နိုင်ငံရေးပါတီများ၏ အခမ်းအနားများကို Orchid က အခမဲ့ အသုံးပြုခွင့်ပေးမည်

398

ချယ်ရီ (NP News)
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ် တထောင်ဘုရားရှိ Orchid ဟိုတယ်ကို နိုင်ငံရေးပါ တီများ၏ အခမ်းအနားများအတွက် အခမဲ့အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း ၎င်းဟိုတယ်ပိုင်ရှင် ဦးဌေးအောင်က NP News သတင်းဌာနသို့ မတ်လ(၁၄) ရက်တွင် ပြောသည်။
အထက်ပါ ဟိုတယ်နေရာကို အသုံးပြုခွင့် နှင့်ပတ်သက်၍ ဦးဌေးအောင်က 'နိုင်ငံတော်အကြီး အကဲရဲ့ ပါတီစုံရွေးကောက်ပွဲအောင်မြင်ရေးမှာ နိုင်ငံ သားတိုင်းပါဝင်ဖို့၊ တစ်မျိုးသားလုံးရဲ့ပါဝင်မှုကို ဖိတ် ခေါ်ခဲ့တဲ့အတွက် ကျွန်တော်တို့က ဦးဦးဖျားဖျားကိုပဲ ရှေ့ကို တာထွက်ခဲ့တာ ဖြစ်ပါတယ်။ ပါတီတွေဆိုတာ က မြောက်များစွာသော အခက်အခဲတွေနဲ့ဖြတ်သန်း နေကြရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်ဆောင် ပေးနိုင်တာက သေးသေးလေးဖြစ်ပေမယ့် သူတို့ရဲ့ စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်စေမယ်။ ပါတီတိုင်းဟာ သူ့တို့ရဲ့ရုံးခန်းရှိပြီးသားပါ။ သို့သော် ပါတီတစ်ခုထက် ပိုတဲ့တွေ့ဆုံမှုတွေကျရင် သူတို့ရုံးခန်းမှာ သုံးလို့အ ဆင်မပြေတော့ပါဘူး။ အားလုံးတစ်နေရာကို ရွေးရတဲ့အခါမှာ အဲဒီဟာမျိုးကို ဖြည့်ဆည်းပေးဖို့ ကျွန် တော်ရည်ရွယ်တာပါ။ ကြိုတင်ပြီးတော့ လာရောက်ငှားရမ်းတာတွေ ရှိပါတယ်။ အဲဒါကြောင့် လည်း ဒီအကြံပေါ်ခဲ့တာပါ။ ကျွန်တော်တို့ဒါလေးက ကိုယ်လည်း ဘာမှအိတ်ကစိုက်ရတာမဟုတ်ဘူး။ ပိတ်ထားတဲ့နေရာတစ်ခုကိုတော့ အသုံးတည့်ရင် တော့ဖြင့် ခရီးတော်တော်ပေါက်မှာပဲဆိုပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်'ဟု ပြောသည်။
