အင်ဒိုနီးရှားနိုင်ငံတွင် စစ်သားများကိုအရပ်ဘက်လုပ်ငန်းများတွင် ပိုမိုပါဝင်ခွင့်ပေးမည့်ဥပဒေမူကြမ်းခွင့်ပြုပြီး နောက်အငြင်းပွားမှုများဖြစ်ပေါ်

 562

ဂျန်ဇက် (NP News) - မတ် ၂၁

အင်ဒိုနီးရှားလွှတ်တော်သည် မတ်လ ၂ဝ ရက်က စစ်သားများကို အရပ်ဖက်ဆိုင်ရာဝန်ကြီးဌာနများတွင် ပိုမိုပါဝင် ပတ်သက်ခွင့်ပြုမည့် ဥပဒေမူကြမ်းကို အတည်ပြုခွင့်ပြုလိုက်ရာ အငြင်းပွားမှုအရှိန်မြင့်တက်လာနေကြောင်း သိရသည်။
အဆိုပါ စစ်ဥပဒေမူကြမ်းကိုခွင့်ပြုပေးလိုက်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ အစိုးရအရပ်ဘက် လုပ်ငန်းများတွင် အင်ဒိုနီးရှားစစ်သားများ ပိုမိုပါဝင်ပတ်သက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ စစ်သားများကို အရပ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုပါဝင်ခွင့်ပြုမည့်ပေးမှုဥပဒေမူကြမ်းကြောင့် အာဏာအလွဲသုံးစားမှုများ၊ လူအခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဖြစ်လာမည်ဟု လူအခွင့်အရေးအဖွဲ့အစည်းများက ဝေဖန်ပြစ်တင်ထားသည်။ အင်ဒိုနီးရှား အစိုးရက အင်ဒိုနီးရှားစစ်သားများသည် အရပ်ဖက်ဆိုင်ရာလုပ်ငန်းများ၏ တာဝန်များကို လွှဲပြောင်းမယူခင် စစ်တပ် မှ နုတ်ထွက်ရမည်ဖြစ်ကြောင်း ပြောသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ ဆူဘီယမ်တို သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း အင်ဒိုနီးရှားစစ်သားများကို အစိုးရအဖွဲ့အတွင်း ပါဝင်ပတ်သက်လာစေရန် ကြိုးပမ်းလာခဲ့ကြောင်း ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ကျောင်းသားများက စစ်သားများကိုအရပ်ဘက်ဆိုင်ရာ လုပ်ငန်းများသို့ ပြောင်းလဲတာဝန်ယူခွင့်ပေးမည့် စစ်ဥပဒေမူကြမ်းခွင့်ပြုခဲ့ခြင်းကို ဆန္ဒပြမည်ဖြစ်ကြောင်း ပြောသည်။ ကျောင်းသားအချို့သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် လွှတ်တော်အဆောက်အဦးရှေ့တွင် သပိတ်စခန်းများ ဖွင့်လှစ်ခဲ့ပြီး အရပ်ဘက်ဆိုင်ရာလုပ်ငန်းတာဝန်များတွင် စစ်သားများ ပါဝင်ဆက်နွယ်ခြင်းကို ပြန်လည်ပယ်ဖျက်ရန် တောင်းဆိုဆန္ဒပြမည်ဖြစ်ကြောင်း ပြောသည်။
အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက "ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ကမ္ဘာလုံးဆိုင်ရာစစ်ရေးနည်းပညာ တွေက သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ ပဋိပက္ခတွေကို ရင်ဆိုင်ဖို့ စစ်တပ်ကို အသွင်ပြောင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာကို ထိန်းသိမ်းရာမှာ အင်ဒိုနီးရှားနိုင်ငံသားတွေကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံတြင္ စစ္သားမ်ားကိုအရပ္ဘက္လုပ္ငန္းမ်ားတြင္ ပိုမိုပါဝင္ခြင့္ေပးမည့္ဥပေဒမူၾကမ္းခြင့္ျပဳၿပီး ေနာက္အျငင္းပြားမႈမ်ားျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - မတ္ ၂၁

