AA ရန်ကို ကြောက်သော အမ်းမြို့နယ်မှ နေရပ်စွန့်ခွာသူ အများအပြား မကွေးတွင် သောင်တင်နေ

682

Pearl (NP News) - မတ် ၁၁
AA လက်နက်ကိုင်အဖွဲ့၏ ရန်ကို ကြောက်သောကြောင့် အမ်းမြို့နယ်မှနေရပ်စွန့်ခွာအများ အပြားသည် မကွေးတိုင်း တွင် သောင်တင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပြီးခဲ့ သည့် စက်တင်ဘာလမှ စတင်ကာ တပ်မတော်လုံခြုံ ရေးအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း AA အဖွဲ့ အနေဖြင့် ၎င်းတို့ဘက်မှ သေဆုံးသူများပြားခဲ့သဖြင့် အမ်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စိမ့်ဝင်ကာ ဒေသခံများကို စစ်သားစုဆောင်းသည့် သဘောဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် အမ်းဒေသခံအများအပြား သည် မကွေးတိုင်းအတွင်းရှိ မြို့နယ်များအပါအဝင် အခြားမြို့နယ်များသို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ ကြရသည်။ “အမ်းမှာ လူလည်း သိပ်မရှိလောက် တော့ဘူး။ စစ်ရှောင်တွေက ဒီမှာရောက် နေကြတာကိုး။ အမ်းမြို့ပေါ်ကတင် မဟုတ်ဘူး။ ဘေးက ရွာတွေက ပါရောက်ကြတာ။ တချို့က ရန်ကုန်သွားကြတဲ့ လူနဲ့ တချို့က မကွေးသွားတဲ့လူတွေနဲ့ပေါ့။ အမ်းကို ပြန်ဖို့ကျတော့ AA က ပေါ်တာဆွဲတာတို့၊ နောက်တစ်ခါ ပြန်ပေး ဆွဲတာ တို့ကြောင့် မပြန်ရဲကြဘူးလေ။ ပြန်တော့ ပြန်ချင်ကြတယ် ကိုယ့်အိမ်ကိုယ်တော့။ အဲဒီလို တွေ ဖြစ်နေတာ။ AA က တိုက်ပွဲကျတော့ လူကကုန်၊ လူကုန်တော့ မရှိရှိတာ ဆွဲနေတာ”ဟု ဒေသခံတစ်ဦး က NP News ကို ပြောသည်။
လက်ရှိတွင် မကွေးတိုင်းအတွင်းရှိ ပဒါန်း၊ မင်းဘူး၊ မင်းတုန်းစသည့် မြို့နယ်များအပါအဝင် အခြားမြို့နယ်များ တွင် စစ်ဘေးရှောင်နေခဲ့ရသော အမ်းဒေသခံများအနေဖြင့် ၎င်းတို့ဒေသများသို့ ပြန် လည်ဝင်ရောက်လိုသော်လည်း AA လက်နက်ကိုင် အဖွဲ့၏ စစ်သားသစ်စုဆောင်းခံရမည်ကို စိုးရိမ်နေကြောင်းသိရသည်။ “အမ်းဘက်ကို သွားတဲ့လာတဲ့ လူလည်းမရှိဘူး။ ခရီးသည်ကားတွေလည်း သွားကို မသွားတော့ဘူး။ အကြမ်းဖက်အဖွဲ့တွေကလည်း လမ်းမှာရှိနေတာ ကိုး။ ရခိုင်ရိုးမပေါ်မှာပဲ AA တို့ PDF တို့က ရှိနေတာပဲ။ အဲဒါကြောင့် လူတွေလည်း သွားကိုမသွားရဲတော့ဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ရခိုင်ပြည်နယ် အမ်း- ပဒါန်းသွားကားလမ်း၌ ခရီးသည် တင်မော်တော်ယာဉ်များကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစု ပေါင်း (၃၈)ဦးကို ဖမ်းဆီးခေါ် ဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
AA ရန္ကို ေၾကာက္ေသာ အမ္းၿမိဳ႕နယ္မွ ေနရပ္စြန႔္ခြာသူ အမ်ားအျပား မေကြးတြင္ ေသာင္တင္ေန
Pearl (NP News) - မတ္ ၁၁
