သစ်မရှိမီ ဝါးပေါင်းကွပ်လမ်း (သို့မဟုတ်) တောင်ကြီး - ခိုလမ် ခရီး

 743

သုတကျော် (NP News)
စစ်ပွဲသည် နီးသည်၊ ဝေးသည်မရှိဘဲ ပြည်သူများကို အခက်အခဲတွေ့စေသည်ဖြစ်ရာ စစ်ဘေးကို လက်တွေ့မကြုံရသော်ငြား သွယ်ဝိုက်ပြီး ခံရသော ပြည်သူများဘက်ကလည်း အခက်အခဲကြားမှ လူမှု ဘဝများ၊ ကုန်သွယ်စီးပွားရေးများ အဆင်ပြေစေရန်အတွက် ကြံဆခဲ့ကြရ၏။ ယင်းကို အနီးစပ်ဆုံး ဥပမာ ပေးရမည့်အရာကား တောင်ကြီး - ခိုလမ် ခရီးပင် ဖြစ်ချေတော့သည်။
တောင်ကြီး - ခိုလမ် လမ်းပိုင်းသည် ယခင်က သာမန်ဒေသဖြတ်ကျော်လမ်းတစ်လမ်း အဖြစ်သာ တည်ရှိခဲ့သည်။ ထို့ပြင် လွန်ခဲ့သော နှစ်အချို့အထိ ယင်းလမ်းက ရှမ်းပြည်နယ်၏ကုန်စည်စီးဆင်းရေး အတွက် အရေးပါလာလိမ့်မည်ဟု မည်သူမျှ ထင်မိလိမ့်မည်မဟုတ်ပေ။
တောင်ကြီး - ဟိုပုံး - မိုင်းပွန် - လွိုင် လင် - နမ့်စန် - ခိုလမ် ခရီးလမ်းကြောင်းသည် (၁၀၉)မိုင်ခန့် ရှည်လျားပြီး တောင်တက်၊ တောင်ဆင်းနှင့် မြေပြန့်လမ်းရောနေခြင်းဖြစ်သည်။ ရှမ်းပြည်နယ်တွင် ကန့် လန့်ဖြတ်တည်ရှိနေသော ယင်းလမ်းသည် တစ်ချိန်က သာမညလမ်းတစ်လမ်းသာဖြစ်ခဲ့၏။ ပုံမှန် ကား သွားလာမှုသာရှိခဲ့သည်။
သို့သော် ယင်း အိမ်နိမ့်စံ လမ်းငယ်သည် အရေးပါသောနေရာသို့ရောက်ရှိရန်အတွက် အခြေ အနေက ဖန်တီးလာခဲ့သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းသာမက ရှမ်းပြည်နယ်မြောက်ပိုင်းသို့ပါ ချိတ်ဆက် နိုင်သည့်ယင်းလမ်းသည် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းအတွက် မဟာဗျူဟာ ကျနေခဲ့သည်။ ကျိုင်းတုံ၊ တာချီလိတ် အထိလည်း ယင်းလမ်းပိုင်းက ပေါက်ရောက်သည်။
(၁၀၂၇) ဟု အမည်သညာ မှည့်ခေါ်ထားသော မြောက်ပိုင်းသုံးဖွဲ့ကစတင်ခဲ့သည် စစ်ပွဲသည် ၎င်း တို့ လက်နက်ကိုင်အဖွဲ့များအတွက် နယ်မြေနှင့် အကျိုးစီးပွားကို ဦးတည်ခဲ့သော်လည်း ပြည်သူများ အတွက်မှာ ထိခိုက်ခဲ့ရသည်။ စစ်ဘေးကြောင့် တိမ်းရှောင်ရသည်။ ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ် တောက်သည်။ သွားလာရေးများ ခက်ခဲသည်။ ယင်းလက်နက်ကိုင်အဖွဲ့များကို ကွေ့ပတ်သွားလိုသော ပြည်သူများအတွက် လမ်းတစ်လမ်း လိုလာသည်။