ဆက်လက်၍ နိုင်ငံရေးပါတီများအနေဖြင့် Orchid ဟိုတယ်နေရာကို သုံးစွဲနိုင်မှုနှင့်ပတ်သက်၍ 'ဒီမှာ သင်တန်းတွေပေးလို့ရတယ်။ ညအိပ်ဖို့ပဲ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့မှာ အိပ်ခန်းတွေရှိ ပေမယ့် အားလုံးဟာ ပိတ်သိမ်းထားတာကြာတဲ့အတွက် အဆင်မပြေပါဘူး။ Day use ပေါ့နော်။ မနက် ကနေ ညမိုးချုပ်သည်အထိကို အစီအစဉ်မျိုးစုံပေါ့ နော်။ ပြည်သူနဲ့ထိတွေ့တာမျိုး၊ ပါတီတွင်းအစည်း ဝေးပွဲတွေ၊ နောက်တစ်ခါ သင်တန်းတွေရှိ လာနိုင်ပါ တယ်။ ဒီဟာတွေကို ကျွန်တော်တို့က နေရာထိုင်ခင်း တင်မကပါဘူး တတ်နိုင်တဲ့ပံ့ပိုးမှုတွေပေါ့။ အဓိက ကတော့ဖြင့် ကျွန်တော်တို့ နေရာထိုင်ခင်းစီစဉ်ပေး တာလောက်ကိုပဲ အသိပေးချင်ပါတယ်။ ကျန်တာက ဝန်ထုတ်ဝန်ပိုး ဖြစ်လာမှာစိုးလို့ပါ'ဟု ဦးဌေးအောင် က ပြောသည်။
ယခင်ရွေးကောက်ပွဲအကြိုကာလများတွင်ကလည်း ဦးဌေးအောင်၏ ဥမခ့ငိ ဟိုတယ်တွင် နိုင်ငံရေးပါတီ များ၏ အလံများထောင်ခြင်း၊ ဆိုင်းဘုတ်များချိတ် ခြင်းမျိုးရှိခဲ့ပြီး ယခုအခါတွင်လည်း ပါတီများ၏ ဗွီနိုင်းများထောင်ခြင်း၊ ကြော်ငြာဆိုင်းဘုတ်ထောင် ခြင်း နှင့် ပါတီအလံထောင်ခြင်းများကိုလည်း ဆက် လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။
'ကျွန်တော်တို့က ရပ်ကွက်လေးတစ်ခုရဲ့ ပရဝုဏ်ဖြစ်ပါတယ်။ သို့သော် တစ်နိုင်ငံလုံးကို လွှမ်း ခြုံနိုင်တဲ့ အခင်းအကျင်းမျိုး လုပ်သွားလို့ရပါတယ်။ လက်တွေ့ပါ။ (၂၀၂၀)ရွေးကောက်ပွဲတုန်းက ဒီနေ ရာမှာ တော်တော်များများလာပြီးတော့ သူတို့ရဲ့ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ပါတီတွေလာရောက်ပြီးတော့ ကိုယ့်ရဲ့ဗွီနိုင်းတွေ၊ အောင်နိုင်ရေးကိစ္စတွေကို ဆောင် ရွက်ရင်းနဲ့ အဲဒီလိုကြော်ငြာဆိုင်းဘုတ်ကပ်တာတွေ လည်း ကျွန်တော်တို့ခွင့်ပြုမှာပါ။ ပါတီအလံတွေရှိခဲ့ ရင်လည်းကြိုဆိုပြီးတော့ ဆောင်ရွက်ပေးမှာပါ။ ဒါမှ ပြည်သူတွေက ရွေးကောက်ပွဲခံစားမှုကို ခံစားရမှာပါ။ အဲဒီလိုမှမဟုတ်ရင် ဒီကနေ့ မဲပေးရင်ပဲ အသက်အန္တ ရာယ်ဖြစ်မှာလားလို့ တချို့ကတွေးနေကြပါပြီ။ ရွေးကောက်ပွဲကို ဖြစ်မှာလားဆိုတဲ့အတွေးကိုလည်း ချေဖျက်ချင်တာလည်းပါ ပါတယ်။ အဲဒီထက်ကျယ် ပြန့်ပါတယ်။ တသီးပုဂ္ဂလပြိုင်တဲ့သူရှိမယ်။ ပါတီက လေးတွေရှိမယ်။ ကျွန်တော်တို့ရဲ့ဖိတ်ကြားမှုက အား လုံးခြုံငုံပြီးသားပါခင်ဗျ။ တစ်ခြားဘာမှ မပံ့ပိုးနိုင်ဘူး။ ကိုယ့်အိမ်နေရာလေး ပံ့ပိုးတယ်ဆိုတာလည်းပဲ တော် တော်ခရီးတာသွားပါမယ်လို့ထင်ပါတယ်။ စာပေစာ နယ်ဇင်း၊ ဂီတအနုပညာအားလုံးပေါ့။ အများအကျိုး လုပ်နေတဲ့ မည်သူ့ကိုမဆို ကျွန်တော်တို့က ဖိတ်မံ တကပြုတာပါ။ နိုင်ငံရေးပါတီမှကွက်ပြီး လုပ်တာမျိုး မဟုတ်ပါဘူး။ အချိန်ကာလက ရွေးကောက်ပွဲအထိပါ။ ဒီနေရာကို တတ်နိုင်သလောက်ပြုပြင်ပြီးတော့ ပြည့် စုံအောင် လုပ်ပေးသွားဖို့ ကျွန် တော်ရည်ရွယ်ထားပါ တယ်ခင်ဗျ'ဟု ဦးဌေးအောင်က ၎င်း၏ ဟိုတယ်ကို အသုံးပြုနိုင်မှုနှင့်ပတ်သက်၍ ဆက်လက်ပြောသည်။
အထက်ပါ Orchid ဟိုတယ်ကို အသုံးပြု လိုသည့် နိုင်ငံရေးပါတီများအနေဖြင့် မိမိအသုံးပြုလို သောရက်နှင့်ပတ်သက်ပြီး အချိန်တစ်ပတ်ခန့် ကြို တင်အကြောင်းကြားစေလိုကြောင်း ဦးဌေးအောင်က ပြောသည်။

Zawgyi Version:
ႏိုင္ငံေရးပါတီမ်ား၏ အခမ္းအနားမ်ားကို Orchid က အခမဲ့ အသုံးျပဳခြင့္ေပးမည္
ခ်ယ္ရီ
ရန္ကုန္ၿမိဳ႕၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ဗိုလ္ တေထာင္ဘုရားရွိ Orchid ဟိုတယ္ကို ႏိုင္ငံေရးပါ တီမ်ား၏ အခမ္းအနားမ်ားအတြက္ အခမဲ့အသုံးျပဳခြင့္ ေပးသြားမည္ျဖစ္ေၾကာင္း ၎ဟိုတယ္ပိုင္ရွင္ ဦးေဌးေအာင္က NP News သတင္းဌာနသို႔ မတ္လ(၁၄) ရက္တြင္ ေျပာသည္။
အထက္ပါ ဟိုတယ္ေနရာကို အသုံးျပဳခြင့္ ႏွင့္ပတ္သက္၍ ဦးေဌးေအာင္က 'ႏိုင္ငံေတာ္အႀကီး အကဲရဲ႕ ပါတီစုံေ႐ြးေကာက္ပြဲေအာင္ျမင္ေရးမွာ ႏိုင္ငံ သားတိုင္းပါဝင္ဖို႔၊ တစ္မ်ိဳးသားလုံးရဲ႕ပါဝင္မႈကို ဖိတ္ ေခၚခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔က ဦးဦးဖ်ားဖ်ားကိုပဲ ေရွ႕ကို တာထြက္ခဲ့တာ ျဖစ္ပါတယ္။ ပါတီေတြဆိုတာ က ေျမာက္မ်ားစြာေသာ အခက္အခဲေတြနဲ႔ျဖတ္သန္း ေနၾကရပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ ေပးႏိုင္တာက