ICC က ဖမ်းဝရမ်းထုတ်ခံရမယ်ဆိုရင် အဖမ်းခံမယ်လို့ ဖိလစ်ပိုင်သမ္မတဟောင်းပြော

844

ဂျန်ဇက် (NP News) - မတ် ၁ဝ
နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ ဖမ်းဝရမ်းထုတ်ခဲ့မယ်ဆိုရင် အဖမ်းခံမယ်လို့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါးစစ်ပွဲ ဆင်နွှဲခဲ့ရာ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုခံနေရသူဖြစ်ပါတယ်။
ဖိလစ်ပိုင်န်ုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူတွေကို ဖြိုခွင်းချိန်အတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ICC ဟာ ဒူတာတေးကို လူပေါင်းထောင်ချီသေဆုံးတဲ့ မူးယစ်စစ်ပွဲနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်သမ္မတရုံးက ဒူတာတေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့က တရားဝင်ဆက်သွယ် အကြောင်းကြားမှုမျိုးမရသေးကြောင်း အကြောင်းကြားမှုရမယ်ဆိုရင် လွဲပြောင်းပေးမယ်လို့ ပြောပါတယ်။
ဒူတာတေးက " ICC ဟာ ကျွန်တော်ကို ဖမ်းဆီးဖို့ဝရမ်းထုတ်ခဲ့မယ်ဆိုရင် လက်ခံမှာပါ။ အဖမ်းခံမယ်" လို့ ပြောပါတယ်။ ဒူတာတေး နဲ့ သမီးဖြစ်တဲ့ ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး တို့ဟာ လက်ရှိအချိန်မှာ ဟောင်ကောင်ဒေသကိုရောက်နေပြီး ဖမ်းဆီးမှုနဲ့ ဥပဒေကို ရှောင်လွဲဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ဝေဖန်နေပါတယ်။
ဒူတာတေးက ICC ကို စိုးရိမ်ကြောက့်နေမှာ မဟုတ်ဘဲ စုံစမ်းစစ်ဆေးမှုကို အလျင်အမြန်လုပ်ဆောင်စေလိုတယ်လို့ ပြောပါတယ်။

Zawgyi Version:
ICC က ဖမ္းဝရမ္းထုတ္ခံရမယ္ဆိုရင္ အဖမ္းခံမယ္လို႔ ဖိလစ္ပိုင္သမၼတေဟာင္းေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁ဝ
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC ဟာ ဖမ္းဝရမ္းထုတ္ခဲ့မယ္ဆိုရင္ အဖမ္းခံမယ္လို႔ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဒူတာေတးဟာ ဖိလစ္ပိုင္သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း မူးယစ္ေဆးဝါးစစ္ပြဲ ဆင္ႏႊဲခဲ့ရာ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခံေနရသူျဖစ္ပါတယ္။
ဖိလစ္ပိုင္ႏ္ုင္ငံမွာ မူးယစ္ေဆးဝါးသုံးစြဲေရာင္းဝယ္သူေတြကို ၿဖိဳခြင္းခ်ိန္အတြင္း လူေပါင္းေထာင္ခ်ီ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ICC ဟာ ဒူတာေတးကို လူေပါင္းေထာင္ခ်ီေသဆုံးတဲ့ မူးယစ္စစ္ပြဲနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။ ဖိလစ္ပိုင္သမၼတ႐ုံးက ဒူတာေတးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာရဲတပ္ဖြဲ႕က တရားဝင္ဆက္သြယ္ အေၾကာင္းၾကားမႈမ်ိဳးမရေသးေၾကာင္း အေၾကာင္းၾကားမႈရမယ္ဆိုရင္ လြဲေျပာင္းေပးမယ္လို႔ ေျပာပါတယ္။
ဒူတာေတးက " ICC ဟာ ကြၽန္ေတာ္ကို ဖမ္းဆီးဖို႔ဝရမ္းထုတ္ခဲ့မယ္ဆိုရင္ လက္ခံမွာပါ။ အဖမ္းခံမယ္" လို႔ ေျပာပါတယ္။ ဒူတာေတး နဲ႔ သမီးျဖစ္တဲ့ ဖိလစ္ပိုင္ဒုတိယသမၼတ ဆာရာဒူတာေတး တို႔ဟာ လက္ရွိအခ်ိန္မွာ ေဟာင္ေကာင္ေဒသကိုေရာက္ေနၿပီး ဖမ္းဆီးမႈနဲ႔ ဥပေဒကို ေရွာင္လြဲဖို႔ ႀကိဳးပမ္းတာျဖစ္တယ္လို႔ ေဝဖန္ေနပါတယ္။
ဒူတာေတးက ICC ကို စိုးရိမ္ေၾကာက့္ေနမွာ မဟုတ္ဘဲ စုံစမ္းစစ္ေဆးမႈကို အလ်င္အျမန္လုပ္ေဆာင္ေစလိုတယ္လို႔ ေျပာပါတယ္။