ယခင် တိုက်ပွဲများမရှိမီက ပြည်ထောင်စုလမ်းမကြီးကိုအသုံးပြုကာ ရှမ်းပြည်နယ်တွင် ကုန်စည် များအဝင်၊ အထွက်ရှိခဲ့သည်။ ထို့ပြင် အခြားသော ကုန်စည်စီးဆင်းရာ လမ်းပိုင်းများစွာလည်း ရှိနေသေး သည်။ သို့သော် ယင်းလမ်းတို့ကို စစ်ရောက်လာခဲ့သောအခါ အခက်ကြုံကြရသည့် ပြည်သူများအနေဖြင့် ကုန်သွယ်ရေးပြုလုပ်ရန် လမ်းပိုင်းကို ရှာဖွေခဲ့ကြရသည်။ ထိုအခါ ဆေးမြီးတို တစ်ခုကို တွေ့သွားခဲ့ကြ သည်။ ယင်းကား တောင်ကြီး - ခိုလမ် လမ်း စတင်အရေးပါရန်အတွက် အခန်းကဏ္ဍတစ်ခုကို စတင်ဖွင့် လှစ်လိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ ယင်းလမ်းသည် စိတ်လုံခြုံမှုပေးနိုင်သေးသည်။ တိုက်ပွဲသံများ ကင်းရှင်း သည်။ ထို့ကြောင့် ဂရုစိုက်မောင်းနှင်ရုံက လွဲ၍ တိုက်ပွဲအတွက် စိုးရိမ်ရန်မလိုပါ။ ထို့ကြောင့် ကုန်တင် ကားများ၊ ခရီးသည်တင်ကား အသေး၊ အကြီးများ၊ အိမ်စီးကားများသည် ယင်းလမ်းတွင် ဥဒဟို စတင် အသုံးပြုလာခဲ့သည်။
“အဲဒီလမ်းပိုင်းက စိုးရိမ်စရာတော့ မရှိဘူး။ ဟိုတလောကသာ လက်နက်ကိုင်အဖွဲ့ တစ်ခုက ပိုက်ဆံလေး တက်တောင်းတာတော့ ဖြစ်သွားတယ်။ ဒါကလည်း ဖြစ်ခေါင့်ဖြစ်ခဲအခြေအနေပါ။ ပုံမှန် ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ” ဟု ခိုလမ်း ဒေသခံတစ်ဦးက ပြောသည်။
ယင်းလမ်းသည် ဆောင်းပါးအစတွင် တင်ပြခဲ့သကဲ့သို့ အစဦးကပင် ကုန်စည်စီးဆင်းရာတွင် အသုံးပြုရန်အတွက် ဖောက်လုပ်ထားသည့်လမ်းတစ်လမ်း မဟုတ်ပါ။ ထို့ကြောင့် လမ်းတော့ အနည်း ငယ် ဆိုးသည်။ ထို့ပြင် လမ်းလည်း ကျဉ်းသည်။ “တချို့ နေရာလေးတွေမှာတော့ မျက်နှာချင်းဆိုင်လာလို့ ရှိရင် တစ်ဖက်ကရပ်ပြီးစောင့်ပေးရတဲ့ အထိတော့ ကျဉ်းတဲ့နေရာတွေရှိတယ်ဗျ။ များသောအားဖြင့် တော့ နှစ်စီးစာတော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ထို့ပြင် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေသား လမ်း စသည်ဖြင့်လည်း လမ်းပိုင်းတွင် အပိုင်းလိုက်လည်းရှိနေသည်။
“တောင်ကြီးကနေပြီးတော့ လွိုင်လင်ကြားမှာတော့ လမ်းလေး နည်းနည်းဆိုးတာပေါ့။ ရာသီဥတု မကောင်းလို့ ပြန်ပျက်လိုက်၊ လမ်းကခင်းလိုက်နဲ့ ဆိုတော့လေ။ လွိုင်လင် ဒီဘက်ကျော်လာပြီး နမ့်စန် - ခိုလမ်ဘက်ကတော့အဆင်ပြေတယ်” ဟု ယင်းဒေသခံကပင် ဆိုသည်။