အင္ဒိုနီးရွားလႊတ္ေတာ္သည္ မတ္လ ၂ဝ ရက္က စစ္သားမ်ားကို အရပ္ဖက္ဆိုင္ရာဝန္ႀကီးဌာနမ်ားတြင္ ပိုမိုပါဝင္ ပတ္သက္ခြင့္ျပဳမည့္ ဥပေဒမူၾကမ္းကို အတည္ျပဳခြင့္ျပဳလိုက္ရာ အျငင္းပြားမႈအရွိန္ျမင့္တက္လာေနေၾကာင္း သိရသည္။
အဆိုပါ စစ္ဥပေဒမူၾကမ္းကိုခြင့္ျပဳေပးလိုက္သည့္အတြက္ အင္ဒိုနီးရွားႏိုင္ငံ၏ အစိုးရအရပ္ဘက္ လုပ္ငန္းမ်ားတြင္ အင္ဒိုနီးရွားစစ္သားမ်ား ပိုမိုပါဝင္ပတ္သက္ခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။ စစ္သားမ်ားကို အရပ္ဘက္ဆိုင္ရာ လုပ္ငန္းမ်ားတြင္ ပိုမိုပါဝင္ခြင့္ျပဳမည့္ေပးမႈဥပေဒမူၾကမ္းေၾကာင့္ အာဏာအလြဲသုံးစားမႈမ်ား၊ လူအခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ပိုမိုျဖစ္လာမည္ဟု လူအခြင့္အေရးအဖြဲ႕အစည္းမ်ားက ေဝဖန္ျပစ္တင္ထားသည္။ အင္ဒိုနီးရွား အစိုးရက အင္ဒိုနီးရွားစစ္သားမ်ားသည္ အရပ္ဖက္ဆိုင္ရာလုပ္ငန္းမ်ား၏ တာဝန္မ်ားကို လႊဲေျပာင္းမယူခင္ စစ္တပ္ မွ ႏုတ္ထြက္ရမည္ျဖစ္ေၾကာင္း ေျပာသည္။
အင္ဒိုနီးရွားႏိုင္ငံတြင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝီ ဆူဘီယမ္တို သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ပိုင္း အင္ဒိုနီးရွားစစ္သားမ်ားကို အစိုးရအဖြဲ႕အတြင္း ပါဝင္ပတ္သက္လာေစရန္ ႀကိဳးပမ္းလာခဲ့ေၾကာင္း ေဝဖန္မႈမ်ား ျမင့္တက္ခဲ့သည္။ ဒီမိုကေရစီအေရးလႈပ္ရွားသူမ်ား၊ ေက်ာင္းသားမ်ားက စစ္သားမ်ားကိုအရပ္ဘက္ဆိုင္ရာ လုပ္ငန္းမ်ားသို႔ ေျပာင္းလဲတာဝန္ယူခြင့္ေပးမည့္ စစ္ဥပေဒမူၾကမ္းခြင့္ျပဳခဲ့ျခင္းကို ဆႏၵျပမည္ျဖစ္ေၾကာင္း ေျပာသည္။ ေက်ာင္းသားအခ်ိဳ႕သည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ လႊတ္ေတာ္အေဆာက္အဦးေရွ႕တြင္ သပိတ္စခန္းမ်ား ဖြင့္လွစ္ခဲ့ၿပီး အရပ္ဘက္ဆိုင္ရာလုပ္ငန္းတာဝန္မ်ားတြင္ စစ္သားမ်ား ပါဝင္ဆက္ႏြယ္ျခင္းကို ျပန္လည္ပယ္ဖ်က္ရန္ ေတာင္းဆိုဆႏၵျပမည္ျဖစ္ေၾကာင္း ေျပာသည္။
အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးက "ပထဝီဝင္ႏိုင္ငံေရး အေျပာင္းအလဲေတြနဲ႔ ကမာၻလုံးဆိုင္ရာစစ္ေရးနည္းပညာ ေတြက သမား႐ိုးက်နဲ႔ သမား႐ိုးက်မဟုတ္တဲ့ ပဋိပကၡေတြကို ရင္ဆိုင္ဖို႔ စစ္တပ္ကို အသြင္ေျပာင္းဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အခ်ဳပ္အျခာအာဏာကို ထိန္းသိမ္းရာမွာ အင္ဒိုနီးရွားႏိုင္ငံသားေတြကို ဘယ္ေတာ့မွ စိတ္ပ်က္ေစမွာ မဟုတ္ပါဘူး” ဟု ေျပာသည္။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.