BTS အဖွဲ့ဝင်ဂျောင်ကွတ်က Spotify တွင် ဖော်လိုဝါ (၁၇)သန်းကျော်ကို အလျင်မြန်ဆုံးရရှိခဲ့သော ပထမဆုံးအာရှအနုပညာရှင်ဖြစ်လာ

118

Pika (NP News) - မတ် ၄
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆို တော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျောင် ကွတ်သည် Spotify ပလက်ဖောင်းတွင် ဖော်လိုဝါ (၁၇) သန်းကျော်သွားသည့် အလျင်မြန်ဆုံး အာရှအနုပညာရှင်ဖြစ်လာခဲ့ပြီး နောက်ထပ်သမိုင်းဝင် မှတ် တိုင်သစ်တစ်ခုကို ရရှိခဲ့ကြောင်းသိရသည်။
(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော ဂျောင်ကွတ်၏ ကိုယ်ရေးကိုယ် တာအကောင့် သည် လျင်မြန်စွာဖြင့် ဖော်လိုဝါ (၁၇)သန်းကျော်အထိ ရရှိခဲ့ပြီးနောက် ဂီတနယ်ပယ်တွင် ၎င်း၏ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုများကို ထပ်မံ သက်သေပြနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဂျောင်ကွတ်၏ Spotify အကောင့်သည် အာရှ အနုပညာရှင်များ အားလုံးထဲတွင် ဖော်လိုဝါ (၁၇) သန်းကျော်ကို အလျင်မြန်ဆုံးရရှိခဲ့သည့် အကောင့်တစ်ခုဖြစ်ကြောင်း Oneily Vibe က ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် ဂျောင်ကွတ်သည် လစဉ်နားထောင်သူ သန်း (၄၀) ကျော်ဖြင့် စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ပြီး K-pop တစ်ကိုယ်တော်အနုပညာရှင်များ အားလုံးထဲတွင် အမြင့်ဆုံးကိန်းဂဏန်းတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ တစ်ကိုယ် တော် အယ်လ်ဘမ်တစ်ခုတည်းသာ ထွက်ရှိထားသော်လည်း ဂျောင်ကွတ်သည် ထုတ်လွှင့်မှုပလက်ဖောင်းများအားလုံး တွင် စုစုပေါင်းထုတ်လွှင့်မှု (၈ ဒသမ ၂) ဘီလျံအထိ ရရှိခဲ့ပြီး အဆိုပါအောင်မြင်မှုကိုရရှိခဲ့သည့်ပထမဆုံး K-pop တစ်ကိုယ်တော် အနုပညာရှင်နှင့် အမြန်ဆုံး အာရှအနုပညာရှင်ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ဂျောင်ကွတ်သည် ၎င်း၏တစ်ကိုယ် တော်သီချင်းဖြစ်သည့် Seven ဖြင့် ထုတ်လွှင့်မှု (၂ ဒသမ ၂) ဘီလျံ ကျော်လွန်ခဲ့သော ပထမဆုံးနှင့် အမြန်ဆုံး အာရှအနုပညာရှင်ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ဂျောင်ကွတ်သည် ထုတ်လွှင့်မှု (၁) ဘီလျံ ကျော်သွားခဲ့သော သီချင်း (၃) ပုဒ်ရှိသည့် ပထမဆုံး အာရှတစ်ကိုယ်တော် အနုပညာရှင်ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
zawgyi version
BTS အဖြဲ႕ဝင္ေဂ်ာင္ကြတ္က Spotify တြင္ ေဖာ္လိုဝါ (၁၇)သန္းေက်ာ္ကို အလ်င္ျမန္ဆုံးရရွိခဲ့ေသာ ပထမဆုံးအာရွအႏုပညာရွင္ျဖစ္လာ
Pika (NP News) - မတ္ ၄
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆို ေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ေဂ်ာင္ ကြတ္သည္ Spotify ပလက္ေဖာင္းတြင္ ေဖာ္လိုဝါ (၁၇) သန္းေက်ာ္သြားသည့္ အလ်င္ျမန္ဆုံး အာရွအႏုပညာရွင္ျဖစ္လာခဲ့ၿပီး ေနာက္ထပ္သမိုင္းဝင္ မွတ္ တိုင္သစ္တစ္ခုကို ရရွိခဲ့ေၾကာင္းသိရသည္။
(၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၁) ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ေသာ ေဂ်ာင္ကြတ္၏ ကိုယ္ေရးကိုယ္ တာအေကာင့္ သည္ လ်င္ျမန္စြာျဖင့္ ေဖာ္လိုဝါ (၁၇)သန္းေက်ာ္အထိ ရရွိခဲ့ၿပီးေနာက္ ဂီတနယ္ပယ္တြင္ ၎၏ကမာၻလုံးဆိုင္ရာ လႊမ္းမိုးမႈမ်ားကို ထပ္မံ သက္ေသျပႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ေဂ်ာင္ကြတ္၏ Spotify အေကာင့္သည္ အာရွ အႏုပညာရွင္မ်ား အားလုံးထဲတြင္ ေဖာ္လိုဝါ (၁၇) သန္းေက်ာ္ကို အလ်င္ျမန္ဆုံးရရွိခဲ့သည့္ အေကာင့္တစ္ခုျဖစ္ေၾကာင္း Oneily Vibe က ထုတ္ျပန္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ေဂ်ာင္ကြတ္သည္ လစဥ္နားေထာင္သူ သန္း (၄၀) ေက်ာ္ျဖင့္ စံခ်ိန္သစ္တစ္ခုကိုတင္ႏိုင္ခဲ့ၿပီး K-pop တစ္ကိုယ္ေတာ္အႏုပညာရွင္မ်ား အားလုံးထဲတြင္ အျမင့္ဆုံးကိန္းဂဏန္းတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ တစ္ကိုယ္ ေတာ္ အယ္လ္ဘမ္တစ္ခုတည္းသာ ထြက္ရွိထားေသာ္လည္း ေဂ်ာင္ကြတ္သည္ ထုတ္လႊင့္မႈပလက္ေဖာင္းမ်ားအားလုံး တြင္ စုစုေပါင္းထုတ္လႊင့္မႈ (၈ ဒသမ ၂) ဘီလ်ံအထိ ရရွိခဲ့ၿပီး အဆိုပါေအာင္ျမင္မႈကိုရရွိခဲ့သည့္ပထမဆုံး K-pop တစ္ကိုယ္ေတာ္ အႏုပညာရွင္ႏွင့္ အျမန္ဆုံး အာရွအႏုပညာရွင္ျဖစ္လာခဲ့ေၾကာင္းလည္း သိရ သည္။
ထို႔ျပင္ ေဂ်ာင္ကြတ္သည္ ၎၏တစ္ကိုယ္ ေတာ္သီခ်င္းျဖစ္သည့္ Seven ျဖင့္ ထုတ္လႊင့္မႈ (၂ ဒသမ ၂) ဘီလ်ံ ေက်ာ္လြန္ခဲ့ေသာ ပထမဆုံးႏွင့္ အျမန္ဆုံး အာရွအႏုပညာရွင္ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ ေဂ်ာင္ကြတ္သည္ ထုတ္လႊင့္မႈ (၁) ဘီလ်ံ ေက်ာ္သြားခဲ့ေသာ သီခ်င္း (၃) ပုဒ္ရွိသည့္ ပထမဆုံး အာရွတစ္ကိုယ္ေတာ္ အႏုပညာရွင္ျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။