ယင်းလမ်းတွင် မြွေလိမ်မြွေကောက် အချိုးအကွေ့များလည်း များသည်။ လွိုင်လင်နှင့် ဟိုပုန်း ကြားတွင် တောင်တက်၊ တောင်ဆင်းလမ်းများသည်။ ထို့ကြောင့် လမ်းပိုင်းပျက်စီးသည်ကို တိမ်းရှောင် မောင်းနှင်နိုင်သော်လည်း ကားပျက်ပြီး ပိတ်နေခြင်း၊ တောင်ပြိုခြင်းများရှိပါက မူလလေးနာရီကျော် ခရီး ထက် ပိုကြာသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ယင်း အခါမျိုးတွင်တော့ စောင့်ပါလေဦးတော့ဟု ဆိုရမည့် အခြေအနေပင်။ ယင်းအခက်အခဲက တောင်ကြီး - ခိုလမ် လမ်းပိုင်းအတွက် ကြီးစွာသော အခက်အခဲ ဖြစ် သည်။ “ကားတစ်စီးစီးက လမ်းပေါ် ပိတ်နေတာတို့၊ တောင်ပြိုတာတို့ဆိုရင်တော့ သုံးလေးနာရီလောက် ထပ်ဆောင်းကြာသွားတာပေါ့” ဟု အခြား ရှမ်းပြည်နယ်မှ ဒေသခံတစ်ဦးက ရှင်းပြသည်။
အရှင်မွေး နေ့ချင်းကြီးဆိုသော သဘောဖြင့် ယင်းလမ်းပိုင်းကို အသုံးပြုကြရခြင်းဖြစ်ရာ ကြိုတင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိခဲ့။ ဖြစ်ပေါ်လာသော အခြေအနေကို မူတည်ပြီး အဓိကကျလာခြင်းဖြစ်ရာ မူလ ရှိပြီးသား လမ်းပိုင်းပျက်စီးမှုပမာဏကလည်း တိုးလာခဲ့သည်။
“နဂိုတည်းက လမ်းက ကုန်စည်စီးဆင်းရေးကို ရည်ရွယ်ပြီး လုပ်ခဲ့တဲ့လမ်းမဟုတ်တော့ ကုန်ကား တွေ ပြည့်သိပ်နေတဲ့ပုံမျိုးပဲ မြင်ရတာပေါ့။ ကုန်ကားတွေကို မကြာခဏရှောင်ရတယ်” ဟု ၎င်းက ဆို သည်။
အနည်းသုံးလမ်းမှ အများသုံးလမ်းဖြစ်သွားသည့် ယင်းလမ်းကြောတွင် မောင်းနှင်ရသည့်အခါ ယခင်ကားမောင်းရသည့်အရသာမျိုး မရတော့ကြောင်း ယင်းလမ်းပိုင်းကို အသုံးပြုသွားလာနေသူ တစ်ဦး က ဆိုသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အရင်မောင်းနေကျ ပုံစံတော့မဟုတ်တော့ဘူး။ ကုန်ကားတွေ က ဒီဘက်ရောက်လာတော့ အရင်လို မောင်းနေကျတော့ မဟုတ်တော့ဘူး။ နည်းနည်း ထိန်းမောင်း၊ ပို ဂရုစိုက်မောင်း အဲဒီလိုပုံစံမျိုးတော့ မောင်းရတဲ့သဘောပေါ့” ဟု ၎င်းက ရှင်းပြသည်။
ကံကောင်းထောက်မသည့်အချက်က ယင်းလမ်းပိုင်းတွင် သွားသည့်အခါ ဘေးကင်းမည်ဟု စိတ်ချလက်ချ ယုံကြည်ထားနိုင်သည်။ ယင်းက တောင်ကြီး-ခိုလမ် လမ်းပိုင်း၏ အားသာချက် တစ်ခု လည်း ဖြစ်နေသည်။
