ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်အထူးသံတမန် ထပ်မံသွားရောက်မယ်

 192

Pika
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန်စတိဗ်ဝစ်အော့ဖ်ဟာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ကို သက်တမ်းတိုးဖို့ ဒါမှမဟုတ် ဒုတိယအဆင့်ကို ဆက်သွားဖို့ နည်းလမ်းတွေကို ရှာဖွေဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသကို ပြန်သွားဖို့ စီစဉ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန်စတိဗ်ဝစ်အော့ဖ်ဟာ လာမယ့်ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသကို ပြန်သွားဖို့ စီစဉ်နေပါတယ်။ အထူးသံတမန်စတိဗ်ဝစ်အော့ဖ်ဟာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ပထမအဆင့်ကို သက်တမ်းတိုးဖို့ ဒါမှမဟုတ် ဒုတိယအဆင့်ကို တက်လှမ်းဖို့အတွက် နည်းလမ်းတွေကို ရှာဖွေဖို့ အရှေ့အလယ်ပိုင်းဒေသကို သွားရောက်မှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေအားလုံးကို ပြန်လွှတ်ပေးရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံတွေထဲမှာ အမေရိကန်နိုင်ငံသားတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်ရဲ့ ကျန်ရှိနေတဲ့ အဆင့်တွေကို ဆက်လက်လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အတြက္ အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္အထူးသံတမန္ ထပ္မံသြားေရာက္မယ္
Pika
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္ဟာ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ပထမအဆင့္ကို သက္တမ္းတိုးဖို႔ ဒါမွမဟုတ္ ဒုတိယအဆင့္ကို ဆက္သြားဖို႔ နည္းလမ္းေတြကို ရွာေဖြဖို႔အတြက္ လာမယ့္ရက္ပိုင္းအတြင္း အေရွ႕အလယ္ပိုင္းေဒသကို ျပန္သြားဖို႔ စီစဥ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက “အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္ဟာ လာမယ့္ရက္ပိုင္းအတြင္း အေရွ႕အလယ္ပိုင္းေဒသကို ျပန္သြားဖို႔ စီစဥ္ေနပါတယ္။ အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္ဟာ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရဲ႕ ပထမအဆင့္ကို သက္တမ္းတိုးဖို႔ ဒါမွမဟုတ္ ဒုတိယအဆင့္ကို တက္လွမ္းဖို႔အတြက္ နည္းလမ္းေတြကို ရွာေဖြဖို႔ အေရွ႕အလယ္ပိုင္းေဒသကို သြားေရာက္မွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕က ၎တို႔ဖမ္းဆီးထားတဲ့ ဓါးစာခံေတြအားလုံးကို ျပန္လႊတ္ေပးရမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက အႀကိမ္ႀကိမ္ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထားတဲ့ ဓါးစာခံေတြထဲမွာ အေမရိကန္ႏိုင္ငံသားေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးဆိုင္ရာ သေဘာတူညီခ်က္ရဲ႕ က်န္ရွိေနတဲ့ အဆင့္ေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အေမရိကန္အစိုးရရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.