ကျောင်းသား၊ကျောင်းသူ(၆၀)ဦးကို စာမေးပွဲဖြေဆိုရန်လုပ်ဆောင်ပေးနေသူ ကျောင်းဆရာတစ်ဦးကို PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှု စစ်ကိုင်းတွင်ဖြစ်ပွား

 1309

သန့်ဇင်(NP News)-မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ(၆၀)ဦးကို စာမေးပွဲဖြေဆိုရန်လုပ်ဆောင်ပေးနေသူ ကျောင်းဆရာတစ်ဦး ကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၆ရက်၊ ညနေ ၅နာရီအချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရှေးဟောင်းဒေသ၊ တလိုင်းဆင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ အထက(မင်းကွန်း) မှ ဒုတိယ အလယ်တန်းပြ ဆရာ ဦးမျိုးဝင်း သည် G-5 နှင့် G-9 စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူ ကျောင်းသား (၆၀) ဦးကို မင်းကွန်းရွာမှ ပယ်ငါးဆယ်ရွာ အထက(ခွဲ) ကျောင်းသို့ စာမေးပွဲကာလ မတ် (၃) ရက်မှ စတင်၍ နေ့စဉ် ပို့ဆောင်ဖြေဆိုမှုအား ပြုလုပ်ပေးနေသည့် ကျောင်းဆရာတစ်ဦးဖြစ်ကြောင်းသိသည်။

ထိုသို့ ပို့ဆောင်ပေးခြင်းနှင့် ကျောင်းသူ/သား များပညာသင်ကြားခြင်း၊ စာမေးပွဲဖြေဆိုခြင်းတို့ကို အလိုမကျသော PDF အဖွဲ့ကအထက်ပါကျေးရွာရှိ ဆရာဦးမျိုးဝင်း၏နေအိမ်သို့ ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ကျောင်းဆရာဦးမျိုးဝင်းတွင် ဝမ်းဗိုက်၊တင်ပါးနှင့် ခြေထောက် တို့တွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းဆရာပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ကျောင်းသူ/သား (၆၀) ဦး သည် မတ်(၇) ရက်နေ့မှစ၍ စာမေးပွဲဖြေဆိုဝံ့ခြင်းမရှိတော့ပဲ ရှောင်တိမ်းနေကြရကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

သို့သော်လက်ရှိတွင် အဆိုပါကျောင်းသူ၊ကျောင်းသာများ စာမေပွဲဖြေဆိုနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် ပညာရေးမှူးရုံးတို့က စီစဉ်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် အမှတ် (၂) အလက(ခွဲ) ဝက်လက်ကျောင်းအား PDF အဖွဲ့ Droneဖြင့် ဗုံးချတိုက်ခိုက်ခဲ့သောကြောင့် နှစ်ထပ် ကျောင်းဆောင် တစ်လုံး ပျက်စီး ခဲ့ရဖူးသည်။

Zawgyi Version:
ေက်ာင္းသား၊ေက်ာင္းသူ(၆၀)ဦးကို စာေမးပြဲေျဖဆိုရန္လုပ္ေဆာင္ေပးေနသူ ေက်ာင္းဆရာတစ္ဦးကို PDF အဖြဲ႕က ပစ္ခတ္သတ္ျဖတ္မႈ စစ္ကိုင္းတြင္ျဖစ္ပြား

သန႔္ဇင္(NP News)-မတ္ ၈

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္တြင္ ေက်ာင္းသား၊ေက်ာင္းသူ(၆၀)ဦးကို စာေမးပြဲေျဖဆိုရန္လုပ္ေဆာင္ေပးေနသူ ေက်ာင္းဆရာတစ္ဦး ကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၆ရက္၊ ညေန ၅နာရီအခ်ိန္ခန႔္က စစ္ကိုင္းၿမိဳ႕နယ္၊ မင္းကြန္းေရွးေဟာင္းေဒသ၊ တလိုင္းဆင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာ အထက(မင္းကြန္း) မွ ဒုတိယ အလယ္တန္းျပ ဆရာ ဦးမ်ိဳးဝင္း သည္ G-5 ႏွင့္ G-9 စာေမးပြဲ ေျဖဆိုမည့္ ေက်ာင္းသူ ေက်ာင္းသား (၆၀) ဦးကို မင္းကြန္း႐ြာမွ ပယ္ငါးဆယ္႐ြာ အထက(ခြဲ) ေက်ာင္းသို႔ စာေမးပြဲကာလ မတ္ (၃) ရက္မွ စတင္၍ ေန႔စဥ္ ပို႔ေဆာင္ေျဖဆိုမႈအား ျပဳလုပ္ေပးေနသည့္ ေက်ာင္းဆရာတစ္ဦးျဖစ္ေၾကာင္းသိသည္။

ထိုသို႔ ပို႔ေဆာင္ေပးျခင္းႏွင့္ ေက်ာင္းသူ/သား မ်ားပညာသင္ၾကားျခင္း၊ စာေမးပြဲေျဖဆိုျခင္းတို႔ကို အလိုမက်ေသာ PDF အဖြဲ႕ကအထက္ပါေက်း႐ြာရွိ ဆရာဦးမ်ိဳးဝင္း၏ေနအိမ္သို႔ ေရာက္ရွိလာကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ေက်ာင္းဆရာဦးမ်ိဳးဝင္းတြင္ ဝမ္းဗိုက္၊တင္ပါးႏွင့္ ေျခေထာက္ တို႔တြင္က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံး သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေက်ာင္းဆရာပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ေက်ာင္းသူ/သား (၆၀) ဦး သည္ မတ္(၇) ရက္ေန႔မွစ၍ စာေမးပြဲေျဖဆိုဝံ့ျခင္းမရွိေတာ့ပဲ ေရွာင္တိမ္းေနၾကရေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

သို႔ေသာ္လက္ရွိတြင္ အဆိုပါေက်ာင္းသူ၊ေက်ာင္းသာမ်ား စာေမပြဲေျဖဆိုႏိုင္ရန္ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရႏွင့္ ပညာေရးမႉး႐ုံးတို႔က စီစဥ္ေပးထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ကလည္း ေ႐ႊဘိုခ႐ိုင္ ၊ဝက္လက္ၿမိဳ႕နယ္ အမွတ္ (၂) အလက(ခြဲ) ဝက္လက္ေက်ာင္းအား PDF အဖြဲ႕ Droneျဖင့္ ဗုံးခ်တိုက္ခိုက္ခဲ့ေသာေၾကာင့္ ႏွစ္ထပ္ ေက်ာင္းေဆာင္ တစ္လုံး ပ်က္စီး ခဲ့ရဖူးသည္။

Related news

© 2021. All rights reserved.