လမ်းတစ်လမ်း ဖြစ်ပေါ်လာခြင်းသည် လမ်းဘေးဝဲယာနေထိုင်သူများအတွက် အခွင့်အရေးကို ယူဆောင်လာပေးသည်ဖြစ်ရာ တောင်ကြီး - ခိုလမ် လမ်းပိုင်းတွင်လျှောက် နေထိုင်သူများအတွက် စီးပွား ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ဈေးဆိုင်များရှိလာသည်။ ကုန်ကားများ အသုံးပြုသော လမ်းပိုင်းဖြစ် ရာ ခရီးသည်တင်ကားများကဲ့သို့ သတ်မှတ်နေရာတစ်ခုတည်းတွင်သာ ရပ်တန့် နားနေခြင်းမဟုတ်ဘဲ အဆင်ပြေသကဲ့သို့ ရပ်တန့်ခြင်းဖြစ်သောကြောင့် လမ်းပိုင်းက နေရာအနှံ့အပြားတွင် ရောင်းရေးဝယ်တာ များ မျှတလာသည်။
ထို့ပြင် လမ်းပိုင်း၏ ထိပ်ဆုံးက ခိုလမ်မြို့သည်လည်း ခရီးတစ်ထောက်နားရာ လမ်းဆုံ လမ်းခွ မြို့ တစ်မြို့အဖြစ်ကို အချိန်တိုနှစ်ပိုင်းအတွင်း ရောက်ရှိလာခဲ့သည်။ ထို့ပြင် ယင်းလမ်းဖြတ်သန်းရာ မြို့များ တွင်လည်း စီးပွားရေး မြင့်လာသည်။
“ရှမ်းမြောက်က ကုန်စည်စီးဆင်းမှု ရပ်သွားတဲ့အချိန်မှာ ကုန်စည်စီးဆင်းမှုက ရှမ်းတောင်ကို ဖြတ်ပြီး ရှမ်းအရှေ့ကို ဒီလမ်းဖြတ်ပြီး သုံးရတဲ့အခါကျတော့ ဒီလမ်းပေါ်မှာရှိတဲ့ မြို့တွေ အကုန်လုံးက စည်ကားသွားတဲ့ပုံစံ ဖြစ်သွားတယ်။ ခိုလမ်က ပိုစည်တယ်ပဲ ပြောရမှာပေါ့။ လူဝင်၊ လူထွက်တွေ များလာ ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းလမ်းပိုင်းနှင့်ပတ်သက်၍ ဒေသခံတို့၏ စိတ်အတွင်း အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိနေ ကြောင်း ၎င်းက ဆိုသည်။ အကောင်းနှင့်အဆိုး ရောနေသည်ဟု ဆိုရဖွယ်ရှိသည်။ လမ်းကို ပိုမိုကောင်း မွန်စေလိုနေကြ၏။
“ပထမတစ်မျိုးကျတော့ အစကတည်းက ကုန်စည်စီးဆင်းမှုကိုအားပြုဖို့ဖောက်ထားတဲ့ လမ်း မဟုတ်ဘဲ အခုရုတ်တရက်ဖြစ်လာမှ သုံးတာဆိုတော့ နဂိုရှိရင်းစွဲ မောင်းနေတဲ့ကားသမားတွေ ဘက် ကနေ ဒီကားတွေကြောင့် လမ်းက ပိုပျက်တယ်ဆိုပြီး ဖြစ်တယ်။ နောက်တစ်ချက်ကကျတော့ ဒီလမ်းကို သေချာပေါက်အဖြစ် သုံးမယ်ဆိုရင်လည်း ကုမ္ပဏီ ဖြစ်ဖြစ် တရားဝင်လုပ်နေတဲ့သူတွေလည်း ပြင်တာကို အားနည်းနည်း စိုက်စေချင်ကြတာပေါ့” ဟု ၎င်းက ပြန်လည်ရှင်းပြသည်။
ယင်း တောင်ကြီး - ခိုလမ် လမ်းသည်ကား စစ်ပွဲမှ မွေးထုတ်လိုက်သည့် အရေးပေါ် လမ်းတစ် လမ်းဖြစ်ခဲ့သော်လည်း ယခုတော့ ကုန်စည်စီဆင်းမှုအတွက် တဖြည်းဖြည်း အသားကျနေပြီဖြစ်သည်။ ယင်းလမ်းသည် ပြည်သူများ၏ အကျိုးစီးပွားအတွက်လည်းများစွာ သက်ရောက်မှုရှိပါသည်။
လမ်းအသစ်ပေါ်လာခြင်းသည် ကောင်းမွန်သော အမှတ်သညာတစ်ခုဖြစ်သော်လည်း ပေါ်ပေါက် လာရသည့်အကြောင်းနှင့်အတူ လိုက်လျောညီထွေဖြစ်စေမည့် ပြင်ဆင်မှုများလည်း လိုအပ်နေသည်မှာ ငြင်းမရသောအချက် ဖြစ်ပါသည်။ ယင်းလမ်းကား ယခုထက် ပိုမိုကောင်းမွန်မည်ဟု ဒေသခံများလည်း မျှော်လင့်နေကြပေလိမ့်မည်။

