ကျွန်းအနီးမှာ တရုတ်တိုက်လေယာဉ်တွေနဲ့ သင်္ဘောတွေကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ တရုတ်(တိုင်ပေ)အစိုးရပြော

 436

Pika
တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ တရုတ်တိုက်လေယာဉ်(၅၉)စီးကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၁၈)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အဲ့ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလနောက်ပိုင်း တရုတ်တိုက်လေယာဉ်တွေ ခြေရာခံတွေ့ရှိမှုမှာ အမြင့်ဆုံးအရေအတွက်တစ်ခုဖြစ်တယ်လို့ တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်မယ်ဆိုရင် အင်အားသုံးဖြေရှင်းသွားမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းအပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေကို တရုတ်(တိုင်ပေ)အစိုးရက ငြင်းဆန်ပယ်ချထားပြီး တရုတ်(တိုင်ပေ)ကျွန်းပြည်သူတွေကသာ ၎င်းတို့ရဲ့ အနာဂါတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောကြားထားတာလည်းဖြစ်ပါတယ်။တရုတ်တိုက်လေယာဉ်(၅၉)စင်းနဲ့အတူ တရုတ်သင်္ဘော(၉)စီးနဲ့ မိုးပျံပူဖောင်းနှစ်လုံးတို့ကို ပြီးခဲ့တဲ့(၂၄)နာရီအတွင်း ခြေရာခံတွေ့ရှိခဲ့တာဖြစ်တယ်လို့ တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ကြၽန္းအနီးမွာ တ႐ုတ္တိုက္ေလယာဥ္ေတြနဲ႔ သေဘၤာေတြကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ တ႐ုတ္(တိုင္ေပ)အစိုးရေျပာ
Pika
တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ တ႐ုတ္တိုက္ေလယာဥ္(၅၉)စီးကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔ တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက မတ္လ(၁၈)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အဲ့ဒီအေရအတြက္ဟာ ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလေနာက္ပိုင္း တ႐ုတ္တိုက္ေလယာဥ္ေတြ ေျခရာခံေတြ႕ရွိမႈမွာ အျမင့္ဆုံးအေရအတြက္တစ္ခုျဖစ္တယ္လို႔ တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္မယ္ဆိုရင္ အင္အားသုံးေျဖရွင္းသြားမယ္လို႔ အႀကိမ္ႀကိမ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းအေပၚ စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္လည္း တ႐ုတ္အစိုးရရဲ႕ ေျပာဆိုခ်က္ေတြကို တ႐ုတ္(တိုင္ေပ)အစိုးရက ျငင္းဆန္ပယ္ခ်ထားၿပီး တ႐ုတ္(တိုင္ေပ)ကြၽန္းျပည္သူေတြကသာ ၎တို႔ရဲ႕ အနာဂါတ္ကို ဆုံးျဖတ္ႏိုင္တယ္လို႔ ေျပာၾကားထားတာလည္းျဖစ္ပါတယ္။တ႐ုတ္တိုက္ေလယာဥ္(၅၉)စင္းနဲ႔အတူ တ႐ုတ္သေဘၤာ(၉)စီးနဲ႔ မိုးပ်ံပူေဖာင္းႏွစ္လုံးတို႔ကို ၿပီးခဲ့တဲ့(၂၄)နာရီအတြင္း ေျခရာခံေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.