နေပြည်တော်- ရန်ကုန်ကို ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးမည်

1351

Pearl (NP News) - ဖေဖော်ဝါရီ ၂၄
လာမည့်ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်- ရန်ကုန်- နေပြည်တော်ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။
အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင်စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ခရီးသွားပြည်သူ ၁၃၀ လိုက်ပါစီးနင်းခဲ့ပြီး နေပြည်တော်မှ ရန်ကုန်သို့ ဘူတာစဉ်ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ကြောင်း သိရှိရသည်။
အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ပြေးဆွဲမည့် DEMU ရထားတွင် ပထမတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် - မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၃၀ စီးနင်းနိုင်မည်ဖြစ်ကာ ရထားအချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားတို့ကို မြန်မာ့မီးရထားမှ ထပ်မံထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများကို နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် - မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် ခေတ်မီလူစီးတွဲများ ဖြည့်တင်း/ထုတ်လုပ်ခြင်း၊ ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ေနျပည္ေတာ္- ရန္ကုန္ကို ေခတ္မီ DEMU ရထားတြဲဆိုင္းသစ္မ်ားျဖင့္ ေျပးဆြဲေပးမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၄
လာမည့္ေဖေဖာ္ဝါရီ ၂၈ ရက္မွစတင္၍ ေနျပည္ေတာ္- ရန္ကုန္- ေနျပည္ေတာ္ခရီးစဥ္အား ဂ်ပန္ႏိုင္ငံမွ ဝယ္ယူေရာက္ရွိလာသည့္ ေခတ္မီ DEMU ရထားတြဲဆိုင္းသစ္မ်ားျဖင့္ စတင္ေျပးဆြဲေပးမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္ မ်ားအရ သိရသည္။
အဆိုပါ ေခတ္မီ DEMU ရထားတြဲဆိုင္းျဖင့္ ေနျပည္ေတာ္မွ ရန္ကုန္အထိ စတင္စမ္းသပ္ေျပးဆြဲသည့္ ခရီးစဥ္အျဖစ္ ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ ခရီးသြားျပည္သူ ၁၃၀ လိုက္ပါစီးနင္းခဲ့ၿပီး ေနျပည္ေတာ္မွ ရန္ကုန္သို႔ ဘူတာစဥ္ရပ္တန႔္ခ်ိန္မ်ားအပါအဝင္ ခရီးသြားခ်ိန္ ၅ နာရီ မိနစ္ ၅၀ ၾကာျမင့္ေၾကာင္း သိရွိရသည္။
အဆင့္ျမႇင့္တင္ၿပီးျဖစ္သည့္ ရန္ကုန္-ေနျပည္ေတာ္ ရထားလမ္းပိုင္း၌ ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ စတင္ေျပးဆြဲမည့္ DEMU ရထားတြင္ ပထမတန္းေလးတြဲ၊ အထက္တန္းႏွစ္တြဲ စုစုေပါင္း တြဲဆိုင္းေျခာက္တြဲျဖင့္ ခရီးသည္ ၃၁၂ ဦး လိုက္ပါစီးနင္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ေနျပည္ေတာ္ - မႏၲေလးေျပးဆြဲမည့္ ေလအိတ္ရထားခရီးစဥ္အတြက္ ႐ိုး႐ိုးတန္းေလးတြဲ၊ အထက္တန္းႏွစ္တြဲ စုစုေပါင္း တြဲဆိုင္းေျခာက္တြဲျဖင့္ ခရီးသည္ ၃၃၀ စီးနင္းႏိုင္မည္ျဖစ္ကာ ရထားအခ်ိန္စာရင္းႏွင့္ လက္မွတ္ခႏႈန္းထားတို႔ကို ျမန္မာ့မီးရထားမွ ထပ္မံထုတ္ျပန္မည္ ျဖစ္ေၾကာင္း သိရသည္။
ခရီးသည္မ်ားအေနျဖင့္ အဆိုပါ DEMU ရထားႏွင့္ ေလအိတ္ရထားမ်ားကို ေနျပည္ေတာ္ဘူတာတြင္ ေျပာင္းလဲလိုက္ပါ စီးနင္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ - မႏၲေလး ခရီးစဥ္တစ္ေလွ်ာက္ ပဲခူး၊ ျဖဴး၊ ေတာင္ငူ၊ ေနျပည္ေတာ္၊ သာစည္ဘူတာတို႔၌ ရပ္တန႔္ေပးသြားမည္ျဖစ္ၿပီး ျမန္မာ့မီးရထားအေနျဖင့္ ေခတ္မီလူစီးတြဲမ်ား ျဖည့္တင္း/ထုတ္လုပ္ျခင္း၊ ရထားလမ္းအဆင့္ျမႇင့္တင္ျခင္း၊ ဘူတာ႐ုံမ်ား အဆင့္ျမႇင့္တင္ျခင္းတို႔ကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။