အမေရိကန်က နေတိုးအဖွဲ့ကနေ နှုတ်ထွက်သင့်ကြောင်းပြောဆိုခဲ့တဲ့ သမ္မတအကြီးတန်းအကြံပေးရဲ့စကားကို အီလွန်မတ် ထောက်ခံ

463
Pika (NP News) - မတ် ၁ဝ
အမေရိကန်နိုင်ငံဟာ နေတိုးအဖွဲ့ကနေ နှုတ်ထွက်သင့်တယ်လို့ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်က ပြောဆိုခဲ့ပြီး ဥရောပရဲ့ကာကွယ်ရေးအတွက် အမေရိကန်နိုင်ငံသားတွေက ပေးဆောင်မှုတွေ လုပ်ဆောင်နေရတာက အဓိပ္ပါယ် မရှိဘူးလို့ ပြောခဲ့ပါတယ်။
အမေရိကန်ဟာ နေတိုးအဖွဲ့ကနေ ချက်ချင်းနှုတ်ထွက်သင့်တယ်လို့ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့အကြီးတန်းအကြံပေးတစ်ဦးရဲ့ပြောဆိုချက်တွေကို အီလွန်မတ်ကလည်း ထောက်ခံခဲ့ခြင်းဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ နေတိုးအဖွဲ့ကနေ နှုတ်ထွက်သင့်ပါတယ်” လို့ အီလွန်မတ်က ပြောခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ နေတိုးအဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့တို့ကနေ နှုတ်ထွက်သင့်တယ်လို့ပြောဆိုခဲ့တဲ့ အမေရိကန် အကြီးတန်းအကြံပေးတစ်ဦးရဲ့အကြံပြုချက်တွေကို ၎င်းက သဘောတူကြောင်း မတ်လ(၃)ရက်မှာ အီလွန်မတ်က X (တွစ်တာ)မှာ ရေးသားဖော်ပြခဲ့ပါတယ်။
လာမယ့် ဧပြီလမှာ တည်ထောင်မှု (၇၆)နှစ်ပြည့်မယ့် နေတိုးအဖွဲ့ရဲ့အနာဂတ်ဟာ ဟန်ချက် မညီမှုတွေရှိနေတဲ့ အချိန်မှာ အီလွန်မတ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Zawgyi Version:
အေမရိကန္က ေနတိုးအဖြဲ႕ကေန ႏႈတ္ထြက္သင့္ေၾကာင္းေျပာဆိုခဲ့တဲ့ သမၼတအႀကီးတန္းအႀကံေပးရဲ႕စကားကို အီလြန္မတ္ ေထာက္ခံ
Pika (NP News) - မတ္ ၁ဝ
အေမရိကန္ႏိုင္ငံဟာ ေနတိုးအဖြဲ႕ကေန ႏႈတ္ထြက္သင့္တယ္လို႔ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္က ေျပာဆိုခဲ့ၿပီး ဥေရာပရဲ႕ကာကြယ္ေရးအတြက္ အေမရိကန္ႏိုင္ငံသားေတြက ေပးေဆာင္မႈေတြ လုပ္ေဆာင္ေနရတာက အဓိပၸါယ္ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ဟာ ေနတိုးအဖြဲ႕ကေန ခ်က္ခ်င္းႏႈတ္ထြက္သင့္တယ္လို႔ေျပာဆိုခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ရဲ႕အႀကီးတန္းအႀကံေပးတစ္ဦးရဲ႕ေျပာဆိုခ်က္ေတြကို အီလြန္မတ္ကလည္း ေထာက္ခံခဲ့ျခင္းျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ဟာ ေနတိုးအဖြဲ႕ကေန ႏႈတ္ထြက္သင့္ပါတယ္” လို႔ အီလြန္မတ္က ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ ေနတိုးအဖြဲ႕နဲ႔ ကုလသမဂၢအဖြဲ႕တို႔ကေန ႏႈတ္ထြက္သင့္တယ္လို႔ေျပာဆိုခဲ့တဲ့ အေမရိကန္ အႀကီးတန္းအႀကံေပးတစ္ဦးရဲ႕အႀကံျပဳခ်က္ေတြကို ၎က သေဘာတူေၾကာင္း မတ္လ(၃)ရက္မွာ အီလြန္မတ္က X (တြစ္တာ)မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
လာမယ့္ ဧၿပီလမွာ တည္ေထာင္မႈ (၇၆)ႏွစ္ျပည့္မယ့္ ေနတိုးအဖြဲ႕ရဲ႕အနာဂတ္ဟာ ဟန္ခ်က္ မညီမႈေတြရွိေနတဲ့ အခ်ိန္မွာ အီလြန္မတ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။