စိုက်ပျိုးရေး နှင့် မွေးမြူရေးတက္ကသိုလ်များ ထပ်မံပေါ်ပေါက်စေရေး ဆောင်ရွက်မည်ဟုဆို

472

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၂ဝ
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ ထပ်မံပေါ်ပေါက်စေရေးအတွက်ဖြစ်အောင် ဆောင်ရွက်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာပညာရှင်များကို နှစ်စဉ်သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေး သည့်အတွက် နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်း နှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်များကို အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ ကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆိုသည်။
“အရင် ဒါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့မူပါ။ လုပ်ဖို့ ကျွန်တော်တို့က လျာထားဆဲပဲဖြစ်သေး တယ်။ ကြိုညှိတဲ့အစည်းအဝေးပါ။ လုပ်တာတော့ လုပ်မယ်။ နေရာတွေ၊ ဘာတွေကတော့ အတည်မပြုသေးပါဘူး။ အခြေအနေက လုပ်တော့လုပ်မယ်။ လုပ်ကိုလုပ်ရမယ် ဒီတက္ကသိုလ်တွေကလေ။ တစ်ကျောင်းကနေ နှစ်ကျောင်း ဖြစ်ဖို့အတွက် ဥက္ကဋ္ဌကြီးရဲ့ နိုင်ငံတော်ကိုထားတဲ့စေတနာပါ။ ကျွန်တော်တို့ ဖြစ်အောင်လုပ်မှာပါ။ လောလောဆယ် ကျွန်တော် တို့က အကြိုညှိတဲ့ဟာလေးပဲရှိပါသေးတယ်။ အသေး စိတ်တွေ ဘာမှမလုပ်ရသေးဘူး”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားကာအသက်မွေးသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် စိုက်ပျိုးရေးပညာနှင့်ပတ်သက် သောပညာရှင်များ ပိုမိုလိုအပ်ခြင်းအပြင် စိုက်ပျိုးရေးနည်ပညာများ သင်ကြားသည့် ထိုကဲ့သို့တက္ကသိုလ် ဖွင့်မှသာ တိုင်းပြည်အတွက် ပိုမိုအဆင်ပြေလာမည် ဆိုသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
“လိုအပ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုး၊ မွေးမြူရေးနိုင်ငံပါ။ အဲဒီလိုနိုင်ငံဖြစ်တဲ့အတွက် ပညာရှင် လိုတယ်။ နောက်တစ်ခုက အမှန် အတိုင်းပြောရရင်တော့ ရေရော၊ မြေရော အကုန်ရှိပြီး သား။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ခက်နေတာက နည်းပညာလိုနေတာပေါ့။ နည်းပညာဆိုတာက အခုန ကပြောတဲ့ တက္ကသိုလ်တွေကိုဖွင့်မှသာ ဒီပညာတွေ က အဲဒီ Group ထဲတွေကိုရောက်မှာ။ ရောက်မှသာ ကျွန်တော်တို့တိုင်းပြည်က အဆင်ပြေမှာ။ အခုက ဘယ်လိုဖြစ်နေ လဲဆိုတော့ စိုက်တော့စိုက်ကြတယ်ဗျာ။ တချို့နည်းပညာတွေကျတော့ လက်လှမ်းမမီ တာကြောင့် သတ်မှတ်တဲ့ပန်းတိုင် အထွက်နှုန်းတို့၊ ခုနကပြောတဲ့ နည်းစနစ်တွေ နောက်ကျနေတာပေါ့။ တခြားနိုင်ငံတွေမှာဆို Vertical ၊ Horizonetal လိုမျိုးတွေတောင် ရှိကုန်ပြီ။ အားလုံးက IT နဲ့ပဲ လုပ်သွားပြီ။ ကျွန်တော်တို့က အခုထက်ထိကို မလုပ်နိုင်ဘူး။ အစ္စရေး တို့ဆို သဲကန္တာရထဲမှာလုပ်နေတာပဲ။ တိုင်းပြည်က အရမ်းနောက်ကျနေတော့ စိုက်ပျိုးရေး အသိပညာတွေ အရမ်းနည်း နေတယ်။ နောင်ခါ အသုံးချဖို့ပေါ့နော်။ တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့ဆိုတာ စိုက်ပျိုးတာကိုအခြေခံမယ်ဆိုရင် ပညာရပ်က လိုပါတယ်။ ကျွန်တော်တို့ရဲ့အားနည်းချက်တွေက ပြောရရင်တော့ အဲဒါတွေပဲ။ ရင်ပေါင်မတန်းနိုင်ဘဲ နောက် ကျနေတာပေါ့”ဟု ၎င်းကရှင်းပြသည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူတို့၏စိတ်ထဲတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍသည် နိုင်ငံအတွက် မည်မျှအရေးပါအရာရောက်သည့်ကဏ္ဍတစ်ရပ်အဖြစ် ရှိနေသင့်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားထားသည်။
“လူမှာ စားဝတ်နေရေးက အရေးကြီးပါတယ်။ အစားက အရင်လာတာပေါ့နော်။ စားတဲ့နေ ရာမှာလည်း အာဟာရပြည့်ဖို့လိုတာပေါ့နော်။ အဲဒီအတွက် စိုက်ပျိုးမွေးမြူရေးမလုပ်ဘဲနဲ့တော့ ဘယ်လိုမှ စားလို့မရဘူး။ ဒါကြောင့်မို့ လို့ စိုက်ပျိုးမွေးမြူရေးက အရေးကြီးတယ်လို့ ကျွန်တော့်အမြင်က အဲဒီလိုမြင်ပါတယ်။ ကျန်တာတွေက ဒုတိယပါ။ အဲဒါကြောင့် မဖြစ်မနေတော့ စိုက်ပျိုးမွေးမြူရေးက သိသင့်တယ်။ တတ်သင့်တယ်ပေါ့နော်။ အခုက ကုန်ဈေးနှုန်းကြီး တယ်။ ကိုယ့်အိမ်မှာကိုယ် ငရုတ်ပင်လေးတစ်ပင်၊ ချဉ်ပေါင်ပင်လေးတစ်ပင်စိုက်နေရင် တိုက်ပေါ်နေတဲ့သူက ပန်းအိုးလေးထဲ ထည့်စိုက်လို့ရပါတယ်။ အဲဒီလို မျိုးလေးတွေသာလုပ်ရင် ကုန်ကျမှုလေး နည်းနည်းစီတော့ သက်သာပါ တယ်။ အဲဒီတော့ ဘာပဲပြောပြော ငယ်ငယ်လေးကတည်းက တတ်ရင်ပေါ့ဗျာ။ အသက် ကြီးလာတဲ့အချိန်မှာ ပိုကောင်းတာပေါ့နော်။ ဘယ်ဘဝပဲရောက်ရောက်၊ ဘယ်ရာထူးပဲနေနေ၊ ဘာပဲ လုပ်လုပ် စားဝတ်နေရေးကလိုအပ်ပါ တယ်”ဟု ၎င်း က ဆက်လက်ပြောသည်။

Zawgyi Version:
စိုက္ပ်ိဳးေရး ႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ား ထပ္မံေပၚေပါက္ေစေရး ေဆာင္႐ြက္မည္ဟုဆို
