စစ်ကိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ပြည်သူများ အသက်အိုးအိမ် ဖျက်ဆီးခံနေရခြင်း၏ အဓိကအရင်းအမြစ်မှာ KIA အဖွဲ့ကြောင့်ဟု ဝေဖန်

609

မြူနစ် (NP News) - ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ပြည်သူများ အသက်အိုးအိမ် ဖျက်ဆီးခံနေရခြင်း၏ အဓိကအရင်းအမြစ်မှာ ကချင်လက်နက်ကိုင် KIA အဖွဲ့ကြောင့်ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ ကချင်လက်နက်ကိုင်အဖွဲ့ KIA သည် ပြီးခဲ့သော (၂၀၂၁)ခုနှစ်အတွင်းမှစတင်ကာ စစ်ကိုင်းတိုင်း အတွင်းရှိ PDF အဖွဲ့များကို လက်နက်များတပ်ဆင်ပေးခြင်းအပါအဝင် စစ်သင်တန်းများပို့ချကာ နယ်မြေ မငြိမ်မသက်ဖြစ်ရန် ပုံဖော်ခဲ့သည်ဟု ဆိုကြသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း၌ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာရှိနေပြီး နယ်မြေ လုံခြုံရေးအခြေအနေသည်လည်း အားနည်းနေလျက်ရှိကြောင်း သုံးသပ်နေကြသည်။
“စစ်ကိုင်းတိုင်းကတော့ ကချင်ပြည်နယ်ရဲ့ အစပ်ပဲ။ ကချင်ပြည်နယ်ကို ကာဗာလုပ်တဲ့ဒေသမျိုး ဖြစ်တဲ့အတွက် KIA ဘက်က အထောက်အပံ့တွေ၊ အကူအညီတွေ၊ သင်ကြားပေးတာတွေ၊ နောက်ဆုံး ဝယ်ယူခွင့်ပြုနိုင်တာတွေအတွက်တော့ အများကြီးအထောက်အပံ့တွေ ရနိုင်တာပေါ့။ အဲဒီဘက်က PDF အဖွဲ့တွေထဲမှာ KIA ရဲ့ ခေါင်းဆောင်တွေက အခုအချိန်ထိ ပါဝင်လုပ်နေတုန်းပဲလေ” ဟု စစ်ရေး အတွေ့ အကြုံရှိသူတစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။
စစ်ကိုင်းတိုင်းအတွင်းနှင့်စပ်ဆက်ဒေသများတွင် PDF နှင့်အခြားသောလက်နက်ကိုင်များ ပူး ပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်နေမှုများကြောင့် တပ်မတော် နှင့်အပြန်အလှန် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားကာ မြို့ရွာအိုးအိမ်ပျက်စီးမှု အများအပြား ဖြစ်ပေါ်နေလျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းသည် ရဟန်းသံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်၊ လက်နက်မဲ့အရပ်သားပြည်သူများကို သတင်းပေး ဒလန်ဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်ခဲ့သော ဖြစ်စဉ်အများဆုံးဖြစ်ပွားခဲ့သော ဒေသတစ်ခုလည်းဖြစ်သည်။
“KIA အဖွဲ့ဟာ (၂၀၂၁) ခုနှစ်လောက်ကတည်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ PDF အမည်ခံ အကြမ်းဖက်သမားများကို လက်နက်များတပ်ဆင်ပေးတာတွေ၊ အကြမ်းဖက် စစ်သင်တန်း ပေးတာတွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက်ဖြစ်အောင်ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ စပ်ဆက်နယ်မြေများမှာလည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက် အိုးအိမ် နဲ့ မြို့ရွာများ ဖျက်ဆီးနေမှုရဲ့ အဓိကအရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်” ဟု နစက၏ ထိပ်ပိုင်းခေါင်းဆောင်ကလည်း ဖွင့်ဟပြောဆိုထားသည်။
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ၌ ဆရာ၊ ဆရာမ (၂၉)ဦးအပါအဝင် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း (၁၀၅)ဦးဖြင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရမှု အများ ဆုံးဖြစ်ပွားခဲ့သောဒေသအဖြစ် မှတ်တမ်းဝင်ထားသည်။
အလားတူ စစ်ကိုင်းတိုင်းအတွင်း၌ပင် ရပ် ကွက်အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၂၀၁၁)ဦး အကြမ်း ဖက်သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များ ရှိထားသည်။
zawgyi version
