ၁၀ ဦးနဲ့ ကလေးလေးဦးကို အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိထားတယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ဗီဒီယိုဖိုင်တစ်ခုမှာ ပြောကြားခဲ့ပါ တယ်။

အဆိုပါနေရာဟာ တောင်ထူထပ်ပြီး လမ်းကြောင်းမှာ အကွေ့အကောက်တွေနဲ့ပြည့်နေတာကြောင့် ဘတ်စ်ကားရဲ့အရှိန်နဲ့ ယာဉ်တိမ်းမှောက်မှုဖြစ်နိုင်တယ်လို့ ရဲအရာရှိက ပြောပါတယ်။

Zawgyi Version:
ဘိုလီးဗီးယားႏိုင္ငံမွာ ဘတ္စ္ကားတိမ္းေမွာက္မႈေၾကာင့္ လူ ၃၀ ေက်ာ္ ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၉

ဘိုလီးဗီးယားႏိုင္ငံမွာ တနလၤာေန႔(ေဖေဖာ္ဝါရီ ၁၇ ရက္) က ဘတ္စ္ကားတစ္စီး တိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူ ၃၁ ဦး ေသဆုံးၿပီး လူ တစ္ဒါဇင္ထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

႐ိုကာလာခ႐ိုင္ အေနာက္ေတာင္ဘက္ရွိ ေခ်ာက္ကမ္းပါးတစ္ခုမွာ ဘတ္စ္ကားယာဥ္ေမာင္းဟာ ယာဥ္ကို ထိန္းခ်ဳပ္ ႏိုင္စြမ္းမရွိေတာ့ဘဲ မီတာ ၈၀၀ (၂၆၂၅ ေပ) နီးပါးမွ ျပဳတ္က်တိမ္းေမွာက္ခဲ့တယ္လို႔ ေဒသတြင္း ေဆး႐ုံမွ ရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ယာဥ္တိမ္းေမွာက္မႈမွာ ဒဏ္ရာရသူေတြအနက္ လူႀကီး ၁၀ ဦးနဲ႔ ကေလးေလးဦးကို အထူးၾကပ္မတ္ကုသေဆာင္မွာ ထားရွိထားတယ္လို႔ ေဆး႐ုံတာဝန္ရွိသူတစ္ဦးက ဗီဒီယိုဖိုင္တစ္ခုမွာ ေျပာၾကားခဲ့ပါ တယ္။

အဆိုပါေနရာဟာ ေတာင္ထူထပ္ၿပီး လမ္းေၾကာင္းမွာ အေကြ႕အေကာက္ေတြနဲ႔ျပည့္ေနတာေၾကာင့္ ဘတ္စ္ကားရဲ႕အရွိန္နဲ႔ ယာဥ္တိမ္းေမွာက္မႈျဖစ္ႏိုင္တယ္လို႔ ရဲအရာရွိက ေျပာပါတယ္။

Related news

© 2021. All rights reserved.