ေသးေသးေလးျဖစ္ေပမယ့္ သူတို႔ရဲ႕ စိတ္ဓာတ္ခြန္အားတစ္ခုျဖစ္ေစမယ္။ ပါတီတိုင္းဟာ သူ႔တို႔ရဲ႕႐ုံးခန္းရွိၿပီးသားပါ။ သို႔ေသာ္ ပါတီတစ္ခုထက္ ပိုတဲ့ေတြ႕ဆုံမႈေတြက်ရင္ သူတို႔႐ုံးခန္းမွာ သုံးလို႔အ ဆင္မေျပေတာ့ပါဘူး။ အားလုံးတစ္ေနရာကို ေ႐ြးရတဲ့အခါမွာ အဲဒီဟာမ်ိဳးကို ျဖည့္ဆည္းေပးဖို႔ ကြၽန္ ေတာ္ရည္႐ြယ္တာပါ။ ႀကိဳတင္ၿပီးေတာ့ လာေရာက္ငွားရမ္းတာေတြ ရွိပါတယ္။ အဲဒါေၾကာင့္ လည္း ဒီအႀကံေပၚခဲ့တာပါ။ ကြၽန္ေတာ္တို႔ဒါေလးက ကိုယ္လည္း ဘာမွအိတ္ကစိုက္ရတာမဟုတ္ဘူး။ ပိတ္ထားတဲ့ေနရာတစ္ခုကိုေတာ့ အသုံးတည့္ရင္ ေတာ့ျဖင့္ ခရီးေတာ္ေတာ္ေပါက္မွာပဲဆိုၿပီးေတာ့ ေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္'ဟု ေျပာသည္။
ဆက္လက္၍ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ Orchid ဟိုတယ္ေနရာကို သုံးစြဲႏိုင္မႈႏွင့္ပတ္သက္၍ 'ဒီမွာ သင္တန္းေတြေပးလို႔ရတယ္။ ညအိပ္ဖို႔ပဲ အခက္အခဲရွိပါတယ္။ ကြၽန္ေတာ္တို႔မွာ အိပ္ခန္းေတြရွိ ေပမယ့္ အားလုံးဟာ ပိတ္သိမ္းထားတာၾကာတဲ့အတြက္ အဆင္မေျပပါဘူး။ Day use ေပါ့ေနာ္။ မနက္ ကေန ညမိုးခ်ဳပ္သည္အထိကို အစီအစဥ္မ်ိဳးစုံေပါ့ ေနာ္။ ျပည္သူနဲ႔ထိေတြ႕တာမ်ိဳး၊ ပါတီတြင္းအစည္း ေဝးပြဲေတြ၊ ေနာက္တစ္ခါ သင္တန္းေတြရွိ လာႏိုင္ပါ တယ္။ ဒီဟာေတြကို ကြၽန္ေတာ္တို႔က ေနရာထိုင္ခင္း တင္မကပါဘူး တတ္ႏိုင္တဲ့ပံ့ပိုးမႈေတြေပါ့။ အဓိက ကေတာ့ျဖင့္ ကြၽန္ေတာ္တို႔ ေနရာထိုင္ခင္းစီစဥ္ေပး တာေလာက္ကိုပဲ အသိေပးခ်င္ပါတယ္။ က်န္တာက ဝန္ထုတ္ဝန္ပိုး ျဖစ္လာမွာစိုးလို႔ပါ'ဟု ဦးေဌးေအာင္ က ေျပာသည္။
ယခင္ေ႐ြးေကာက္ပြဲအႀကိဳကာလမ်ားတြင္ကလည္း ဦးေဌးေအာင္၏ ဥမခ့ငိ ဟိုတယ္တြင္ ႏိုင္ငံေရးပါတီ မ်ား၏ အလံမ်ားေထာင္ျခင္း၊ ဆိုင္းဘုတ္မ်ားခ်ိတ္ ျခင္းမ်ိဳးရွိခဲ့ၿပီး ယခုအခါတြင္လည္း ပါတီမ်ား၏ ဗြီႏိုင္းမ်ားေထာင္ျခင္း၊ ေၾကာ္ျငာဆိုင္းဘုတ္ေထာင္ ျခင္း ႏွင့္ ပါတီအလံေထာင္ျခင္းမ်ားကိုလည္း ဆက္ လက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ဦးေဌးေအာင္က ေျပာသည္။