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ား ထပ္မံေပၚေပါက္ေစေရးအတြက္ျဖစ္ေအာင္ ေဆာင္႐ြက္မည္ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွတာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ေနျပည္ေတာ္ေရဆင္းရွိ စိုက္ပ်ိဳးေရးတကၠသိုလ္ ႏွင့္ ေမြးျမဴေရးဆိုင္ရာေဆးတကၠသိုလ္တို႔တြင္ စိုက္ပ်ိဳးေရး ႏွင့္ ေမြးျမဴေရးဆိုင္ရာပညာရွင္မ်ားကို ႏွစ္စဥ္သင္ၾကားေမြးထုတ္ေပးလ်က္ရွိေသာ္လည္း လိုအပ္ခ်က္မ်ားရွိေနေသး သည့္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ ျမန္မာျပည္အထက္ပိုင္း ႏွင့္ ေအာက္ပိုင္းတို႔တြင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး တကၠသိုလ္မ်ားကို အသစ္ဖြင့္လွစ္ရန္ လ်ာထားေဆာင္႐ြက္ေနေၾကာင္း စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ား ကို ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရးအတြက္ ပထမအႀကိမ္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ဆိုသည္။
“အရင္ ဒါက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ရဲ႕မူပါ။ လုပ္ဖို႔ ကြၽန္ေတာ္တို႔က လ်ာထားဆဲပဲျဖစ္ေသး တယ္။ ႀကိဳညႇိတဲ့အစည္းအေဝးပါ။ လုပ္တာေတာ့ လုပ္မယ္။ ေနရာေတြ၊ ဘာေတြကေတာ့ အတည္မျပဳေသးပါဘူး။ အေျခအေနက လုပ္ေတာ့လုပ္မယ္။ လုပ္ကိုလုပ္ရမယ္ ဒီတကၠသိုလ္ေတြကေလ။ တစ္ေက်ာင္းကေန ႏွစ္ေက်ာင္း ျဖစ္ဖို႔အတြက္ ဥကၠ႒ႀကီးရဲ႕ ႏိုင္ငံေတာ္ကိုထားတဲ့ေစတနာပါ။ ကြၽန္ေတာ္တို႔ ျဖစ္ေအာင္လုပ္မွာပါ။ ေလာေလာဆယ္ ကြၽန္ေတာ္ တို႔က အႀကိဳညႇိတဲ့ဟာေလးပဲရွိပါေသးတယ္။ အေသး စိတ္ေတြ ဘာမွမလုပ္ရေသးဘူး”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။
ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးကို အဓိကထားကာအသက္ေမြးေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ အတြက္ စိုက္ပ်ိဳးေရးပညာႏွင့္ပတ္သက္ ေသာပညာရွင္မ်ား ပိုမိုလိုအပ္ျခင္းအျပင္ စိုက္ပ်ိဳးေရးနည္ပညာမ်ား သင္ၾကားသည့္ ထိုကဲ့သို႔တကၠသိုလ္ ဖြင့္မွသာ တိုင္းျပည္အတြက္ ပိုမိုအဆင္ေျပလာမည္ ဆိုေသာရည္႐ြယ္ခ်က္ျဖင့္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း အထက္ပါဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦး ကဆိုသည္။