စစ္ကိုင္းႏွင့္ ဆက္စပ္နယ္ေျမမ်ားတြင္ ျပည္သူမ်ား အသက္အိုးအိမ္ ဖ်က္ဆီးခံေနရျခင္း၏ အဓိကအရင္းအျမစ္မွာ KIA အဖြဲ႕ေၾကာင့္ဟု ေဝဖန္
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၂၆
စစ္ကိုင္းတိုင္းႏွင့္ ဆက္စပ္နယ္ေျမမ်ားတြင္ ျပည္သူမ်ား အသက္အိုးအိမ္ ဖ်က္ဆီးခံေနရျခင္း၏ အဓိကအရင္းအျမစ္မွာ ကခ်င္လက္နက္ကိုင္ KIA အဖြဲ႕ေၾကာင့္ျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုမႈမ်ား ရွိေနသည္။ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA သည္ ၿပီးခဲ့ေသာ (၂၀၂၁)ခုႏွစ္အတြင္းမွစတင္ကာ စစ္ကိုင္းတိုင္း အတြင္းရွိ PDF အဖြဲ႕မ်ားကို လက္နက္မ်ားတပ္ဆင္ေပးျခင္းအပါအဝင္ စစ္သင္တန္းမ်ားပို႔ခ်ကာ နယ္ေျမ မၿငိမ္မသက္ျဖစ္ရန္ ပုံေဖာ္ခဲ့သည္ဟု ဆိုၾကသည္။
လက္ရွိတြင္ စစ္ကိုင္းတိုင္းအတြင္း၌ လက္နက္ကိုင္အဖြဲ႕အစည္းေပါင္းမ်ားစြာရွိေနၿပီး နယ္ေျမ လုံၿခဳံေရးအေျခအေနသည္လည္း အားနည္းေနလ်က္ရွိေၾကာင္း သုံးသပ္ေနၾကသည္။
“စစ္ကိုင္းတိုင္းကေတာ့ ကခ်င္ျပည္နယ္ရဲ႕ အစပ္ပဲ။ ကခ်င္ျပည္နယ္ကို ကာဗာလုပ္တဲ့ေဒသမ်ိဳး ျဖစ္တဲ့အတြက္ KIA ဘက္က အေထာက္အပံ့ေတြ၊ အကူအညီေတြ၊ သင္ၾကားေပးတာေတြ၊ ေနာက္ဆုံး ဝယ္ယူခြင့္ျပဳႏိုင္တာေတြအတြက္ေတာ့ အမ်ားႀကီးအေထာက္အပံ့ေတြ ရႏိုင္တာေပါ့။ အဲဒီဘက္က PDF အဖြဲ႕ေတြထဲမွာ KIA ရဲ႕ ေခါင္းေဆာင္ေတြက အခုအခ်ိန္ထိ ပါဝင္လုပ္ေနတုန္းပဲေလ” ဟု စစ္ေရး အေတြ႕ အႀကဳံရွိသူတစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။
စစ္ကိုင္းတိုင္းအတြင္းႏွင့္စပ္ဆက္ေဒသမ်ားတြင္ PDF ႏွင့္အျခားေသာလက္နက္ကိုင္မ်ား ပူး ေပါင္းကာ တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနမႈမ်ားေၾကာင့္ တပ္မေတာ္ ႏွင့္အျပန္အလွန္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားကာ ၿမိဳ႕႐ြာအိုးအိမ္ပ်က္စီးမႈ အမ်ားအျပား ျဖစ္ေပၚေနလ်က္ရွိသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းသည္ ရဟန္းသံဃာေတာ္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ျဖစ္စဥ္၊ လက္နက္မဲ့အရပ္သားျပည္သူမ်ားကို သတင္းေပး ဒလန္ဟုစြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္ခဲ့ေသာ ျဖစ္စဥ္အမ်ားဆုံးျဖစ္ပြားခဲ့ေသာ ေဒသတစ္ခုလည္းျဖစ္သည္။
“KIA အဖြဲ႕ဟာ (၂၀၂၁) ခုႏွစ္ေလာက္ကတည္းက စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းမွာရွိတဲ့ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားကို လက္နက္မ်ားတပ္ဆင္ေပးတာေတြ၊ အၾကမ္းဖက္ စစ္သင္တန္း ေပးတာေတြကို လုပ္ေဆာင္လာခဲ့ၿပီး နယ္ေျမမၿငိမ္မသက္ျဖစ္ေအာင္ပုံေဖာ္ခဲ့ၾကပါတယ္။ စစ္ကိုင္းတိုင္း ေဒသႀကီးနဲ႔ စပ္ဆက္နယ္ေျမမ်ားမွာလည္း PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ေတြရဲ႕ ျပည္သူ႔အသက္ အိုးအိမ္ နဲ႔ ၿမိဳ႕႐ြာမ်ား ဖ်က္ဆီးေနမႈရဲ႕ အဓိကအရင္းအျမစ္ဟာ KIA အဖြဲ႕ေၾကာင့္ ျဖစ္ေၾကာင္း ေတြ႕ရွိရ ပါတယ္” ဟု နစက၏ ထိပ္ပိုင္းေခါင္းေဆာင္ကလည္း ဖြင့္ဟေျပာဆိုထားသည္။
(၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ ပိုင္းတြင္ စစ္ကိုင္းတိုင္းေဒသ၌ ဆရာ၊ ဆရာမ (၂၉)ဦးအပါအဝင္ ႏိုင္ငံ့ဝန္ထမ္း စုစုေပါင္း (၁၀၅)ဦးျဖင့္ ႏိုင္ငံတစ္ဝန္း အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရမႈ အမ်ား ဆုံးျဖစ္ပြားခဲ့ေသာေဒသအျဖစ္ မွတ္တမ္းဝင္ထားသည္။
အလားတူ စစ္ကိုင္းတိုင္းအတြင္း၌ပင္ ရပ္ ကြက္အုပ္ခ်ဳပ္ေရးမႉး၊ စစ္မႈထမ္းေဟာင္းအပါအဝင္ အရပ္သားျပည္သူ စုစုေပါင္း (၂၀၁၁)ဦး အၾကမ္း ဖက္သတ္ျဖတ္ခံခဲ့ရသည့္ျဖစ္စဥ္မ်ား ရွိထားသည္။