၂၀၂၄ ခုနှစ်၏ အချောဆုံး K-pop idol အဖြစ် သတ်မှတ်ခံခဲ့ရသည့် BTS အဖွဲ့ဝင် ဂျင်

57

Pika (NP News) - ဖေဖော်ဝါရီ ၂၃
တောင်ကိုရီးယားနာမည်ကျော် အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်သည် Visual of the Year ဆုကို ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂျင်သည် မဲပေါင်း(၂၉၈၄၁၇၅)မဲဖြင့် (၂၀၂၄)ခုနှစ်၏ အချောဆုံး K-pop idol အဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်းသိရသည်။
ဂျင်၏နောက်တွင် တောင်ကိုရီးယားအမျိုး သားအဆိုတော်အဖွဲ့ Stray Kids ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ Hyunjin သည် မဲပေါင်း(၂၈၃၀၇၇၀)မဲဖြင့် ဒုတိယမြောက် K-pop idol သူအဖြစ် သတ်မှတ်ခံခဲ့ ရသည်။ ထို့နောက် ASTRO အဖွဲ့မှ Cha Eunwoo သည် မဲပေါင်း(၂၈၂၁၅၉၆)မဲဖြင့် တတိယမြောက် အချောဆုံး K-pop idol အဖြစ် သတ်မှတ်ခံခဲ့ရ ကြောင်း သိရသည်။
ထို့ပြင် ပရိသတ်အများအပြားသည် (၂၀၂၄)ခုနှစ်၏ အချောဆုံး K-pop idol အဖြစ် ဂျင်၏အနိုင်ရရှိမှုကို ဆိုရှယ်မီဒီယာ X(တွစ်တာ)ပေါ်တွင် ဂုဏ်ပြုခဲ့ကြကြောင်းလည်းသိရသည်။ အသုံးပြုသူတစ်ဦးက ‘‘ဂျင်ဟာ visual of the year ဆုကို အနိုင်ရရှိခဲ့ပြီး မဲပေါင်း(၂၉၈၄၁၇၅)မဲနဲ့အတူ (၂၀၂၄)ခုနှစ်ရဲ့ အချောဆုံး K-pop idol ဖြစ်လာခဲ့ပါတယ်”ဟု ရေးသားဖော်ပြထားသည်။
အခြားအသုံးပြုသူတစ်ဦးက ‘‘ကျွန်တော် တို့ရဲ့ဂျင်ဟာ (၂၀၂၄)ခုနှစ်ရဲ့ အချောဆုံး K-pop idol ဖြစ်ခဲ့ပါ တယ်။ ဂျင်အတွက် အရမ်းကိုဂုဏ်ယူပါ တယ်” ဟုရေးသားဖော်ပြခဲ့သည်။ Koreaboo ကုမ္ပဏီ၏ အစီရင်ခံစာအရ (၂၀၁၈)ခုနှစ်တွင် ဂျင်သည် ကမ္ဘာပေါ်တွင် အချောဆုံးမျက်နှာရှိသည့် ထိပ်တန်းလူ(၁၀)ဦးစာရင်းတွင် ပထမနေရာမှာ ရပ်တည် နိုင်ခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် ဒတ်ချ် အမြင်အနုပညာအဖွဲ့ Sluis Painting က ဂျင်ကို ကမ္ဘာ့ အပြီးပြည့်စုံဆုံး အမျိုးသား မျက်နှာဆုကို ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။ (၂၀၂၀)ပြည့်နှစ်တွင် ဂျင်သည် ကမ္ဘာ့အကြီးဆုံး အလှအပစာရင်း များထဲမှတစ်ခု၌ အဆင့်(၃၉)နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်းလည်းသိရသည်။

