ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရီ ကင်ဆာရောဂါဖြင့် ကွယ်လွန်

 847

NP News- ဖေဖော်ဝါရီ ၂၁

နာမည်ကျော် ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရီ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးထံမှ သိရသည်။

အသက်(၇၅)နှစ်ရှိပြီဖြစ်သည့် တေးသံရှင် ဒေါ်ခင်ညွန့်ရီသည် ယမန်နေ့(ဖေဖော်ဝါရီ ၂၀ ရက်)၊ ည ၁၁ နာရီ ၅ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်တွင် တက်ရောက်ကုသနေစဥ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ "အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့အနုပညာ ၊ သူချစ်တဲ့ပရိတ်သတ်များကို ထာဝရ စွန့်ခွာသွားပါပြီ" ဟု သမီးဖြစ်သူ အိုပြည့်ရှင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

အဆုတ်ကင်ဆာဝေဒနာခံစားနေရသည့် အဆိုတော်ကြီး ခင်ညွန့်ရီသည် ပြီးခဲ့သည့် ဇန်နဝါရီ(၃၀)ရက်မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနတွင် တက်ရာက်ကုသမှုခံယူနေခြင်းဖြစ်ကြောင်း သိရသည်။

"ခင်ညွန့်ရီက ဝါသနာအရမ်းကြီးတာ။ မြန်မာမှုဂီတမှာတော့ သူ့မှတ်တိုင်တစ်ခုတော့ရှိတာပေါ့။ ဘယ်လောက်ပဲဘဝ‌တွေ ကွန်လွန်သွားပါစေ သူ့အနုပညာကတော့ မြန်မာနိုင်ငံမှာ ရှင်သန်နေမှာပဲလေ။ မြန်မာမှုဂီတသမားတွေ အခုလို အင်အားနည်းနေတဲ့အချိန်မှာ တန်ဖိုးရှိတဲ့ဂီတသမားဆုံးရှုံးသွားတာကတော့ ဂီတလောကအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ မြန်မာမှုအတွက်ပါ အများကြီးဆုံးရှုံးမှုဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော သူကတိုင်းပြည်အတွက်ရော၊ ဂီတလောကအတွက်ရော ထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်" ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က NP News ကိုပြောသည်။

ဒေါ်ခင်ညွန့်ရီသီဆိုခဲ့သည့် "လွမ်းငွေ့ဝေဝေ"၊ "သောကသူဋ္ဌေးမလေး"၊ "မလွမ်းဘယ်သူနေပါ့မယ်"နှင့် "နှင်းဆီမလေး ချစ်ပုံပြင်" ဆိုသည့် သီချင်းများသည် ယနေ့ထိ လူကြိုက်များ ထင်ရှားနေဆဲဖြစ်သည်။

Zawgyi Version:
ဂႏၲဝင္အဆိုေတာ္ႀကီး ခင္ၫြန႔္ရီ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္

NP News- ေဖေဖာ္ဝါရီ ၂၁

နာမည္ေက်ာ္ ဂႏၲဝင္အဆိုေတာ္ႀကီး ခင္ၫြန႔္ရီ ကင္ဆာေရာဂါျဖင့္ ကြယ္လြန္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးထံမွ သိရသည္။

အသက္(၇၅)ႏွစ္ရွိၿပီျဖစ္သည့္ ေတးသံရွင္ ေဒၚခင္ၫြန႔္ရီသည္ ယမန္ေန႔(ေဖေဖာ္ဝါရီ ၂၀ ရက္)၊ ည ၁၁ နာရီ ၅ မိနစ္တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ကင္ဆာကုသေဆာင္တြင္ တက္ေရာက္ကုသေနစဥ္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ေသဆုံးမႈႏွင့္ ပတ္သက္၍ "အေမ (အညာသူႀကီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ္မွာ သူခ်စ္တဲ့အႏုပညာ ၊ သူခ်စ္တဲ့ပရိတ္သတ္မ်ားကို ထာဝရ စြန႔္ခြာသြားပါၿပီ" ဟု သမီးျဖစ္သူ အိုျပည့္ရွင္က ၎၏လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

အဆုတ္ကင္ဆာေဝဒနာခံစားေနရသည့္ အဆိုေတာ္ႀကီး ခင္ၫြန႔္ရီသည္ ၿပီးခဲ့သည့္ ဇန္နဝါရီ(၃၀)ရက္မွစတင္ကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ကင္ဆာဌာနတြင္ တက္ရာက္ကုသမႈခံယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ခင္ၫြန႔္ရီက ဝါသနာအရမ္းႀကီးတာ။ ျမန္မာမႈဂီတမွာေတာ့ သူ႔မွတ္တိုင္တစ္ခုေတာ့ရွိတာေပါ့။ ဘယ္ေလာက္ပဲဘဝ‌ေတြ ကြန္လြန္သြားပါေစ သူ႔အႏုပညာကေတာ့ ျမန္မာႏိုင္ငံမွာ ရွင္သန္ေနမွာပဲေလ။ ျမန္မာမႈဂီတသမားေတြ အခုလို အင္အားနည္းေနတဲ့အခ်ိန္မွာ တန္ဖိုးရွိတဲ့ဂီတသမားဆုံးရႈံးသြားတာကေတာ့ ဂီတေလာကအတြက္ေရာ၊ တိုင္းျပည္အတြက္ေရာ၊ ျမန္မာမႈအတြက္ပါ အမ်ားႀကီးဆုံးရႈံးမႈျဖစ္ပါတယ္။ ဘယ္လိုပဲေျပာေျပာ သူကတိုင္းျပည္အတြက္ေရာ၊ ဂီတေလာကအတြက္ေရာ ထင္ရွားတဲ့ပုဂၢိဳလ္ျဖစ္တဲ့အတြက္ သူ႔မိသားစုနဲ႔ ထပ္တူထပ္မွ် ဝမ္းနည္းပါတယ္" ဟု ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးဥကၠ႒ ဦးလြင္ျမင့္က NP News ကိုေျပာသည္။

ေဒၚခင္ၫြန႔္ရီသီဆိုခဲ့သည့္ "လြမ္းေငြ႕ေဝေဝ"၊ "ေသာကသူေ႒းမေလး"၊ "မလြမ္းဘယ္သူေနပါ့မယ္"ႏွင့္ "ႏွင္းဆီမေလး ခ်စ္ပုံျပင္" ဆိုသည့္ သီခ်င္းမ်ားသည္ ယေန႔ထိ လူႀကိဳက္မ်ား ထင္ရွားေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.