ယူကရိန်းကို စစ်ရေးအကူအညီပေးပို့မှုတွေ ရပ်ဆိုင်းဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေး

 1661

Pika
လာမယ့်အနာဂတ်မှာ ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီတွေ ပေးပို့မှုကို ရပ်ဆိုင်းဖို့ ဒေါ်နယ်ထရမ့်အစိုးရက အမိန့်ပေးခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။အမေရိကန်အရာရှိက”ယူကရိန်းကို စစ်လက်နက်ပစ္စည်းပေးပို့မှုတွေကို ခေတ္တရပ်ဆိုင်းသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့အကူအညီတွေက ဖြေရှင်းချက်တစ်ခုအတွက် အထောက်အကူဖြစ်စေတယ်ဆိုတာ သေချာစေဖို့အတွက် ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေးတွေဟာ အိမ်ဖြူတော်မှာ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းကြား အခြေအတင်ပြောဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေးတွေ တွေ့ဆုံမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် ဒေါ်နယ်ထရမ့်က ၎င်းဟာ ငြိမ်းချမ်းရေးအတွက် အာရုံစိုက်နေတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။အမေရိကန်အရာရှိက”ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိဖို့အတွက် ကျွန်တော်တို့ရဲ့မိတ်ဖက်တွေကို လိုအပ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းကို စစ္ေရးအကူအညီေပးပို႔မႈေတြ ရပ္ဆိုင္းဖို႔ ေဒၚနယ္ထရမ့္ အမိန႔္ေပး
Pika
လာမယ့္အနာဂတ္မွာ ယူကရိန္းကို စစ္ဘက္ဆိုင္ရာအကူအညီေတြ ေပးပို႔မႈကို ရပ္ဆိုင္းဖို႔ ေဒၚနယ္ထရမ့္အစိုးရက အမိန႔္ေပးခဲ့တယ္လို႔ အေမရိကန္အရာရွိတစ္ဦးကေျပာၾကားခဲ့ပါတယ္။အေမရိကန္အရာရွိက”ယူကရိန္းကို စစ္လက္နက္ပစၥည္းေပးပို႔မႈေတြကို ေခတၱရပ္ဆိုင္းသြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕အကူအညီေတြက ေျဖရွင္းခ်က္တစ္ခုအတြက္ အေထာက္အကူျဖစ္ေစတယ္ဆိုတာ ေသခ်ာေစဖို႔အတြက္ ျပန္လည္သုံးသပ္မႈေတြ လုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ထိပ္တန္းလုံၿခဳံေရးအႀကံေပးေတြဟာ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုဆုံးျဖတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက အိမ္ျဖဴေတာ္မွာ ေဒၚနယ္ထရမ့္နဲ႔ ယူကရိန္းၾကား အေျခအတင္ေျပာဆိုမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ ထိပ္တန္းလုံၿခဳံေရးအႀကံေပးေတြ ေတြ႕ဆုံမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ ေဒၚနယ္ထရမ့္က ၎ဟာ ၿငိမ္းခ်မ္းေရးအတြက္ အာ႐ုံစိုက္ေနတယ္ဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔ အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။အေမရိကန္အရာရွိက”ၿငိမ္းခ်မ္းေရးပန္းတိုင္ကို ေရာက္ရွိဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕မိတ္ဖက္ေတြကို လိုအပ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.