စင်ကာပူနိုင်ငံ၊ People's Park Complex စားသောက်ဆိုင်မှာ ဓားနဲ့ထိုး တိုက်ခိုက်မှုပြုခဲ့တဲ့ အမျိုးသမီး ဖမ်းဆီးခံရ

774
ရောင်နီ (NP News) - မတ် ၂၁
စင်ကာပူနိုင်ငံမှာ မတ်လ ၁၉ ရက်က တရုတ်တန်း၊ People's Park Complex ရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ လူ ၃ ဦး ဓားထိုးတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူအဖြစ် သံသယရှိသူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြောကြားချက်အရ ညနေ ၈ နာရီ ၅ဝ မိနစ် နာရီခန့်အချိန်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၄၁ နှစ်နဲ့ ၃၀ နှစ်ကြားရှိ အမျိုးသားနှစ်ဦးကို စင်္ကာပူအထွေထွေရောဂါကုဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ရပြီး အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
တရုတ် ဘာသာစကားနေ့စဉ် သတင်းစာ Lianhe Zaobao ရဲ့အဆိုအရ ဒဏ်ရာရသူ ၂ ဦးဟာ အခင်းဖြစ်ပွားရာနေရာရှိ ဈေးဆိုင်မှာ အလုပ်လုပ်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဘယ်လိုဘာကြောင့် တိုက်ခိုက်မှုဖြစ်ပွားရတယ်ဆိုတာ မသိရသေးပေမယ့် အဆိုပါအမျိုးသမီးကို အန္တရာယ်ရှိတဲ့ လက်နက်နဲ့ စိတ်ဆန္ဒအလျောက် နာကျင်စေမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

Zawgyi Version:
စင္ကာပူႏိုင္ငံ၊ People's Park Complex စားေသာက္ဆိုင္မွာ ဓားနဲ႔ထိုး တိုက္ခိုက္မႈျပဳခဲ့တဲ့ အမ်ိဳးသမီး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - မတ္ ၂၁
စင္ကာပူႏိုင္ငံမွာ မတ္လ ၁၉ ရက္က တ႐ုတ္တန္း၊ People's Park Complex ရွိ စားေသာက္ဆိုင္ တစ္ဆိုင္မွာ လူ ၃ ဦး ဓားထိုးတိုက္ခိုက္ခံရမႈျဖစ္ပြားခဲ့ၿပီး တိုက္ခိုက္သူအျဖစ္ သံသယရွိသူ အသက္ ၃၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ဖမ္းဆီးခဲ့ပါတယ္။
ရဲတပ္ဖြဲ႕နဲ႔ စကၤာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ေျပာၾကားခ်က္အရ ညေန ၈ နာရီ ၅ဝ မိနစ္ နာရီခန႔္အခ်ိန္မွာ တိုက္ခိုက္မႈျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ အသက္ ၄၁ ႏွစ္နဲ႔ ၃၀ ႏွစ္ၾကားရွိ အမ်ိဳးသားႏွစ္ဦးကို စကၤာပူအေထြေထြေရာဂါကုေဆး႐ုံႀကီးဆီ ပို႔ေဆာင္ခဲ့ရၿပီး အသက္ ၄၂ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကေတာ့ ဒဏ္ရာအနည္းငယ္ရရွိခဲ့ပါတယ္။
တ႐ုတ္ ဘာသာစကားေန႔စဥ္ သတင္းစာ Lianhe Zaobao ရဲ႕အဆိုအရ ဒဏ္ရာရသူ ၂ ဦးဟာ အခင္းျဖစ္ပြားရာေနရာရွိ ေဈးဆိုင္မွာ အလုပ္လုပ္ေနၾကသူေတြျဖစ္တယ္လို႔ သိရပါတယ္။
ဘယ္လိုဘာေၾကာင့္ တိုက္ခိုက္မႈျဖစ္ပြားရတယ္ဆိုတာ မသိရေသးေပမယ့္ အဆိုပါအမ်ိဳးသမီးကို အႏၲရာယ္ရွိတဲ့ လက္နက္နဲ႔ စိတ္ဆႏၵအေလ်ာက္ နာက်င္ေစမႈနဲ႔ ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။ လက္ရွိ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္လ်က္ရွိပါတယ္။