အညာတွင် PDF အဖွဲ့ များကို နှိမ်နင်းပြီးပါက ဓားပြအဖွဲ့ကြီးများ ထပ်မံပေါ်ပေါက်လာမည်ဟု ဟောကိန်းထုတ်

7361

Pearl (NP News) - မတ် ၁၁
အညာဒေသတွင် PDF အဖွဲ့များကို တိုက်ခိုက်နှိမ်နင်းပြီးပါက ဓားပြအဖွဲ့ကြီးများ ထပ်မံပေါ်ပေါက်လာမည် ဖြစ်ကြောင်း စစ်ရေး သုံးသပ်သူတစ်ဦးက NP News မှတစ်ဆင့် ဟောကိန်းထုတ်ပြောကြားလိုက်သည်။
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလနောက် ပိုင်းမှစတင်ပေါ်ပေါက်လာသော PDF အဖွဲ့များသည် ၎င်းတို့အဖွဲ့အစည်းကို မထောက်ခံသည့် ပြည်သူများကို ဒလန်ဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ လက်နက်ပြခြိမ်းခြောက်ခြင်းနှင့် ဆက်ကြေးတောင်းခံခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရသည်။
အညာဒေသမှ အချို့ PDF အဖွဲ့များသည် လက်နက်အားကိုးဖြင့် လူသတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း စသည်ဖြင့် ပြစ်မှုများကို ကျူးလွန်လာကြောင်း ၎င်းတို့ကို ထောက် ခံသော မီဒီယာများ၏သတင်းများအတွင်း တစ်စ တစ်စတွေ့မြင်လာရသည်။
“အခု PDF တွေလက်ထဲမှာ လက် နက်ရောက်သွားပြီ။ ရွာသားတွေလက်ထဲမှာ လက်နက်တွေရောက်သွားပြီ” ဟု အထက်ပါစစ် ရေးသုံးသပ်သူက ဆိုသည်။
အဆိုပါ အခြေအနေများမှ (၂၀၂၀)ပြည့်နှစ်၊ ရွေးကောက်ပွဲမတိုင်မီကာလသို့ပြန် လည် ရောက်ရှိရန်အတွက် အနည်းဆုံး နှစ်ပေါင်း (၁၅)နှစ်ခန့် ကြာမြင့်နိုင်ကြောင်းလည်း ၎င်းက ခန့်မှန်းထားသည်။
“ဒီလက်နက်တွေနဲ့က လုံးဝ (၂၀၂၀) ရွေးကောက်ပွဲမတိုင်ခင်ကလို ဖြစ်ဖို့အတွက် အနှစ်(၂၀)လောက် အချိန်ယူ ရမှာ။ PDF တွေ နောက်ဆုံးမျိုးတုံးခဲ့ရင်တောင်မှ ဓားပြကြီးတွေ ပြန်လာလိမ့်မယ်။ အုပ်စုကြီးတဲ့ ဓားပြကြီးတွေ ပြန်လာလိမ့်မယ်။ ဓားပြကြီးတွေကနေ တစ်ဆင့်တစ်ဆင့်နဲ့ ဖြေရှင်းဖို့က (၁၅)နှစ်၊ အနှစ်(၂၀)ကတော့ကြာမှာပဲ။ ပြည်မ ကိုကျတော့ လက်နက်ကင်းစင်ဖို့အတွက်က အဲဒီလောက် တော့အချိန်ယူရလိမ့်မယ်”ဟု ၎င်းက ဆက် လက်ပြောသည်။
အထက်ပါဟောကိန်းမျိုး RCSS /SSA ဥက္ကဋ္ဌ ဦးယွက်ဆစ်က လွန်ခဲ့သော (၃)နှစ်ခန့်ကလည်း အင်တာဗျူးတစ်ခု တွင်ပြော ကြားထားဖူးသည်။ “PDF တွေက အခုတော့ ပြဿနာ မဟုတ်သေးဘူး။ နောင်ခါကျရင်တော့ ပြဿနာအိုးကြီး ဖြစ်လာလိမ့်မယ်။ NUG က ထိန်းလို့ရမယ်ထင်သလား။ သူတို့ထိန်းနိုင်မှာ မဟုတ်ဘူး။ လက်နက်တွေ လက်ဝယ်ရသွား ပြီး ဘာမှမလုပ်ဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေ ဖြစ်ကုန်လိမ့်မယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့အနေဖြင့် ပြီးခဲ့သည့် ကာလများက ရှမ်းပြည်နယ် လားရှိုးမြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ရှိ ဟိုတယ်အချို့ နှင့် လုပ်ငန်းအချို့ကို ဆက်ကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ပြီး ဆက်ကြေးမပေးဆောင်ပါက ဗုံးခွဲတိုက်ခိုက်သည့်ဖြစ်စဉ်များကိုလည်း ပြုလုပ်ခဲ့ကြဖူးသည်။

