ရုရှားနဲ့ အမေရိကန်ကြား ဆွေးနွေးပွဲအသစ်ကို ရုရှားအစိုးရ ထုတ်ပြန်ကြေညာ

 1384

Pika (NP News) - ဖေဖော်ဝါရီ ၂၇

ရုရှားနဲ့ အမေရိကန်တို့ရဲ့အဆင့်မြင့်သံတမန်တွေဟာ ၎င်းတို့သံရုံးတွေရဲ့လုပ်ငန်း‌ဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ အတွက် ယခုသီတင်းပတ်အတွင်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့အဆင့်မြင့်သံတမန်တွေဟာ ဖေဖော်ဝါရီလ(၂၇)ရက်မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံမှုတွေလုပ်ဆောင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံသံရုံးတွေရဲ့ လုပ်ငန်းဆောင်တာ တွေကို ပုံမှန်ဆောင်ရွက်ဖို့အတွက် အဓိက အာရုံစိုက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီဆွေးနွေးပွဲရဲ့ရလဒ်တွေဟာ လာမယ့်အနာဂတ်မှာ နှစ်နိုင်ငံကြား ဘယ်လိုလျင်မြန်ထိရောက်စွာ ပူး‌ပေါင်း ဆောင်ရွက်နိုင်မယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့သံရုံး လုပ်ငန်းဆောင်ရွက်မှုတွေအတွက် အတားအဆီးတွေဖန်တီးဖို့ ယခင်အမေရိကန်အစိုးရဟောင်းရဲ့ ဥပဒေမဲ့လုပ်ရပ် တွေကနေ ပေါက်ဖွားလာတဲ့ပြဿနာတွေကို နှစ်ဖက်စလုံးက ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်ထားတယ်လို့ ဆာဂေးလာရော့ဗ် က ထပ်မံပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ (၂၀၂၂)ခုနှစ်မှာ ယူကရိန်းပဋိပက္ခ မစတင်ခင်အချိန်တည်းက သံရုံးဝန်ထမ်းတွေကို အပြန်အလှန် နှင်ထုတ်တာတွေ အပါအဝင် သံတမန်ရေးရာတင်းမာမှု သမိုင်းကြောင်း ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ အေမရိကန္ၾကား ေဆြးေႏြးပြဲအသစ္ကို ႐ုရွားအစိုးရ ထုတ္ျပန္ေၾကညာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇

႐ုရွားနဲ႔ အေမရိကန္တို႔ရဲ႕အဆင့္ျမင့္သံတမန္ေတြဟာ ၎တို႔သံ႐ုံးေတြရဲ႕လုပ္ငန္း‌ေဆာင္႐ြက္မႈေတြကို ေဆြးေႏြးဖို႔ အတြက္ ယခုသီတင္းပတ္အတြင္း ေတြ႕ဆုံဖို႔စီစဥ္ထားတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္နဲ႔ ႐ုရွားတို႔ရဲ႕အဆင့္ျမင့္သံတမန္ေတြဟာ ေဖေဖာ္ဝါရီလ(၂၇)ရက္မွာ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ ေတြ႕ဆုံမႈေတြလုပ္ေဆာင္သြားမွာျဖစ္ၿပီး ႏွစ္ႏိုင္ငံသံ႐ုံးေတြရဲ႕ လုပ္ငန္းေဆာင္တာ ေတြကို ပုံမွန္ေဆာင္႐ြက္ဖို႔အတြက္ အဓိက အာ႐ုံစိုက္ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီေဆြးေႏြးပြဲရဲ႕ရလဒ္ေတြဟာ လာမယ့္အနာဂတ္မွာ ႏွစ္ႏိုင္ငံၾကား ဘယ္လိုလ်င္ျမန္ထိေရာက္စြာ ပူး‌ေပါင္း ေဆာင္႐ြက္ႏိုင္မယ္ဆိုတာကို ဆုံးျဖတ္ေပးလိမ့္မယ္လို႔ ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားရဲ႕သံ႐ုံး လုပ္ငန္းေဆာင္႐ြက္မႈေတြအတြက္ အတားအဆီးေတြဖန္တီးဖို႔ ယခင္အေမရိကန္အစိုးရေဟာင္းရဲ႕ ဥပေဒမဲ့လုပ္ရပ္ ေတြကေန ေပါက္ဖြားလာတဲ့ျပႆနာေတြကို ႏွစ္ဖက္စလုံးက ကိုင္တြယ္ေျဖရွင္းဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆာေဂးလာေရာ့ဗ္ က ထပ္မံေျပာၾကားခဲ့ပါတယ္။
႐ုရွားနဲ႔ အေမရိကန္တို႔ဟာ (၂၀၂၂)ခုႏွစ္မွာ ယူကရိန္းပဋိပကၡ မစတင္ခင္အခ်ိန္တည္းက သံ႐ုံးဝန္ထမ္းေတြကို အျပန္အလွန္ ႏွင္ထုတ္တာေတြ အပါအဝင္ သံတမန္ေရးရာတင္းမာမႈ သမိုင္းေၾကာင္း ရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.