အမေရိကန်၊ အနောက်တက္ကဆက်မှာ ဝက်သက်ရောဂါဖြစ်ပွားမှု ၁၅၀ နီးပါးရှိနေ

183

ရောင်နီ (NP News) - မတ် ၂
အမေရိကန်နိုင်ငံ၊ အနောက်တက္ကဆက်မှာ ဝက်သက်ဖြစ်ပွားမှု တစ်ရာလေးဆယ့်ခြောက်ခု အစီရင်ခံထားတယ်လို့ တက္ကဆက်ကျန်းမာရေးဝန်ဆောင်မှုဌာနက ပြောကြားပါတယ်။
လူနာအယောက်နှစ်ဆယ် ဆေးရုံတင်ထားပြီး အများစုမှာ အသက် ၅ နှစ်မှ ၁၇ နှစ်ကြားအရွယ် ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။ ရောဂါဖြစ်ပွားမှုရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ ဝက်သက်ရောဂါ ပြင်းထန်လက္ခဏာ ရရှိနိုင်တဲ့ မွေးကင်းစ ကလေးတွေဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် ကျန်းမာရေးဝန်ဆောင်မှုဌာန ကော်မရှင်နာ ဒေါက်တာ ဂျန်နီဖာရူဖော့က သောကြာနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) မှာ ပြောကြားပါတယ်။
အသက် ၁ နှစ်အောက် ကလေးငယ်တွေဟာ ယေဘုယျအားဖြင့်တော့ ဝက်သက်-ပါးချိတ်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးလို့ မရသေးတာကြောင့် ကာကွယ်နိုင်စွမ်းနည်းပါတယ်။ အချို့ လူနာတွေဟာ ဓာတ်ခွဲခန်း အတည်ပြုချက် အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်တာကြောင့် တက္ကဆက်မှာ ဝက်သက်ဖြစ်ပွားမှု အမှန်တကယ်အရေအတွက်ဟာ သောကြာနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) အပ်ဒိတ် ဖော်ပြထားတဲ့ ပမာဏထက် ပိုများနိုင်တယ်လို့ ဒေါက်တာဂျန်နီဖာ က ဆိုပါတယ်။
ရောဂါဖြစ်ပွားမှု အများစုဟာ တက္ကဆက်ပြည်နယ်၊ ဂိုင်နက်စ်ကောင်တီမှဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းများ ပြုလုပ်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားကြပါတယ်။
Zawgyi Version:
အေမရိကန္၊ အေနာက္တကၠဆက္မွာ ဝက္သက္ေရာဂါျဖစ္ပြားမႈ ၁၅၀ နီးပါးရွိေန
ေရာင္နီ (NP News) - မတ္ ၂
အေမရိကန္ႏိုင္ငံ၊ အေနာက္တကၠဆက္မွာ ဝက္သက္ျဖစ္ပြားမႈ တစ္ရာေလးဆယ့္ေျခာက္ခု အစီရင္ခံထားတယ္လို႔ တကၠဆက္က်န္းမာေရးဝန္ေဆာင္မႈဌာနက ေျပာၾကားပါတယ္။
လူနာအေယာက္ႏွစ္ဆယ္ ေဆး႐ုံတင္ထားၿပီး အမ်ားစုမွာ အသက္ ၅ ႏွစ္မွ ၁၇ ႏွစ္ၾကားအ႐ြယ္ ကေလးေတြျဖစ္တယ္လို႔ သိရပါတယ္။ ေရာဂါျဖစ္ပြားမႈရဲ႕ ၁၀ ရာခိုင္ႏႈန္းခန႔္ဟာ ဝက္သက္ေရာဂါ ျပင္းထန္လကၡဏာ ရရွိႏိုင္တဲ့ ေမြးကင္းစ ကေလးေတြျဖစ္တယ္လို႔ တကၠဆက္ျပည္နယ္ က်န္းမာေရးဝန္ေဆာင္မႈဌာန ေကာ္မရွင္နာ ေဒါက္တာ ဂ်န္နီဖာ႐ူေဖာ့က ေသာၾကာေန႔ (ေဖေဖာ္ဝါရီ ၂၈ ရက္) မွာ ေျပာၾကားပါတယ္။
အသက္ ၁ ႏွစ္ေအာက္ ကေလးငယ္ေတြဟာ ေယဘုယ်အားျဖင့္ေတာ့ ဝက္သက္-ပါးခ်ိတ္-ဂ်ိဳက္သိုး ကာကြယ္ေဆး ထိုးလို႔ မရေသးတာေၾကာင့္ ကာကြယ္ႏိုင္စြမ္းနည္းပါတယ္။ အခ်ိဳ႕ လူနာေတြဟာ ဓာတ္ခြဲခန္း အတည္ျပဳခ်က္ အေျဖကို ေစာင့္ဆိုင္းေနဆဲျဖစ္တာေၾကာင့္ တကၠဆက္မွာ ဝက္သက္ျဖစ္ပြားမႈ အမွန္တကယ္အေရအတြက္ဟာ ေသာၾကာေန႔ (ေဖေဖာ္ဝါရီ ၂၈ ရက္) အပ္ဒိတ္ ေဖာ္ျပထားတဲ့ ပမာဏထက္ ပိုမ်ားႏိုင္တယ္လို႔ ေဒါက္တာဂ်န္နီဖာ က ဆိုပါတယ္။
ေရာဂါျဖစ္ပြားမႈ အမ်ားစုဟာ တကၠဆက္ျပည္နယ္၊ ဂိုင္နက္စ္ေကာင္တီမွျဖစ္ၿပီး ကာကြယ္ေဆးထိုးႏွံျခင္းမ်ား ျပဳလုပ္ၾကဖို႔ တာဝန္ရွိသူေတြက တိုက္တြန္းထားၾကပါတယ္။