Zawgyi Version:
အညာတြင္ PDF အဖြဲ႕ မ်ားကို ႏွိမ္နင္းၿပီးပါက ဓားျပအဖြဲ႕ႀကီးမ်ား ထပ္မံေပၚေပါက္လာမည္ဟု ေဟာကိန္းထုတ္
Pearl (NP News) - မတ္ ၁၁
အညာေဒသတြင္ PDF အဖြဲ႕မ်ားကို တိုက္ခိုက္ႏွိမ္နင္းၿပီးပါက ဓားျပအဖြဲ႕ႀကီးမ်ား ထပ္မံေပၚေပါက္လာမည္ ျဖစ္ေၾကာင္း စစ္ေရး သုံးသပ္သူတစ္ဦးက NP News မွတစ္ဆင့္ ေဟာကိန္းထုတ္ေျပာၾကားလိုက္သည္။
(၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ ပိုင္းမွစတင္ေပၚေပါက္လာေသာ PDF အဖြဲ႕မ်ားသည္ ၎တို႔အဖြဲ႕အစည္းကို မေထာက္ခံသည့္ ျပည္သူမ်ားကို ဒလန္ဟုစြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္ျခင္း၊ လက္နက္ျပၿခိမ္းေျခာက္ျခင္းႏွင့္ ဆက္ေၾကးေတာင္းခံျခင္း စသည့္ အၾကမ္းဖက္လုပ္ငန္းမ်ား လုပ္ေဆာင္လာခဲ့သည္ကို ေတြ႕ရသည္။
အညာေဒသမွ အခ်ိဳ႕ PDF အဖြဲ႕မ်ားသည္ လက္နက္အားကိုးျဖင့္ လူသတ္ျခင္း၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ျခင္း စသည္ျဖင့္ ျပစ္မႈမ်ားကို က်ဴးလြန္လာေၾကာင္း ၎တို႔ကို ေထာက္ ခံေသာ မီဒီယာမ်ား၏သတင္းမ်ားအတြင္း တစ္စ တစ္စေတြ႕ျမင္လာရသည္။
“အခု PDF ေတြလက္ထဲမွာ လက္ နက္ေရာက္သြားၿပီ။ ႐ြာသားေတြလက္ထဲမွာ လက္နက္ေတြေရာက္သြားၿပီ” ဟု အထက္ပါစစ္ ေရးသုံးသပ္သူက ဆိုသည္။
အဆိုပါ အေျခအေနမ်ားမွ (၂၀၂၀)ျပည့္ႏွစ္၊ ေ႐ြးေကာက္ပြဲမတိုင္မီကာလသို႔ျပန္ လည္ ေရာက္ရွိရန္အတြက္ အနည္းဆုံး ႏွစ္ေပါင္း (၁၅)ႏွစ္ခန႔္ ၾကာျမင့္ႏိုင္ေၾကာင္းလည္း ၎က ခန႔္မွန္းထားသည္။
“ဒီလက္နက္ေတြနဲ႔က လုံးဝ (၂၀၂၀) ေ႐ြးေကာက္ပြဲမတိုင္ခင္ကလို ျဖစ္ဖို႔အတြက္ အႏွစ္(၂၀)ေလာက္ အခ်ိန္ယူ ရမွာ။ PDF ေတြ ေနာက္ဆုံးမ်ိဳးတုံးခဲ့ရင္ေတာင္မွ ဓားျပႀကီးေတြ ျပန္လာလိမ့္မယ္။ အုပ္စုႀကီးတဲ့ ဓားျပႀကီးေတြ ျပန္လာလိမ့္မယ္။ ဓားျပႀကီးေတြကေန တစ္ဆင့္တစ္ဆင့္နဲ႔ ေျဖရွင္းဖို႔က (၁၅)ႏွစ္၊ အႏွစ္(၂၀)ကေတာ့ၾကာမွာပဲ။ ျပည္မ ကိုက်ေတာ့ လက္နက္ကင္းစင္ဖို႔အတြက္က အဲဒီေလာက္ ေတာ့အခ်ိန္ယူရလိမ့္မယ္”ဟု ၎က ဆက္ လက္ေျပာသည္။
အထက္ပါေဟာကိန္းမ်ိဳး RCSS /SSA ဥကၠ႒ ဦးယြက္ဆစ္က လြန္ခဲ့ေသာ (၃)ႏွစ္ခန႔္ကလည္း အင္တာဗ်ဴးတစ္ခု တြင္ေျပာ ၾကားထားဖူးသည္။ “PDF ေတြက အခုေတာ့ ျပႆနာ မဟုတ္ေသးဘူး။ ေနာင္ခါက်ရင္ေတာ့ ျပႆနာအိုးႀကီး ျဖစ္လာလိမ့္မယ္။ NUG က ထိန္းလို႔ရမယ္ထင္သလား။ သူတို႔ထိန္းႏိုင္မွာ မဟုတ္ဘူး။ လက္နက္ေတြ လက္ဝယ္ရသြား ၿပီး ဘာမွမလုပ္ျဖစ္ရင္ ေနာက္ဆုံးမွာ ဓားျပေတြ ျဖစ္ကုန္လိမ့္မယ္”ဟု ေျပာၾကားခဲ့ျခင္းျဖစ္သည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔အေနျဖင့္ ၿပီးခဲ့သည့္ ကာလမ်ားက ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕ႏွင့္ မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕တို႔ရွိ ဟိုတယ္အခ်ိဳ႕ ႏွင့္ လုပ္ငန္းအခ်ိဳ႕ကို ဆက္ေၾကးေတာင္းခံမႈမ်ား ျပဳလုပ္ခဲ့ၿပီး ဆက္ေၾကးမေပးေဆာင္ပါက ဗုံးခြဲတိုက္ခိုက္သည့္ျဖစ္စဥ္မ်ားကိုလည္း ျပဳလုပ္ခဲ့ၾကဖူးသည္။