'ကြၽန္ေတာ္တို႔က ရပ္ကြက္ေလးတစ္ခုရဲ႕ ပရဝုဏ္ျဖစ္ပါတယ္။ သို႔ေသာ္ တစ္ႏိုင္ငံလုံးကို လႊမ္း ၿခဳံႏိုင္တဲ့ အခင္းအက်င္းမ်ိဳး လုပ္သြားလို႔ရပါတယ္။ လက္ေတြ႕ပါ။ (၂၀၂၀)ေ႐ြးေကာက္ပြဲတုန္းက ဒီေန ရာမွာ ေတာ္ေတာ္မ်ားမ်ားလာၿပီးေတာ့ သူတို႔ရဲ႕ပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ပါတီေတြလာေရာက္ၿပီးေတာ့ ကိုယ့္ရဲ႕ဗြီႏိုင္းေတြ၊ ေအာင္ႏိုင္ေရးကိစၥေတြကို ေဆာင္ ႐ြက္ရင္းနဲ႔ အဲဒီလိုေၾကာ္ျငာဆိုင္းဘုတ္ကပ္တာေတြ လည္း ကြၽန္ေတာ္တို႔ခြင့္ျပဳမွာပါ။ ပါတီအလံေတြရွိခဲ့ ရင္လည္းႀကိဳဆိုၿပီးေတာ့ ေဆာင္႐ြက္ေပးမွာပါ။ ဒါမွ ျပည္သူေတြက ေ႐ြးေကာက္ပြဲခံစားမႈကို ခံစားရမွာပါ။ အဲဒီလိုမွမဟုတ္ရင္ ဒီကေန႔ မဲေပးရင္ပဲ အသက္အႏၲ ရာယ္ျဖစ္မွာလားလို႔ တခ်ိဳ႕ကေတြးေနၾကပါၿပီ။ ေ႐ြးေကာက္ပြဲကို ျဖစ္မွာလားဆိုတဲ့အေတြးကိုလည္း ေခ်ဖ်က္ခ်င္တာလည္းပါ ပါတယ္။ အဲဒီထက္က်ယ္ ျပန႔္ပါတယ္။ တသီးပုဂၢလၿပိဳင္တဲ့သူရွိမယ္။ ပါတီက ေလးေတြရွိမယ္။ ကြၽန္ေတာ္တို႔ရဲ႕ဖိတ္ၾကားမႈက အား လုံးၿခဳံငုံၿပီးသားပါခင္ဗ်။ တစ္ျခားဘာမွ မပံ့ပိုးႏိုင္ဘူး။ ကိုယ့္အိမ္ေနရာေလး ပံ့ပိုးတယ္ဆိုတာလည္းပဲ ေတာ္ ေတာ္ခရီးတာသြားပါမယ္လို႔ထင္ပါတယ္။ စာေပစာ နယ္ဇင္း၊ ဂီတအႏုပညာအားလုံးေပါ့။ အမ်ားအက်ိဳး လုပ္ေနတဲ့ မည္သူ႔ကိုမဆို ကြၽန္ေတာ္တို႔က ဖိတ္မံ တကျပဳတာပါ။ ႏိုင္ငံေရးပါတီမွကြက္ၿပီး လုပ္တာမ်ိဳး မဟုတ္ပါဘူး။ အခ်ိန္ကာလက ေ႐ြးေကာက္ပြဲအထိပါ။ ဒီေနရာကို တတ္ႏိုင္သေလာက္ျပဳျပင္ၿပီးေတာ့ ျပည့္ စုံေအာင္ လုပ္ေပးသြားဖို႔ ကြၽန္ ေတာ္ရည္႐ြယ္ထားပါ တယ္ခင္ဗ်'ဟု ဦးေဌးေအာင္က ၎၏ ဟိုတယ္ကို အသုံးျပဳႏိုင္မႈႏွင့္ပတ္သက္၍ ဆက္လက္ေျပာသည္။
အထက္ပါ Orchid ဟိုတယ္ကို အသုံးျပဳ လိုသည့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မိမိအသုံးျပဳလို ေသာရက္ႏွင့္ပတ္သက္ၿပီး အခ်ိန္တစ္ပတ္ခန႔္ ႀကိဳ တင္အေၾကာင္းၾကားေစလိုေၾကာင္း ဦးေဌးေအာင္က ေျပာသည္။