လွန်ခဲ့သည့်နှစ်ပေါင်း(၇၀)က စတာလင်ပေါင်(၂၅၀၀)ဖြင့် တရုတ်ထံရောင်းချခဲ့သည့် “သူချစ်”ရုပ်ရှင်ကားကို ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေး

11868

(NP News)-မက်လ ၂
လွန်ခဲ့သည့်နှစ်ပေါင်း(၇၀)က စတာလင်ပေါင်(၂၅၀၀)ဖြင့် တရုတ်ထံရောင်းချခဲ့သည့် “သူချစ်”ရုပ်ရှင်ကားကို မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
“သူချစ်” မြန်မာရုပ်ရှင်ဇာတ်ကား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့(မက်လ ၁ရက်)၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (အေ) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr.Zheng Zhihongတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်အနုပညာသည် အနုပညာနယ်ပယ်အရပ်ရပ်အနက် လှုံ့ဆော်နိုင်မှုစွမ်းပကားကြီးမားပြီး ဩဇာအာဏာ သက်ရောက်မှု ရှိသကဲ့သို့ လူ့အသိုင်းအဝိုင်း နယ်ပယ်အတွင်း ထိုးထွင်းဝင်ရောက်နိုင်စွမ်းရှိပါကြောင်း ၊ရုပ်ရှင်တွင် ဖော်ကျူးထားသည့် အနုပညာလက်ရာများကလည်း နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း၊ ယဉ်ကျေးမှုအချင်းချင်း နှီးနှောပေါ င်းစပ်ပေးနေသည့် အနုပညာသုခုမပညာရပ်ပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးက “သူချစ်” ရုပ်ရှင်ဇာတ်ကား Hard Disk နှစ်စုံအား ပေးအပ်ခဲ့ကြောင်း သိရသည်။
“သူချစ်”ရုပ်ရှင်ဇာတ်ကားကို ၁၉၅၁ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်က ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာ ဦးချန်ထွန်း ရိုက်ကူးခဲ့ကာ အေဝမ်းညွန့်မောင်၊ မေမြင့်တို့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
၁၉၅၅ ခုနှစ်တွင် “သူချစ်” ရုပ်ရှင်ဇာတ်ကားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက စတာလင်ပေါင် ၂၅၀၀ ဖြင့် ဝယ်ယူပြသခဲ့ပြီး ၁၉၅၇ ခုနှစ် တရုတ်နိုင်ငံ ပီကင်းမြို့၌ ကျင်းပသည့် အာရှရုပ်ရှင်ပွဲတော်တွင် တရုတ်ဘာသာစကားအသံသွင်းပြီး ပြသခဲ့ရာ နိုင်ငံတကာမှ လေးစား ချီးကျူးမှုများ ရရှိခဲ့ကြောင်း သိရသည်။
Zawgyi Version:
လြန္ခဲ့သည့္ႏွစ္ေပါင္း(၇၀)က စတာလင္ေပါင္(၂၅၀၀)ျဖင့္ တ႐ုတ္ထံေရာင္းခ်ခဲ့သည့္ “သူခ်စ္”႐ုပ္ရွင္ကားကို ျပန္ၾကားေရးဝန္ႀကီးဌာနသို႔ ျပန္လည္လႊဲေျပာင္းေပး
(NP News)-မက္လ ၂
လြန္ခဲ့သည့္ႏွစ္ေပါင္း(၇၀)က စတာလင္ေပါင္(၂၅၀၀)ျဖင့္ တ႐ုတ္ထံေရာင္းခ်ခဲ့သည့္ “သူခ်စ္”႐ုပ္ရွင္ကားကို ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးထူေထာင္ျခင္း (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ အျဖစ္ တ႐ုတ္ႏိုင္ငံက ျပန္ၾကားေရးဝန္ႀကီးဌာနသို႔ ျပန္လည္လႊဲေျပာင္း ေပးခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
“သူခ်စ္” ျမန္မာ႐ုပ္ရွင္ဇာတ္ကား လႊဲေျပာင္းေပးအပ္ပြဲ အခမ္းအနားကို ယမန္ေန႔(မက္လ ၁ရက္)၊ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းရွိ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား စတူဒီယို (ေအ) တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားသို႔ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း၊ အၿမဲတမ္းအတြင္းဝန္ႏွင့္ တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံးမွ သံမႉးႀကီး Dr.Zheng Zhihongတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးက ႐ုပ္ရွင္အႏုပညာသည္ အႏုပညာနယ္ပယ္အရပ္ရပ္အနက္ လႈံ႕ေဆာ္ႏိုင္မႈစြမ္းပကားႀကီးမားၿပီး ဩဇာအာဏာ သက္ေရာက္မႈ ရွိသကဲ့သို႔ လူ႔အသိုင္းအဝိုင္း နယ္ပယ္အတြင္း ထိုးထြင္းဝင္ေရာက္ႏိုင္စြမ္းရွိပါေၾကာင္း ၊႐ုပ္ရွင္တြင္ ေဖာ္က်ဴးထားသည့္ အႏုပညာလက္ရာမ်ားကလည္း ႏိုင္ငံအခ်င္းခ်င္း၊ ျပည္သူအခ်င္းခ်င္း၊ ယဥ္ေက်းမႈအခ်င္းခ်င္း ႏွီးေႏွာေပါ င္းစပ္ေပးေနသည့္ အႏုပညာသုခုမပညာရပ္ပင္ျဖစ္သည္ဟု ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးထံ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံးမွ သံမႉးႀကီးက “သူခ်စ္” ႐ုပ္ရွင္ဇာတ္ကား Hard Disk ႏွစ္စုံအား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
“သူခ်စ္”႐ုပ္ရွင္ဇာတ္ကားကို ၁၉၅၁ ခုႏွစ္တြင္ ၿဗိတိသွ်ဘားမား႐ုပ္ရွင္က ထုတ္လုပ္ခဲ့ၿပီး ဒါ႐ိုက္တာ ဦးခ်န္ထြန္း ႐ိုက္ကူးခဲ့ကာ ေအဝမ္းၫြန႔္ေမာင္၊ ေမျမင့္တို႔ ပါဝင္သ႐ုပ္ေဆာင္ထားေၾကာင္း သိရသည္။
၁၉၅၅ ခုႏွစ္တြင္ “သူခ်စ္” ႐ုပ္ရွင္ဇာတ္ကားကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက စတာလင္ေပါင္ ၂၅၀၀ ျဖင့္ ဝယ္ယူျပသခဲ့ၿပီး ၁၉၅၇ ခုႏွစ္ တ႐ုတ္ႏိုင္ငံ ပီကင္းၿမိဳ႕၌ က်င္းပသည့္ အာရွ႐ုပ္ရွင္ပြဲေတာ္တြင္ တ႐ုတ္ဘာသာစကားအသံသြင္းၿပီး ျပသခဲ့ရာ ႏိုင္ငံတကာမွ ေလးစား ခ်ီးက်ဴးမႈမ်ား ရရွိခဲ့ေၾကာင္း သိရသည္။