Zawgyi Version:
၂၀၂၄ ခုႏွစ္၏ အေခ်ာဆုံး K-pop idol အျဖစ္ သတ္မွတ္ခံခဲ့ရသည့္ BTS အဖြဲ႕ဝင္ ဂ်င္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသား အဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္သည္ Visual of the Year ဆုကို ရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဂ်င္သည္ မဲေပါင္း(၂၉၈၄၁၇၅)မဲျဖင့္ (၂၀၂၄)ခုႏွစ္၏ အေခ်ာဆုံး K-pop idol အျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္းလည္းသိရသည္။
ဂ်င္၏ေနာက္တြင္ ေတာင္ကိုရီးယားအမ်ိဳး သားအဆိုေတာ္အဖြဲ႕ Stray Kids ၏ အဖြဲ႕ဝင္တစ္ဦး ျဖစ္သူ Hyunjin သည္ မဲေပါင္း(၂၈၃၀၇၇၀)မဲျဖင့္ ဒုတိယေျမာက္ K-pop idol သူအျဖစ္ သတ္မွတ္ခံခဲ့ ရသည္။ ထို႔ေနာက္ ASTRO အဖြဲ႕မွ Cha Eunwoo သည္ မဲေပါင္း(၂၈၂၁၅၉၆)မဲျဖင့္ တတိယေျမာက္ အေခ်ာဆုံး K-pop idol အျဖစ္ သတ္မွတ္ခံခဲ့ရ ေၾကာင္း သိရသည္။
ထို႔ျပင္ ပရိသတ္အမ်ားအျပားသည္ (၂၀၂၄)ခုႏွစ္၏ အေခ်ာဆုံး K-pop idol အျဖစ္ ဂ်င္၏အႏိုင္ရရွိမႈကို ဆိုရွယ္မီဒီယာ X(တြစ္တာ)ေပၚတြင္ ဂုဏ္ျပဳခဲ့ၾကေၾကာင္းလည္းသိရသည္။ အသုံးျပဳသူတစ္ဦးက ‘‘ဂ်င္ဟာ visual of the year ဆုကို အႏိုင္ရရွိခဲ့ၿပီး မဲေပါင္း(၂၉၈၄၁၇၅)မဲနဲ႔အတူ (၂၀၂၄)ခုႏွစ္ရဲ႕ အေခ်ာဆုံး K-pop idol ျဖစ္လာခဲ့ပါတယ္”ဟု ေရးသားေဖာ္ျပထားသည္။
အျခားအသုံးျပဳသူတစ္ဦးက ‘‘ကြၽန္ေတာ္ တို႔ရဲ႕ဂ်င္ဟာ (၂၀၂၄)ခုႏွစ္ရဲ႕ အေခ်ာဆုံး K-pop idol ျဖစ္ခဲ့ပါ တယ္။ ဂ်င္အတြက္ အရမ္းကိုဂုဏ္ယူပါ တယ္” ဟုေရးသားေဖာ္ျပခဲ့သည္။ Koreaboo ကုမၸဏီ၏ အစီရင္ခံစာအရ (၂၀၁၈)ခုႏွစ္တြင္ ဂ်င္သည္ ကမာၻေပၚတြင္ အေခ်ာဆုံးမ်က္ႏွာရွိသည့္ ထိပ္တန္းလူ(၁၀)ဦးစာရင္းတြင္ ပထမေနရာမွာ ရပ္တည္ ႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ဒတ္ခ်္ အျမင္အႏုပညာအဖြဲ႕ Sluis Painting က ဂ်င္ကို ကမာၻ႔ အၿပီးျပည့္စုံဆုံး အမ်ိဳးသား မ်က္ႏွာဆုကို ေပးအပ္ခဲ့ေၾကာင္းလည္းသိရသည္။ (၂၀၂၀)ျပည့္ႏွစ္တြင္ ဂ်င္သည္ ကမာၻ႔အႀကီးဆုံး အလွအပစာရင္း မ်ားထဲမွတစ္ခု၌ အဆင့္(၃၉)ေနရာတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။