“လိုအပ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံက စိုက္ပ်ိဳး၊ ေမြးျမဴေရးႏိုင္ငံပါ။ အဲဒီလိုႏိုင္ငံျဖစ္တဲ့အတြက္ ပညာရွင္ လိုတယ္။ ေနာက္တစ္ခုက အမွန္ အတိုင္းေျပာရရင္ေတာ့ ေရေရာ၊ ေျမေရာ အကုန္ရွိၿပီး သား။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဆီမွာ ခက္ေနတာက နည္းပညာလိုေနတာေပါ့။ နည္းပညာဆိုတာက အခုန ကေျပာတဲ့ တကၠသိုလ္ေတြကိုဖြင့္မွသာ ဒီပညာေတြ က အဲဒီ Group ထဲေတြကိုေရာက္မွာ။ ေရာက္မွသာ ကြၽန္ေတာ္တို႔တိုင္းျပည္က အဆင္ေျပမွာ။ အခုက ဘယ္လိုျဖစ္ေန လဲဆိုေတာ့ စိုက္ေတာ့စိုက္ၾကတယ္ဗ်ာ။ တခ်ိဳ႕နည္းပညာေတြက်ေတာ့ လက္လွမ္းမမီ တာေၾကာင့္ သတ္မွတ္တဲ့ပန္းတိုင္ အထြက္ႏႈန္းတို႔၊ ခုနကေျပာတဲ့ နည္းစနစ္ေတြ ေနာက္က်ေနတာေပါ့။ တျခားႏိုင္ငံေတြမွာဆို Vertical ၊ Horizonetal လိုမ်ိဳးေတြေတာင္ ရွိကုန္ၿပီ။ အားလုံးက IT နဲ႔ပဲ လုပ္သြားၿပီ။ ကြၽန္ေတာ္တို႔က အခုထက္ထိကို မလုပ္ႏိုင္ဘူး။ အစၥေရး တို႔ဆို သဲကႏၲာရထဲမွာလုပ္ေနတာပဲ။ တိုင္းျပည္က အရမ္းေနာက္က်ေနေတာ့ စိုက္ပ်ိဳးေရး အသိပညာေတြ အရမ္းနည္း ေနတယ္။ ေနာင္ခါ အသုံးခ်ဖို႔ေပါ့ေနာ္။ တိုင္းျပည္ စီးပြားဖြံ႕ၿဖိဳးဖို႔ဆိုတာ စိုက္ပ်ိဳးတာကိုအေျခခံမယ္ဆိုရင္ ပညာရပ္က လိုပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အားနည္းခ်က္ေတြက ေျပာရရင္ေတာ့ အဲဒါေတြပဲ။ ရင္ေပါင္မတန္းႏိုင္ဘဲ ေနာက္ က်ေနတာေပါ့”ဟု ၎ကရွင္းျပသည္။ ထို႔ျပင္ ေက်ာင္းသား၊ ေက်ာင္းသူတို႔၏စိတ္ထဲတြင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး က႑သည္ ႏိုင္ငံအတြက္ မည္မွ်အေရးပါအရာေရာက္သည့္က႑တစ္ရပ္အျဖစ္ ရွိေနသင့္ေၾကာင္း ၎က ထည့္သြင္း ေျပာၾကားထားသည္။
“လူမွာ စားဝတ္ေနေရးက အေရးႀကီးပါတယ္။ အစားက အရင္လာတာေပါ့ေနာ္။ စားတဲ့ေန ရာမွာလည္း အာဟာရျပည့္ဖို႔လိုတာေပါ့ေနာ္။ အဲဒီအတြက္ စိုက္ပ်ိဳးေမြးျမဴေရးမလုပ္ဘဲနဲ႔ေတာ့ ဘယ္လိုမွ စားလို႔မရဘူး။ ဒါေၾကာင့္မို႔ လို႔ စိုက္ပ်ိဳးေမြးျမဴေရးက အေရးႀကီးတယ္လို႔ ကြၽန္ေတာ့္အျမင္က အဲဒီလိုျမင္ပါတယ္။ က်န္တာေတြက ဒုတိယပါ။ အဲဒါေၾကာင့္ မျဖစ္မေနေတာ့ စိုက္ပ်ိဳးေမြးျမဴေရးက သိသင့္တယ္။ တတ္သင့္တယ္ေပါ့ေနာ္။ အခုက ကုန္ေဈးႏႈန္းႀကီး တယ္။ ကိုယ့္အိမ္မွာကိုယ္ င႐ုတ္ပင္ေလးတစ္ပင္၊ ခ်ဥ္ေပါင္ပင္ေလးတစ္ပင္စိုက္ေနရင္ တိုက္ေပၚေနတဲ့သူက ပန္းအိုးေလးထဲ ထည့္စိုက္လို႔ရပါတယ္။ အဲဒီလို မ်ိဳးေလးေတြသာလုပ္ရင္ ကုန္က်မႈေလး နည္းနည္းစီေတာ့ သက္သာပါ တယ္။ အဲဒီေတာ့ ဘာပဲေျပာေျပာ ငယ္ငယ္ေလးကတည္းက တတ္ရင္ေပါ့ဗ်ာ။ အသက္ ႀကီးလာတဲ့အခ်ိန္မွာ ပိုေကာင္းတာေပါ့ေနာ္။ ဘယ္ဘဝပဲေရာက္ေရာက္၊ ဘယ္ရာထူးပဲေနေန၊ ဘာပဲ လုပ္လုပ္ စားဝတ္ေနေရးကလိုအပ္ပါ တယ္”ဟု ၎ က ဆက္လက္ေျပာသည္။