Zawgyi Version:
သစ္မရွိမီ ဝါးေပါင္းကြပ္လမ္း (သို႔မဟုတ္) ေတာင္ႀကီး - ခိုလမ္ ခရီး
သုတေက်ာ္ (NP News)
စစ္ပြဲသည္ နီးသည္၊ ေဝးသည္မရွိဘဲ ျပည္သူမ်ားကို အခက္အခဲေတြ႕ေစသည္ျဖစ္ရာ စစ္ေဘးကို လက္ေတြ႕မႀကဳံရေသာ္ျငား သြယ္ဝိုက္ၿပီး ခံရေသာ ျပည္သူမ်ားဘက္ကလည္း အခက္အခဲၾကားမွ လူမႈ ဘဝမ်ား၊ ကုန္သြယ္စီးပြားေရးမ်ား အဆင္ေျပေစရန္အတြက္ ႀကံဆခဲ့ၾကရ၏။ ယင္းကို အနီးစပ္ဆုံး ဥပမာ ေပးရမည့္အရာကား ေတာင္ႀကီး - ခိုလမ္ ခရီးပင္ ျဖစ္ေခ်ေတာ့သည္။
ေတာင္ႀကီး - ခိုလမ္ လမ္းပိုင္းသည္ ယခင္က သာမန္ေဒသျဖတ္ေက်ာ္လမ္းတစ္လမ္း အျဖစ္သာ တည္ရွိခဲ့သည္။ ထို႔ျပင္ လြန္ခဲ့ေသာ ႏွစ္အခ်ိဳ႕အထိ ယင္းလမ္းက ရွမ္းျပည္နယ္၏ကုန္စည္စီးဆင္းေရး အတြက္ အေရးပါလာလိမ့္မည္ဟု မည္သူမွ် ထင္မိလိမ့္မည္မဟုတ္ေပ။
ေတာင္ႀကီး - ဟိုပုံး - မိုင္းပြန္ - လြိဳင္ လင္ - နမ့္စန္ - ခိုလမ္ ခရီးလမ္းေၾကာင္းသည္ (၁၀၉)မိုင္ခန႔္ ရွည္လ်ားၿပီး ေတာင္တက္၊ ေတာင္ဆင္းႏွင့္ ေျမျပန႔္လမ္းေရာေနျခင္းျဖစ္သည္။ ရွမ္းျပည္နယ္တြင္ ကန႔္ လန႔္ျဖတ္တည္ရွိေနေသာ ယင္းလမ္းသည္ တစ္ခ်ိန္က သာမညလမ္းတစ္လမ္းသာျဖစ္ခဲ့၏။ ပုံမွန္ ကား သြားလာမႈသာရွိခဲ့သည္။
သို႔ေသာ္ ယင္း အိမ္နိမ့္စံ လမ္းငယ္သည္ အေရးပါေသာေနရာသို႔ေရာက္ရွိရန္အတြက္ အေျခ အေနက ဖန္တီးလာခဲ့သည္။ ရွမ္းျပည္နယ္ အေရွ႕ပိုင္းသာမက ရွမ္းျပည္နယ္ေျမာက္ပိုင္းသို႔ပါ ခ်ိတ္ဆက္ ႏိုင္သည့္ယင္းလမ္းသည္ ကုန္စည္ပို႔ေဆာင္ေရး လမ္းေၾကာင္းအတြက္ မဟာဗ်ဴဟာ က်ေနခဲ့သည္။ က်ိဳင္းတုံ၊ တာခ်ီလိတ္ အထိလည္း ယင္းလမ္းပိုင္းက ေပါက္ေရာက္သည္။
(၁၀၂၇) ဟု အမည္သညာ မွည့္ေခၚထားေသာ ေျမာက္ပိုင္းသုံးဖြဲ႕ကစတင္ခဲ့သည္ စစ္ပြဲသည္ ၎ တို႔ လက္နက္ကိုင္အဖြဲ႕မ်ားအတြက္ နယ္ေျမႏွင့္ အက်ိဳးစီးပြားကို ဦးတည္ခဲ့ေသာ္လည္း ျပည္သူမ်ား အတြက္မွာ ထိခိုက္ခဲ့ရသည္။ စစ္ေဘးေၾကာင့္ တိမ္းေရွာင္ရသည္။ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ျပတ္ ေတာက္သည္။ သြားလာေရးမ်ား ခက္ခဲသည္။ ယင္းလက္နက္ကိုင္အဖြဲ႕မ်ားကို ေကြ႕ပတ္သြားလိုေသာ ျပည္သူမ်ားအတြက္ လမ္းတစ္လမ္း လိုလာသည္။
