မြဝတီမြို့တွင် ကျားဖျန့်လိမ်လည် ဒုစရိုက်မှုကျူးလွန်သူများမှ အင်ဒိုနီးရှားနိုင်ငံသား (၈၄)ဦးကို ပြည်နှင်လွှဲပြောင်း

381

ချယ်ရီ(NP News)- ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကျားဖျန့်လိမ်လည်ဒုစရိုက်မှုကျူးလွန်သူများထဲမှ အင်ဒိုနီးရှားနိုင်ငံသား (၈၄)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးနေကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၆ ရက်)က အင်ဒိုနီးရှားနိုင်ငံသား (၈၄) ဦးကို မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်(ဇန်နဝါရီလ ၃၀ ရက်) မှ (ဖေဖော်ဝါရီ ၂၅ ရက်)အထိ မြဝတီမြို့၊ ရွှေက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ရန် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း (၂,၅၃၈) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများ နှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် ပြည်ပ နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Zawgyi Version:
ျမဝတီၿမိဳ႕တြင္ က်ားဖ်န႔္လိမ္လည္ ဒုစ႐ိုက္မႈက်ဴးလြန္သူမ်ားမွ အင္ဒိုနီးရွားႏိုင္ငံသား (၈၄)ဦးကို ျပည္ႏွင္လႊဲေျပာင္း
ခ်ယ္ရီ(NP News)- ေဖေဖာ္ဝါရီ ၂၇
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ က်ားဖ်န႔္လိမ္လည္ဒုစ႐ိုက္မႈက်ဴးလြန္သူမ်ားထဲမွ အင္ဒိုနီးရွားႏိုင္ငံသား (၈၄)ဦးကို ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္မႈ ႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ား အပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္ တိုက္ဖ်က္လ်က္ရွိၿပီး အဆိုပါလုပ္ငန္းမ်ားတြင္ ဆက္စပ္ပါဝင္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ စနစ္တက်လႊဲေျပာင္းေပးေနေၾကာင္း သိရသည္။
ထိုသို႔ လႊဲေျပာင္းေပးလ်က္ရွိရာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၆ ရက္)က အင္ဒိုနီးရွားႏိုင္ငံသား (၈၄) ဦးကို ျမန္မာ-ထိုင္းအမွတ္ (၂) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္(ဇန္နဝါရီလ ၃၀ ရက္) မွ (ေဖေဖာ္ဝါရီ ၂၅ ရက္)အထိ ျမဝတီၿမိဳ႕၊ ေ႐ႊကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္း လိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ရန္ ျမန္မာႏိုင္ငံ အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသားစုစုေပါင္း (၂,၅၃၈) ဦးကို စစ္ေဆးေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ား ႏွင့္ ေနာက္ကြယ္မွႀကိဳးကိုင္ေသာ ျပည္ပႏိုင္ငံသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ ျပင္းျပင္းထန္ထန္အေရးယူႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားႏွင့္ လူကုန္ကူးခံရသည့္ ျပည္ပ ႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံး ျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ေရးကို ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။