အမေရိကန်က ယူကရိန်းအတွက် စစ်ရေးအကူအညီပေးပို့မှုတွေကို ပြန်လည်စတင်

1146

Pika (NP News) - မတ် ၁၂
ဆော်ဒီအာရေးဗျနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်ဟာ ယူကရိန်းအစိုးရနဲ့ ထောက်လှမ်းရေးအချက်အလက်ဆိုင်ရာမျှဝေမှုတွေကို ပြန်လည်လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ယူကရိန်းအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေပေးပို့မှုကို ပြန်လည်စတင်ဖို့လည်း သဘောတူညီခဲ့တယ်လို့ ယူကရိန်းအကြီးတန်းအရာရှိက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်ဖို့ အချိန်တန်ပြီဆိုတာကို နှစ်ဘက်စလုံးက သဘောတူညီခဲ့တယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ “ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်ရှိရှိ တိုးတက်မှုကို ဆောင်ရွက်နိုင်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အမေရိကန်လွှတ်တော်နဲ့အမေရိကန်ပြည်သူတွေကို ယူကရိန်းပြည်သူတွေက ကျေးဇူးတင်တယ်ဆိုတာကို ယူကရိန်းကိုယ်စားလှယ်အဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် ရက်(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်မယ့် အမေရိကန်အဆိုပြုချက်ကို လက်ခံဖို့အဆင်သင့်ရှိတယ်လို့ ယူကရိန်းအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးတော့ ရုရှားတို့နဲ့အပြန်အလှန်ဆက်သွယ်မှုဟာ ငြိမ်းချမ်းရေးရရှိဖို့ သော့ချက်တစ်ခုဖြစ်တာမလို့ အမေရိကန်ဟာ ရုရှားနဲ့ဆက်သွယ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္က ယူကရိန္းအတြက္ စစ္ေရးအကူအညီေပးပို႔မႈေတြကို ျပန္လည္စတင္
Pika (NP News) - မတ္ ၁၂
ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ အေမရိကန္ဟာ ယူကရိန္းအစိုးရနဲ႔ ေထာက္လွမ္းေရးအခ်က္အလက္ဆိုင္ရာမွ်ေဝမႈေတြကို ျပန္လည္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့တယ္လို႔ ယူကရိန္းအႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ဟာ ယူကရိန္းအတြက္ စစ္ေရးအကူအညီေတြေပးပို႔မႈကို ျပန္လည္စတင္ဖို႔လည္း သေဘာတူညီခဲ့တယ္လို႔ ယူကရိန္းအႀကီးတန္းအရာရွိက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ထာဝရၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို စတင္ဖို႔ အခ်ိန္တန္ၿပီဆိုတာကို ႏွစ္ဘက္စလုံးက သေဘာတူညီခဲ့တယ္လို႔လည္း ပူးတြဲထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။
ထုတ္ျပန္ခ်က္မွာ “ၿငိမ္းခ်မ္းေရးအတြက္ အဓိပၸာယ္ရွိရွိ တိုးတက္မႈကို ေဆာင္႐ြက္ႏိုင္ခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၊ အေမရိကန္လႊတ္ေတာ္နဲ႔အေမရိကန္ျပည္သူေတြကို ယူကရိန္းျပည္သူေတြက ေက်းဇူးတင္တယ္ဆိုတာကို ယူကရိန္းကိုယ္စားလွယ္အဖြဲ႕က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ ရက္(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္မယ့္ အေမရိကန္အဆိုျပဳခ်က္ကို လက္ခံဖို႔အဆင္သင့္ရွိတယ္လို႔ ယူကရိန္းအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ႐ုရွားတို႔နဲ႔အျပန္အလွန္ဆက္သြယ္မႈဟာ ၿငိမ္းခ်မ္းေရးရရွိဖို႔ ေသာ့ခ်က္တစ္ခုျဖစ္တာမလို႔ အေမရိကန္ဟာ ႐ုရွားနဲ႔ဆက္သြယ္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။