ယခင္ တိုက္ပြဲမ်ားမရွိမီက ျပည္ေထာင္စုလမ္းမႀကီးကိုအသုံးျပဳကာ ရွမ္းျပည္နယ္တြင္ ကုန္စည္ မ်ားအဝင္၊ အထြက္ရွိခဲ့သည္။ ထို႔ျပင္ အျခားေသာ ကုန္စည္စီးဆင္းရာ လမ္းပိုင္းမ်ားစြာလည္း ရွိေနေသး သည္။ သို႔ေသာ္ ယင္းလမ္းတို႔ကို စစ္ေရာက္လာခဲ့ေသာအခါ အခက္ႀကဳံၾကရသည့္ ျပည္သူမ်ားအေနျဖင့္ ကုန္သြယ္ေရးျပဳလုပ္ရန္ လမ္းပိုင္းကို ရွာေဖြခဲ့ၾကရသည္။ ထိုအခါ ေဆးၿမီးတို တစ္ခုကို ေတြ႕သြားခဲ့ၾက သည္။ ယင္းကား ေတာင္ႀကီး - ခိုလမ္ လမ္း စတင္အေရးပါရန္အတြက္ အခန္းက႑တစ္ခုကို စတင္ဖြင့္ လွစ္လိုက္ျခင္းျဖစ္သည္။
လက္ရွိအခ်ိန္အထိ ယင္းလမ္းသည္ စိတ္လုံၿခဳံမႈေပးႏိုင္ေသးသည္။ တိုက္ပြဲသံမ်ား ကင္းရွင္း သည္။ ထို႔ေၾကာင့္ ဂ႐ုစိုက္ေမာင္းႏွင္႐ုံက လြဲ၍ တိုက္ပြဲအတြက္ စိုးရိမ္ရန္မလိုပါ။ ထို႔ေၾကာင့္ ကုန္တင္ ကားမ်ား၊ ခရီးသည္တင္ကား အေသး၊ အႀကီးမ်ား၊ အိမ္စီးကားမ်ားသည္ ယင္းလမ္းတြင္ ဥဒဟို စတင္ အသုံးျပဳလာခဲ့သည္။
“အဲဒီလမ္းပိုင္းက စိုးရိမ္စရာေတာ့ မရွိဘူး။ ဟိုတေလာကသာ လက္နက္ကိုင္အဖြဲ႕ တစ္ခုက ပိုက္ဆံေလး တက္ေတာင္းတာေတာ့ ျဖစ္သြားတယ္။ ဒါကလည္း ျဖစ္ေခါင့္ျဖစ္ခဲအေျခအေနပါ။ ပုံမွန္ ဆိုရင္ေတာ့ ေအးေအးေဆးေဆးပါပဲ” ဟု ခိုလမ္း ေဒသခံတစ္ဦးက ေျပာသည္။
ယင္းလမ္းသည္ ေဆာင္းပါးအစတြင္ တင္ျပခဲ့သကဲ့သို႔ အစဦးကပင္ ကုန္စည္စီးဆင္းရာတြင္ အသုံးျပဳရန္အတြက္ ေဖာက္လုပ္ထားသည့္လမ္းတစ္လမ္း မဟုတ္ပါ။ ထို႔ေၾကာင့္ လမ္းေတာ့ အနည္း ငယ္ ဆိုးသည္။ ထို႔ျပင္ လမ္းလည္း က်ဥ္းသည္။ “တခ်ိဳ႕ ေနရာေလးေတြမွာေတာ့ မ်က္ႏွာခ်င္းဆိုင္လာလို႔ ရွိရင္ တစ္ဖက္ကရပ္ၿပီးေစာင့္ေပးရတဲ့ အထိေတာ့ က်ဥ္းတဲ့ေနရာေတြရွိတယ္ဗ်။ မ်ားေသာအားျဖင့္ ေတာ့ ႏွစ္စီးစာေတာ့ ရွိပါတယ္” ဟု ၎ကဆိုသည္။ ထို႔ျပင္ ကတၱရာလမ္း၊ ကြန္ကရစ္လမ္း၊ ေျမသား လမ္း စသည္ျဖင့္လည္း လမ္းပိုင္းတြင္ အပိုင္းလိုက္လည္းရွိေနသည္။
“ေတာင္ႀကီးကေနၿပီးေတာ့ လြိဳင္လင္ၾကားမွာေတာ့ လမ္းေလး နည္းနည္းဆိုးတာေပါ့။ ရာသီဥတု မေကာင္းလို႔ ျပန္ပ်က္လိုက္၊ လမ္းကခင္းလိုက္နဲ႔ ဆိုေတာ့ေလ။ လြိဳင္လင္ ဒီဘက္ေက်ာ္လာၿပီး နမ့္စန္ - ခိုလမ္ဘက္ကေတာ့အဆင္ေျပတယ္” ဟု ယင္းေဒသခံကပင္ ဆိုသည္။