AA လက္နက္ကိုင္အဖြဲ႕၏ ရန္ကို ေၾကာက္ေသာေၾကာင့္ အမ္းၿမိဳ႕နယ္မွေနရပ္စြန႔္ခြာအမ်ား အျပားသည္ မေကြးတိုင္း တြင္ ေသာင္တင္ေနေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္တြင္ ၿပီးခဲ့ သည့္ စက္တင္ဘာလမွ စတင္ကာ တပ္မေတာ္လုံၿခဳံ ေရးအဖြဲ႕ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔ၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး အဆိုပါတိုက္ပြဲမ်ားအတြင္း AA အဖြဲ႕ အေနျဖင့္ ၎တို႔ဘက္မွ ေသဆုံးသူမ်ားျပားခဲ့သျဖင့္ အမ္းၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားအတြင္းသို႔ စိမ့္ဝင္ကာ ေဒသခံမ်ားကို စစ္သားစုေဆာင္းသည့္ သေဘာျဖင့္ ေပၚတာဆြဲ ဖမ္းဆီးျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရ သည္။
ထို႔ေၾကာင့္ အမ္းေဒသခံအမ်ားအျပား သည္ မေကြးတိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားအပါအဝင္ အျခားၿမိဳ႕နယ္မ်ားသို႔ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ခဲ့ ၾကရသည္။ “အမ္းမွာ လူလည္း သိပ္မရွိေလာက္ ေတာ့ဘူး။ စစ္ေရွာင္ေတြက ဒီမွာေရာက္ ေနၾကတာကိုး။ အမ္းၿမိဳ႕ေပၚကတင္ မဟုတ္ဘူး။ ေဘးက ႐ြာေတြက ပါေရာက္ၾကတာ။ တခ်ိဳ႕က ရန္ကုန္သြားၾကတဲ့ လူနဲ႔ တခ်ိဳ႕က မေကြးသြားတဲ့လူေတြနဲ႔ေပါ့။ အမ္းကို ျပန္ဖို႔က်ေတာ့ AA က ေပၚတာဆြဲတာတို႔၊ ေနာက္တစ္ခါ ျပန္ေပး ဆြဲတာ တို႔ေၾကာင့္ မျပန္ရဲၾကဘူးေလ။ ျပန္ေတာ့ ျပန္ခ်င္ၾကတယ္ ကိုယ့္အိမ္ကိုယ္ေတာ့။ အဲဒီလို ေတြ ျဖစ္ေနတာ။ AA က တိုက္ပြဲက်ေတာ့ လူကကုန္၊ လူကုန္ေတာ့ မရွိရွိတာ ဆြဲေနတာ”ဟု ေဒသခံတစ္ဦး က NP News ကို ေျပာသည္။
လက္ရွိတြင္ မေကြးတိုင္းအတြင္းရွိ ပဒါန္း၊ မင္းဘူး၊ မင္းတုန္းစသည့္ ၿမိဳ႕နယ္မ်ားအပါအဝင္ အျခားၿမိဳ႕နယ္မ်ား တြင္ စစ္ေဘးေရွာင္ေနခဲ့ရေသာ အမ္းေဒသခံမ်ားအေနျဖင့္ ၎တို႔ေဒသမ်ားသို႔ ျပန္ လည္ဝင္ေရာက္လိုေသာ္လည္း AA လက္နက္ကိုင္ အဖြဲ႕၏ စစ္သားသစ္စုေဆာင္းခံရမည္ကို စိုးရိမ္ေနေၾကာင္းသိရသည္။ “အမ္းဘက္ကို သြားတဲ့လာတဲ့ လူလည္းမရွိဘူး။ ခရီးသည္ကားေတြလည္း သြားကို မသြားေတာ့ဘူး။ အၾကမ္းဖက္အဖြဲ႕ေတြကလည္း လမ္းမွာရွိေနတာ ကိုး။ ရခိုင္႐ိုးမေပၚမွာပဲ AA တို႔ PDF တို႔က ရွိေနတာပဲ။ အဲဒါေၾကာင့္ လူေတြလည္း သြားကိုမသြားရဲေတာ့ဘူး”ဟု ၎က ဆက္လက္ ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္းကလည္း ရခိုင္ျပည္နယ္ အမ္း- ပဒါန္းသြားကားလမ္း၌ ခရီးသည္ တင္ေမာ္ေတာ္ယာဥ္မ်ားကို AA အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး စုစု ေပါင္း (၃၈)ဦးကို ဖမ္းဆီးေခၚ ေဆာင္သြားသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။