နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခွင့်ရလိုတဲ့မျှော်လင့်ချက်ကို ယူကရိန်းနိုင်ငံ စွန့်လွှတ်ရမယ်လို့ အမေရိကန်သမ္မတပြော

 430

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းဟာ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရလိုတဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းရဲ့နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုတွေဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်ရခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်းဖြစ်ဖွယ်ရှိနေ ကြောင်း ဒေါ်နယ်ထရမ့်ကပြောပါတယ်။

ရုရှားနိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့နေတိုးမဟာမိတ်အဖွဲ့ရဲ့ဥရောပအရှေ့ပိုင်းကို နယ်မြေတိုးချဲ့ခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ပြီးယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးမယ်ဆိုရင် ရုရှားနိုင်ငံ ရဲ့လုံခြုံရေးကို ခြိမ်းခြောက်သလိုမျိုးဖြစ်နေကြောင်း ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ အားပေးအားမြှောက်ပြုလုပ်ခဲ့တဲ့ အမေရိကန် သမ္မတဟောင်းကို ဝေဖန်ပြစ်တင်ခဲ့ပြီး ၎င်းလက်ထက်မှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ အားပေး အားမြှောက် လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်သမ္မတက "နေတိုးနဲ့ပတ်သက်ပြီး ယူကရိန်းဟာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လိုတာကို မေ့ပျောက် ပစ်ရမယ်။ ယူကရိန်းစစ်ပွဲဖြစ်ရတဲ့အကြောင်းအရင်းနဲ့နောက်ကွယ်မှာ နေတိုးအဖွဲ့ထဲ ယူကရိန်းနိုင်ငံ ပါဝင်လိုတဲ့ အချက်ပါနေတယ်" လို့ ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးကလည်း ယူကရိန်းနိုင်ငံအနေနဲ့ လက်ရှိမြေပြင်အနေထားကို လက်ခံရမှာဖြစ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေးမျှော်လင့်ချက်ကို မေ့ထားရမှာဖြစ်ကြောင်း မကြာသေးမီက ပြောခဲ့ဖူးပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်မပါဖို့ တောင်းဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေကို ကြိုဆိုခဲ့ပြီး ဒေါ်နယ်ထရမ့်က ရုရှားရဲ့ရပ်တည်ချက်နဲ့ဆန္ဒကို နားလည်သူဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်နေရာ ယူကရိန်းသာ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရ မယ်ဆိုရင် နေတိုးအဖွဲ့ဟာ ယူကရိန်းပိုင်နက်အတွင်း စစ်လက်နက်ပစ္စည်းများ ဖြန့်ကြတ်ချထားပြီး ရုရှားနိုင်ငံကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေပါတယ်။

Zawgyi Version:
ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ခြင့္ရလိုတဲ့ေမွ်ာ္လင့္ခ်က္ကို ယူကရိန္းႏိုင္ငံ စြန႔္လႊတ္ရမယ္လို႔ အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ယူကရိန္းဟာ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရလိုတဲ့ ေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္ရမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ယူကရိန္းရဲ႕ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရး ႀကိဳးပမ္းမႈေတြဟာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္ရျခင္းရဲ႕ေနာက္ကြယ္က အေၾကာင္းအရင္းျဖစ္ဖြယ္ရွိေန ေၾကာင္း ေဒၚနယ္ထရမ့္ကေျပာပါတယ္။

႐ုရွားႏိုင္ငံဟာ အေမရိကန္ဦးေဆာင္တဲ့ေနတိုးမဟာမိတ္အဖြဲ႕ရဲ႕ဥေရာပအေရွ႕ပိုင္းကို နယ္ေျမတိုးခ်ဲ႕ျခင္းနဲ႔ ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ခဲ့ၿပီးယူကရိန္းႏိုင္ငံကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ေပးမယ္ဆိုရင္ ႐ုရွားႏိုင္ငံ ရဲ႕လုံၿခဳံေရးကို ၿခိမ္းေျခာက္သလိုမ်ိဳးျဖစ္ေနေၾကာင္း ေျပာပါတယ္။
ေဒၚနယ္ထရမ့္ဟာ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာေစဖို႔ အားေပးအားေျမႇာက္ျပဳလုပ္ခဲ့တဲ့ အေမရိကန္ သမၼတေဟာင္းကို ေဝဖန္ျပစ္တင္ခဲ့ၿပီး ၎လက္ထက္မွာ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာေစဖို႔ အားေပး အားေျမႇာက္ လုပ္ေဆာင္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

အေမရိကန္သမၼတက "ေနတိုးနဲ႔ပတ္သက္ၿပီး ယူကရိန္းဟာ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္လိုတာကို ေမ့ေပ်ာက္ ပစ္ရမယ္။ ယူကရိန္းစစ္ပြဲျဖစ္ရတဲ့အေၾကာင္းအရင္းနဲ႔ေနာက္ကြယ္မွာ ေနတိုးအဖြဲ႕ထဲ ယူကရိန္းႏိုင္ငံ ပါဝင္လိုတဲ့ အခ်က္ပါေနတယ္" လို႔ ေျပာပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးကလည္း ယူကရိန္းႏိုင္ငံအေနနဲ႔ လက္ရွိေျမျပင္အေနထားကို လက္ခံရမွာျဖစ္ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရးေမွ်ာ္လင့္ခ်က္ကို ေမ့ထားရမွာျဖစ္ေၾကာင္း မၾကာေသးမီက ေျပာခဲ့ဖူးပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္မပါဖို႔ ေတာင္းဆိုခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြကို ႀကိဳဆိုခဲ့ၿပီး ေဒၚနယ္ထရမ့္က ႐ုရွားရဲ႕ရပ္တည္ခ်က္နဲ႔ဆႏၵကို နားလည္သူျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ယူကရိန္းဟာ ႐ုရွားနဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ႏိုင္ငံျဖစ္ေနရာ ယူကရိန္းသာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရ မယ္ဆိုရင္ ေနတိုးအဖြဲ႕ဟာ ယူကရိန္းပိုင္နက္အတြင္း စစ္လက္နက္ပစၥည္းမ်ား ျဖန႔္ၾကတ္ခ်ထားၿပီး ႐ုရွားႏိုင္ငံကို ၿခိမ္းေျခာက္မႈမ်ား လုပ္ေဆာင္လာဖြယ္ရွိေနေၾကာင္း သုံးသပ္မႈမ်ားရွိေနပါတယ္။

Related news

© 2021. All rights reserved.