ယင္းလမ္းတြင္ ေႁမြလိမ္ေႁမြေကာက္ အခ်ိဳးအေကြ႕မ်ားလည္း မ်ားသည္။ လြိဳင္လင္ႏွင့္ ဟိုပုန္း ၾကားတြင္ ေတာင္တက္၊ ေတာင္ဆင္းလမ္းမ်ားသည္။ ထို႔ေၾကာင့္ လမ္းပိုင္းပ်က္စီးသည္ကို တိမ္းေရွာင္ ေမာင္းႏွင္ႏိုင္ေသာ္လည္း ကားပ်က္ၿပီး ပိတ္ေနျခင္း၊ ေတာင္ၿပိဳျခင္းမ်ားရွိပါက မူလေလးနာရီေက်ာ္ ခရီး ထက္ ပိုၾကာသြားျခင္းမ်ိဳးလည္း ျဖစ္ႏိုင္သည္။ ယင္း အခါမ်ိဳးတြင္ေတာ့ ေစာင့္ပါေလဦးေတာ့ဟု ဆိုရမည့္ အေျခအေနပင္။ ယင္းအခက္အခဲက ေတာင္ႀကီး - ခိုလမ္ လမ္းပိုင္းအတြက္ ႀကီးစြာေသာ အခက္အခဲ ျဖစ္ သည္။ “ကားတစ္စီးစီးက လမ္းေပၚ ပိတ္ေနတာတို႔၊ ေတာင္ၿပိဳတာတို႔ဆိုရင္ေတာ့ သုံးေလးနာရီေလာက္ ထပ္ေဆာင္းၾကာသြားတာေပါ့” ဟု အျခား ရွမ္းျပည္နယ္မွ ေဒသခံတစ္ဦးက ရွင္းျပသည္။
အရွင္ေမြး ေန႔ခ်င္းႀကီးဆိုေသာ သေဘာျဖင့္ ယင္းလမ္းပိုင္းကို အသုံးျပဳၾကရျခင္းျဖစ္ရာ ႀကိဳတင္ ျပင္ဆင္ႏိုင္ခဲ့ျခင္း မရွိခဲ့။ ျဖစ္ေပၚလာေသာ အေျခအေနကို မူတည္ၿပီး အဓိကက်လာျခင္းျဖစ္ရာ မူလ ရွိၿပီးသား လမ္းပိုင္းပ်က္စီးမႈပမာဏကလည္း တိုးလာခဲ့သည္။
“နဂိုတည္းက လမ္းက ကုန္စည္စီးဆင္းေရးကို ရည္႐ြယ္ၿပီး လုပ္ခဲ့တဲ့လမ္းမဟုတ္ေတာ့ ကုန္ကား ေတြ ျပည့္သိပ္ေနတဲ့ပုံမ်ိဳးပဲ ျမင္ရတာေပါ့။ ကုန္ကားေတြကို မၾကာခဏေရွာင္ရတယ္” ဟု ၎က ဆို သည္။
အနည္းသုံးလမ္းမွ အမ်ားသုံးလမ္းျဖစ္သြားသည့္ ယင္းလမ္းေၾကာတြင္ ေမာင္းႏွင္ရသည့္အခါ ယခင္ကားေမာင္းရသည့္အရသာမ်ိဳး မရေတာ့ေၾကာင္း ယင္းလမ္းပိုင္းကို အသုံးျပဳသြားလာေနသူ တစ္ဦး က ဆိုသည္။
“ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ အရင္ေမာင္းေနက် ပုံစံေတာ့မဟုတ္ေတာ့ဘူး။ ကုန္ကားေတြ က ဒီဘက္ေရာက္လာေတာ့ အရင္လို ေမာင္းေနက်ေတာ့ မဟုတ္ေတာ့ဘူး။ နည္းနည္း ထိန္းေမာင္း၊ ပို ဂ႐ုစိုက္ေမာင္း အဲဒီလိုပုံစံမ်ိဳးေတာ့ ေမာင္းရတဲ့သေဘာေပါ့” ဟု ၎က ရွင္းျပသည္။
ကံေကာင္းေထာက္မသည့္အခ်က္က ယင္းလမ္းပိုင္းတြင္ သြားသည့္အခါ ေဘးကင္းမည္ဟု စိတ္ခ်လက္ခ် ယုံၾကည္ထားႏိုင္သည္။ ယင္းက ေတာင္ႀကီး-ခိုလမ္ လမ္းပိုင္း၏ အားသာခ်က္ တစ္ခု လည္း ျဖစ္ေနသည္။
လမ္းတစ္လမ္း ျဖစ္ေပၚလာျခင္းသည္ လမ္းေဘးဝဲယာေနထိုင္သူမ်ားအတြက္ အခြင့္အေရးကို ယူေဆာင္လာေပးသည္ျဖစ္ရာ ေတာင္ႀကီး - ခိုလမ္ လမ္းပိုင္းတြင္ေလွ်ာက္ ေနထိုင္သူမ်ားအတြက္ စီးပြား ျဖစ္လာသည္ဟု ဆိုရမည္ျဖစ္သည္။ ေဈးဆိုင္မ်ားရွိလာသည္။ ကုန္ကားမ်ား အသုံးျပဳေသာ လမ္းပိုင္းျဖစ္ ရာ ခရီးသည္တင္ကားမ်ားကဲ့သို႔ သတ္မွတ္ေနရာတစ္ခုတည္းတြင္သာ ရပ္တန႔္ နားေနျခင္းမဟုတ္ဘဲ အဆင္ေျပသကဲ့သို႔ ရပ္တန႔္ျခင္းျဖစ္ေသာေၾကာင့္ လမ္းပိုင္းက ေနရာအႏွံ႔အျပားတြင္ ေရာင္းေရးဝယ္တာ မ်ား မွ်တလာသည္။
ထို႔ျပင္ လမ္းပိုင္း၏ ထိပ္ဆုံးက ခိုလမ္ၿမိဳ႕သည္လည္း ခရီးတစ္ေထာက္နားရာ လမ္းဆုံ လမ္းခြ ၿမိဳ႕ တစ္ၿမိဳ႕အျဖစ္ကို အခ်ိန္တိုႏွစ္ပိုင္းအတြင္း ေရာက္ရွိလာခဲ့သည္။ ထို႔ျပင္ ယင္းလမ္းျဖတ္သန္းရာ ၿမိဳ႕မ်ား တြင္လည္း စီးပြားေရး ျမင့္လာသည္။
“ရွမ္းေျမာက္က ကုန္စည္စီးဆင္းမႈ ရပ္သြားတဲ့အခ်ိန္မွာ ကုန္စည္စီးဆင္းမႈက ရွမ္းေတာင္ကို ျဖတ္ၿပီး ရွမ္းအေရွ႕ကို ဒီလမ္းျဖတ္ၿပီး သုံးရတဲ့အခါက်ေတာ့ ဒီလမ္းေပၚမွာရွိတဲ့ ၿမိဳ႕ေတြ အကုန္လုံးက စည္ကားသြားတဲ့ပုံစံ ျဖစ္သြားတယ္။ ခိုလမ္က ပိုစည္တယ္ပဲ ေျပာရမွာေပါ့။ လူဝင္၊ လူထြက္ေတြ မ်ားလာ ပါတယ္” ဟု ၎က ဆိုသည္။
ယင္းလမ္းပိုင္းႏွင့္ပတ္သက္၍ ေဒသခံတို႔၏ စိတ္အတြင္း အၾကမ္းဖ်င္းအားျဖင့္ ႏွစ္မ်ိဳးရွိေန ေၾကာင္း ၎က ဆိုသည္။ အေကာင္းႏွင့္အဆိုး ေရာေနသည္ဟု ဆိုရဖြယ္ရွိသည္။ လမ္းကို ပိုမိုေကာင္း မြန္ေစလိုေနၾက၏။
“ပထမတစ္မ်ိဳးက်ေတာ့ အစကတည္းက ကုန္စည္စီးဆင္းမႈကိုအားျပဳဖို႔ေဖာက္ထားတဲ့ လမ္း မဟုတ္ဘဲ အခု႐ုတ္တရက္ျဖစ္လာမွ သုံးတာဆိုေတာ့ နဂိုရွိရင္းစြဲ ေမာင္းေနတဲ့ကားသမားေတြ ဘက္ ကေန ဒီကားေတြေၾကာင့္ လမ္းက ပိုပ်က္တယ္ဆိုၿပီး ျဖစ္တယ္။ ေနာက္တစ္ခ်က္ကက်ေတာ့ ဒီလမ္းကို ေသခ်ာေပါက္အျဖစ္ သုံးမယ္ဆိုရင္လည္း ကုမၸဏီ ျဖစ္ျဖစ္ တရားဝင္လုပ္ေနတဲ့သူေတြလည္း ျပင္တာကို အားနည္းနည္း စိုက္ေစခ်င္ၾကတာေပါ့” ဟု ၎က ျပန္လည္ရွင္းျပသည္။
ယင္း ေတာင္ႀကီး - ခိုလမ္ လမ္းသည္ကား စစ္ပြဲမွ ေမြးထုတ္လိုက္သည့္ အေရးေပၚ လမ္းတစ္ လမ္းျဖစ္ခဲ့ေသာ္လည္း ယခုေတာ့ ကုန္စည္စီဆင္းမႈအတြက္ တျဖည္းျဖည္း အသားက်ေနၿပီျဖစ္သည္။ ယင္းလမ္းသည္ ျပည္သူမ်ား၏ အက်ိဳးစီးပြားအတြက္လည္းမ်ားစြာ သက္ေရာက္မႈရွိပါသည္။
လမ္းအသစ္ေပၚလာျခင္းသည္ ေကာင္းမြန္ေသာ အမွတ္သညာတစ္ခုျဖစ္ေသာ္လည္း ေပၚေပါက္ လာရသည့္အေၾကာင္းႏွင့္အတူ လိုက္ေလ်ာညီေထြျဖစ္ေစမည့္ ျပင္ဆင္မႈမ်ားလည္း လိုအပ္ေနသည္မွာ ျငင္းမရေသာအခ်က္ ျဖစ္ပါသည္။ ယင္းလမ္းကား ယခုထက္ ပိုမိုေကာင္းမြန္မည္ဟု ေဒသခံမ်ားလည္း ေမွ်ာ္လင့္ေနၾကေပလိမ့္မည္။

Related news

© 2021. All rights reserved.